တာေလမွ က်ဳိင္းလပ္အသြား လမ္းေပၚတြင္ ယာဥ္တစ္စီးတိမ္းေမွာက္၍ က်ဳိင္းလပ္ၿမိဳ႕လမ္းဦးစီးဌာနမွ ၀န္ထမ္း တစ္ဦးေသဆံုး၊ ႏွစ္ဦး ဒဏ္ရာရ

တာေလမွ က်ဳိင္းလပ္အသြား လမ္းေပၚတြင္ ယာဥ္တစ္စီးတိမ္းေမွာက္၍ က်ဳိင္းလပ္ၿမိဳ႕လမ္းဦးစီးဌာနမွ ၀န္ထမ္း တစ္ဦးေသဆံုး၊ ႏွစ္ဦး ဒဏ္ရာရ
ဇူလိုင် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊  တာေလ - က်ဳိင္းလပ္အသြား လမ္းေပၚတြင္ ယာဥ္တစ္စီးတိမ္းေမွာက္မႈေၾကာင့္ က်ဳိင္းလပ္ၿမိဳ႕ လမ္းဦးစီးဌာနမွ ၀န္ထမ္း တစ္ဦးေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇူလိုင္လ(၂၉)ရက္ေန႔ ည(၈)နာရီ မိနစ္(၂၀)၀န္းက်င္အခ်ိန္က တာေလဘက္မွ က်ဳိင္းလပ္ၿမိဳ႕ဘက္သို႔ အသြား က်ဳိင္းလပ္မေရာက္မီ မိုင္တိုင္အမွတ္ 43KM ႏွင့္ 44KM အၾကား ႏြားေခ်းပန္းေတာင္အေကြ႕တြင္  ၿဖဳိးကိုကိုေအာင္မွ ေမာင္းႏွင္လာရာ ယာဥ္မွာ အရွိန္မထိန္းႏိုင္ေတာ့ဘဲ လမ္းေဘးသို႔ တိမ္းေမွာက္က်သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျဖစ္ပြားျခင္းေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသူ က်ဳိင္းလပ္ၿမိဳ႕ လမ္းဦးစီးဌာနမွ စက္ေမာင္း၀န္ထမ္းျဖစ္သည့္ အသက္(၂၄)ႏွစ္ရွိ ေက်ာ္ဇင္ဦးမွ ေသဆံုးသြားၿပီး ေန႔စား၀န္ထမ္း(၂)ဦးျဖစ္သည့္ သိန္းထိုက္ေအာင္ ႏွင့္ ႏိုင္လင္းေအာင္တို႔မွာ ဒဏ္ရာအသီးသီး ရရွိသြားေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူ ၿဖဳိးကိုကိုေအာင္အား က်ဳိင္းလပ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၇/၃၃၈/၃၀၄(က)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု - က်ဳိင္းလပ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ - ကျိုင်းလပ်အသွား လမ်းပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ကျိုင်းလပ်မြို့ လမ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ည(၈)နာရီ မိနစ်(၂၀)ဝန်းကျင်အချိန်က တာလေဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ အသွား ကျိုင်းလပ်မရောက်မီ မိုင်တိုင်အမှတ် 43KM နှင့် 44KM အကြား နွားချေးပန်းတောင်အကွေ့တွင် ဖြိုးကိုကိုအောင်မှ မောင်းနှင်လာရာ ယာဉ်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသို့ တိမ်းမှောက်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကျိုင်းလပ်မြို့ လမ်းဦးစီးဌာနမှ စက်မောင်းဝန်ထမ်းဖြစ်သည့် အသက်(၂၄)နှစ်ရှိ ကျော်ဇင်ဦးမှ သေဆုံးသွားပြီး နေ့စားဝန်ထမ်း(၂)ဦးဖြစ်သည့် သိန်းထိုက်အောင် နှင့် နိုင်လင်းအောင်တို့မှာ ဒဏ်ရာအသီးသီး ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဖြိုးကိုကိုအောင်အား ကျိုင်းလပ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ကျိုင်းလပ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~