လားရိႈး - ေက်ာက္မဲခရီးသည္တင္ ယာဥ္တစ္စီး စဥ့္အင္ေက်းရြာအနီး မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္ပြား

လားရိႈး - ေက်ာက္မဲခရီးသည္တင္ ယာဥ္တစ္စီး စဥ့္အင္ေက်းရြာအနီး မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္ပြား
စက်တင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ စက္တင္ဘာလ(၂၀)ရက္ေန႔တြင္ ထြက္ခြာလာသည့္ ခရီးသည္တင္ကားတစ္စီး စဥ့္အင္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ တုိက္မိသျဖင့္ ခရီးသည္မ်ားအား အျခားကားျဖင့္ ခရီးဆက္လက္သြားႏိုင္ရန္ စီစဥ္ေပးထားေၾကာင္း သိရသည္။

“မြန္းလြဲ(၃)နာရီ ဝန္းက်င္ေလာက္ျဖစ္မယ္ထင္တယ္။ လားရိႈးကေန ေက်ာက္မဲကို ျပန္လာတဲ့အခ်ိန္ စဥ့္အင္ေက်းရြာနဲ႔ ကုန္းမံုေက်းရြာၾကားထဲမွာ မေတာ္တဆျဖစ္တာပါ။ ခရီးသည္ေတြနဲ႔ ယာဥ္ေမာင္း၊ စပယ္ယာလည္း ဘာမွမျဖစ္ပါဘူး။ ကားကေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္။ ခရီးသည္ အေရအတြက္ကေတာ့ ပံုမွန္ပါပဲ။ ဒါေပမဲ့ အားလံုးဘာမွမထိခိုက္မိတာ ကံေကာင္းပါတယ္။ အဲဒီကားေပၚက ခရီးသည္ေတြကို မူဆယ္-ေက်ာက္မဲ ကားနဲ႔ တခါတည္း တင္လာေပးေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ ေပၚလြင္ကားဂိတ္မွ ဂိတ္တာဝန္ခံအမ်ိဳးသမီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လားရိႈး-ေက်ာက္မဲ ေျပးဆြဲေနသည့္ ေပၚလြင္ခရီးသည္တင္ယာဥ္လိုင္းမွ ေမာ္ေတာ္ယာဥ္နွစ္စီး ယခုလအတြင္း ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ မေတာ္တဆမႈ(၂)ႀကိမ္ ျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရရိွသူ မရိွေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု - ကိုမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ကျောက်မဲမြို့သို့ စက်တင်ဘာလ(၂၀)ရက်နေ့တွင် ထွက်ခွာလာသည့် ခရီးသည်တင်ကားတစ်စီး စဉ့်အင်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ခရီးသည်များအား အခြားကားဖြင့် ခရီးဆက်လက်သွားနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

“မွန်းလွဲ(၃)နာရီ ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်။ လားရှိုးကနေ ကျောက်မဲကို ပြန်လာတဲ့အချိန် စဉ့်အင်ကျေးရွာနဲ့ ကုန်းမုံကျေးရွာကြားထဲမှာ မတော်တဆဖြစ်တာပါ။ ခရီးသည်တွေနဲ့ ယာဉ်မောင်း၊ စပယ်ယာလည်း ဘာမှမဖြစ်ပါဘူး။ ကားကတော့ တော်တော်ပျက်စီးသွားတယ်။ ခရီးသည် အရေအတွက်ကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ အားလုံးဘာမှမထိခိုက်မိတာ ကံကောင်းပါတယ်။ အဲဒီကားပေါ်က ခရီးသည်တွေကို မူဆယ်-ကျောက်မဲ ကားနဲ့ တခါတည်း တင်လာပေးနေပါတယ်” ဟု ကျောက်မဲမြို့ ပေါ်လွင်ကားဂိတ်မှ ဂိတ်တာဝန်ခံအမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လားရှိုး-ကျောက်မဲ ပြေးဆွဲနေသည့် ပေါ်လွင်ခရီးသည်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်နှစ်စီး ယခုလအတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ မတော်တဆမှု(၂)ကြိမ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ - ကိုမျိုး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~