လားရိႈး မန္မိုင္ရြာႏွင့္ မန္ဆူေစ်းႀကီးအတြင္းမွ ဘိန္းျဖဴ၊ ဘိန္းဆီခဲႏွင့္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

လားရိႈး မန္မိုင္ရြာႏွင့္ မန္ဆူေစ်းႀကီးအတြင္းမွ ဘိန္းျဖဴ၊ ဘိန္းဆီခဲႏွင့္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 21, 2017
By Tachileik News Agency

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ မန္မိုင္ေက်းရြာရွိ ေနအိမ္တစ္လံုးႏွင့္ လားရိႈးၿမိဳ႕ မန္ဆူေစ်းႀကီးအတြင္း အမ်ိဳးသမီးႏွစ္ဦးထံမွ ဘိန္းျဖဴ၊ ဘိန္းဆီခဲႏွင့္ စိတ္ၾကြေဆးျပားမ်ားကို စက္တင္ဘာလ (၂၀)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ အမွတ္(၄)နယ္ေျမ၊ မန္မိုင္ေက်းရြာေနမွ အိုက္ေဆး၏ေနအိမ္အား စက္တင္ဘာလ (၂၀) ရက္ေန႔ ေန႔လယ္(၁၂)နာရီခြဲအခ်ိန္တြင္ မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴ ၀ ဒသမ ၀၁၃ ကီလို၊ ဘိန္းဆီခဲ ၀ ဒသမ ၂ ကီလို ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၉၃၀) ျပား တို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းတပ္ဖြဲ႕သည္ ယင္းေန႔ ေန႔လယ္(၁)နာရီအခ်ိန္တြင္ လားရိႈးၿမိဳ႕ အမွတ္(၈)ရပ္ကြက္၊ အမွတ္(၅)နယ္ေျမ၊ မန္ဆူေစ်းႀကီးအတြင္း၌ ေဒၚစန္းႏွင့္ မေအးတို႔ႏွစ္ဦးအားရွာေဖြရာ ၎တို႔ယူေဆာင္လာသည့္ ဖက္ေခါင္းအုံးႏွင့္ ေခါင္းအုံးႏွစ္လုံးအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၆၀၀၀) ျပားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အုိက္ေဆး(ခ)ေဆလူး၊ ေဒၚစန္းႏွင့္ မေအးတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။ 


~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်မိုင်ကျေးရွာရှိ နေအိမ်တစ်လုံးနှင့် လားရှိုးမြို့ မန်ဆူဈေးကြီးအတွင်း အမျိုးသမီးနှစ်ဦးထံမှ ဘိန်းဖြူ၊ ဘိန်းဆီခဲနှင့် စိတ်ကြွဆေးပြားများကို စက်တင်ဘာလ (၂၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄)နယ်မြေ၊ မန်မိုင်ကျေးရွာနေမှ အိုက်ဆေး၏နေအိမ်အား စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လယ်(၁၂)နာရီခွဲအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ဝ၁၃ ကီလို၊ ဘိန်းဆီခဲ ဝ ဒသမ ၂ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၄၉၃၀) ပြား တို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့သည် ယင်းနေ့ နေ့လယ်(၁)နာရီအချိန်တွင် လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၅)နယ်မြေ၊ မန်ဆူဈေးကြီးအတွင်း၌ ဒေါ်စန်းနှင့် မအေးတို့နှစ်ဦးအားရှာဖွေရာ၎င်းတို့ယူဆောင်လာသည့် ဖက်ခေါင်းအုံးနှင့် ခေါင်းအုံးနှစ်လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၆၀၀၀) ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဆေး(ခ)ဆေလူး၊ ဒေါ်စန်းနှင့် မအေးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~