သီေပါၿမိဳ႕နယ္ ကံုးမံုရြာအနီး ကၽြန္းစိုက္ခင္းတြင္ သစ္ခုတ္ေနသည့္ အမ်ိဳးသား (၆)ဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

သီေပါၿမိဳ႕နယ္ ကံုးမံုရြာအနီး ကၽြန္းစိုက္ခင္းတြင္ သစ္ခုတ္ေနသည့္ အမ်ိဳးသား (၆)ဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
စက်တင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ကံုးမုံေက်းရြာအနီး မႏၱေလး - လားရိႈးကားလမ္းေဘး ကၽြန္းစိုက္ခင္းအတြင္း သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႕ျဖင့္ စက္တင္ဘာလ (၂၁)ရက္က စီးနင္းရွာေဖြရာ သစ္ခုတ္ေနသည့့္္ အမ်ိဳးသား (၆)ဦးအား မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္ ကံုးမုံေက်းရြာအနီး မႏၱေလး - လားရိႈးကားလမ္းေဘး ကၽြန္းစိုက္ခင္းအတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္၊ သံုးစြဲမႈမ်ားရိွေနေၾကာင္း သတင္းအရ သီေပါၿမိဳ႕နယ္အတြင္းရိွ နယ္ေျမခံတပ္နယ္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မ်ား၊ သက္ဆုိင္ရာ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ နံနက္ (၉)နာရီခန္႔တြင္ ေတာနင္းရွာေဖြရာ အမ်ိဳးသား (၆)ဦးအား မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီမွာ အမ်ိဳးသား(၆)ဦးကို မူးယစ္ေဆးဝါး အနည္းငယ္စီ၊ ခုတ္လက္စသစ္ အနည္းငယ္နဲ႔ သစ္ခုတ္ရဲဒင္း အခ်ိဳ႕နဲ႔ ဖမ္းဆီး ရမိတာျဖစ္ပါတယ္။ ဖမ္းမိတာေတြလည္းရွိသလို ထြက္ေျပးသြားတာလည္း ရွိခ်င္ရွိမွာပါ။ ေလာေလာဆယ္ေတာ့ သီေပါ ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူဖို႔ ေဆာင္ရြက္ေနပါတယ္။ သစ္ပင္ခုတ္လက္စ ေတြလည္း ပါတယ္ဆိုေတာ့ သစ္ေတာဌာနကလည္း အေရးယူဖို႔ လုပ္ေနတယ္လို႔ သိရပါတယ္” ဟု သီေပါၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အမ်ိဳးသား (၆)ဦးႏွင့္အတူ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ စိတ္ၾကြရူးသြပ္ေဆးျပား (၄၆)ျပား၊ ဘိန္းျဖဴ (၀.၃၄)ဂရမ္၊ ဆုိင္ကယ္(၅)စီးႏွင့္ ရဲဒင္း (၄)လက္အား ရွာေဖြေတြ႔ရိွရၿပီး ၎တို႔မွာ စိတ္ၾကြေဆးျပား (၆၀)ႏွင့္ ဘိန္းျဖဴအခ်ိဳ႕အား ဝယ္ယူလာၿပီး သံုးစြဲေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရသိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ေတြ႕ရိွရသည့္ စံမတ္၊ တားရွင္း၊ စိုင္းပန္၊ ေရႊသဲ၊ ကုလားႏွင့္ စိုင္းလံုတို႔အား သီေပါၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၅/၁၇၊ မူး/စိတ္ ၁၅/၁၆(၈)/၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #YMA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကုံးမုံကျေးရွာအနီး မန္တလေး - လားရှိုးကားလမ်းဘေး ကျွန်းစိုက်ခင်းအတွင်း သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ (၂၁)ရက်က စီးနင်းရှာဖွေရာ သစ်ခုတ်နေသည့် အမျိုးသား (၆)ဦးအား မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သီပေါမြို့နယ် ကုံးမုံကျေးရွာအနီး မန္တလေး - လားရှိုးကားလမ်းဘေး ကျွန်းစိုက်ခင်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုများရှိနေကြောင်း သတင်းအရ သီပေါမြို့နယ်အတွင်းရှိ နယ်မြေခံတပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နံနက် (၉)နာရီခန့်တွင် တောနင်းရှာဖွေရာ အမျိုးသား (၆)ဦးအား မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ အမျိုးသား(၆)ဦးကို မူးယစ်ဆေးဝါး အနည်းငယ်စီ၊ ခုတ်လက်စသစ် အနည်းငယ်နဲ့ သစ်ခုတ်ရဲဒင်း အချို့နဲ့ ဖမ်းဆီး ရမိတာဖြစ်ပါတယ်။ ဖမ်းမိတာတွေလည်းရှိသလို ထွက်ပြေးသွားတာလည်း ရှိချင်ရှိမှာပါ။ လောလောဆယ်တော့ သီပေါ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ သစ်ပင်ခုတ်လက်စ တွေလည်း ပါတယ်ဆိုတော့ သစ်တောဌာနကလည်း အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်” ဟု သီပေါမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသား (၆)ဦးနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ စိတ်ကြွရူးသွပ်ဆေးပြား (၄၆)ပြား၊ ဘိန်းဖြူ (ဝ.၃၄)ဂရမ်၊ ဆိုင်ကယ်(၅)စီးနှင့် ရဲဒင်း (၄)လက်အား ရှာဖွေတွေ့ရှိရပြီး၎င်းတို့မှာ စိတ်ကြွဆေးပြား (၆၀)နှင့် ဘိန်းဖြူအချို့အား ဝယ်ယူလာပြီး သုံးစွဲနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြချက်အရသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် စံမတ်၊ တားရှင်း၊ စိုင်းပန်၊ ရွှေသဲ၊ ကုလားနှင့် စိုင်းလုံတို့အား သီပေါမြို့မရဲစခန်းတွင် မယ(ပ) ၄၅/၁၇၊ မူး/စိတ် ၁၅/၁၆(၈)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #YMA 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~