အေမရိကန္ပညာသင္ဆုမ်ားကို ရွမ္း/အေရွ႕မွ လူငယ္မ်ား ပိုမိုေလွ်ာက္ထားရန္ တိုက္တြန္း

အေမရိကန္ပညာသင္ဆုမ်ားကို ရွမ္း/အေရွ႕မွ လူငယ္မ်ား ပိုမိုေလွ်ာက္ထားရန္ တိုက္တြန္း
ဇူလိုင် 6, 2017
By Tachileik News Agency

အေမရိကန္ပညာသင္ဆုမ်ားကို ျမန္မာႏုိင္ငံအတြင္း ေနရာေဒသအလုိက္ ေရြးခ်ယ္ျခင္းျဖစ္သျဖင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)မွ လူငယ္မ်ားအေနျဖင့္ ပိုမိုေလွ်ာက္ထားေစလိုေၾကာင္း အေမရိကန္သံရံုး YSEALI Coordinator ေဒၚၾကည္ခိုင္သဲသဲက တုိက္တြန္းလုိက္သည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ႏွင့္ တိုင္းလိခန္းမတို႔တြင္ ျပဳလုပ္သည့္ အေမရိကန္ပညာသင္ဆုမ်ားအေၾကာင္း ဇူလိုင္လ (၆)ရက္ေန႔က ရွင္းလင္းပြဲတြင္ ယင္းကဲ့သို႔ တုိက္တြန္းလုိက္ျခင္း ျဖစ္သည္။

"ရွမ္း/အေရွ႕က လူငယ္ေတြကက်ေတာ့ အေမရိကန္သံရုံးကေပးတဲ့ ပညာသင္ဆုေတြနဲ ့ ပတ္သက္ၿပီး သိပ္မရင္းႏွီးၾကဘူး။ ၿပီးရင္ အခုလို ပညာသင္ဆုေတြ ရိွတယ္ဆိုတာကိုလည္း မသိၾကဘူးေလ။ အဲဒါေၾကာင့္ ဒါေတြရိွေနတယ္ဆိုတာကို သိေအာင္ ေျပာျပေပးတာျဖစ္ပါတယ္။ ပညာသင္ဆုေတြကို ဘယ္လို ေလွ်ာက္ရမလဲဆိုတာရယ္ ရွမ္း/အေရွ ့က လူငယ္ေတြမွာ ဘယ္ေလာက္အထိ အခြင့္ေရးရိွေနတယ္ဆိုတာကို ဒီပြဲမွာ မွ်ေ၀ေပးခဲ့ပါတယ္"ဟု က်ိဳင္းတုံ လူငယ္စင္တာမွ ဥကၠဌ ကိုေအာင္ဘိုဘိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေမရိကန္သံရုံးမွ ေပးအပ္ေနသည့္ ပညာသင္ဆုမ်ားအေၾကာင္းႏွင့္ ေလွ်ာက္ထားရန္ လိုအပ္ခ်က္မ်ားကို အေမရိကန္သံရုံးမွ YSEALI Coordinator ေဒၚၾကည္ခိုင္သဲသဲက ရွင္းလင္းေျပာၾကားခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဒီေဒသက နယ္စြန္နယ္ဖ်ား ျဖစ္ေနတဲ့အတြက္ ဒီအေၾကာင္းေတြကို သိပ္မသိၾကဘူးဗ်။ က်ိဳင္းတုံမွာရိွတဲ့ လူငယ္ေတြအတြက္က ဒီပြဲေၾကာင့္ အခြင့္အေရးေတြ အမ်ားႀကီးရလာမယ္လို ့ျမင္ပါတယ္။ အခုေခတ္လူငယ္ေတြက အျမင္ေတြကလည္း အရင္ကထက္ ပိုၿပီး က်ယ္လာၾကၿပီ။ ပညာေရးကို စိတ္၀င္စားတဲ့လူေတြကလည္း အမ်ားႀကီးရိွေနတဲ့အတြက္ ဒီပြဲကေန အက်ိဳးျဖစ္ထြန္းမႈေတြ အမ်ားႀကီးျဖစ္လာမွာပါ"ဟု လူငယ္တစ္ဦးျဖစ္သည့္ ကိုေအာင္ႏိုင္က ေျပာသည္။

အဆိုပါ အခမ္းအနားသို႔ အေမရိကန္သံရုံးမွ YSEALI Coordinator ေဒၚၾကည္ခိုင္သဲသဲနွင့္တကြ လူငယ္စင္တာမွ Volunteer မ်ားႏွင့္ ပညာသင္ဆုအေၾကာင္း စိတ္၀င္စားသည့္ လူငယ္မ်ား စုစုေပါင္း (၁၀၀)ခန္ ့ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပညာသင်ဆုများကို မြန်မာနိုင်ငံအတွင်း နေရာဒေသအလိုက် ရွေးချယ်ခြင်းဖြစ်သဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ လူငယ်များအနဖြေင့် ပိုမိုလျှောက်ထားစေလိုကြောင်း အမေရိကန်သံရုံး YSEALI Coordinator ဒေါ်ကြည်ခိုင်သဲသဲက တိုက်တွန်းလိုက်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ်နှင့် တိုင်းလိခန်းမတို့တွင် ပြုလုပ်သည့် အမေရိကန်ပညာသင်ဆုများအကြောင်း ဇူလိုင်လ (၆)ရက်နေ့က ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"ရှမ်း/အရှေ့က လူငယ်တွေကကျတော့ အမေရိကန်သံရုံးကပေးတဲ့ ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးကြဘူး။ ပြီးရင် အခုလို ပညာသင်ဆုတွေ ရှိတယ်ဆိုတာကိုလည်း မသိကြဘူးလေ။ အဲဒါကြောင့် ဒါတွေရှိနေတယ်ဆိုတာကို သိအောင် ပြောပြပေးတာဖြစ်ပါတယ်။ ပညာသင်ဆုတွေကို ဘယ်လို လျှောက်ရမလဲဆိုတာရယ် ရှမ်း/အရှေ့က လူငယ်တွေမှာ ဘယ်လောက်အထိ အခွင့်ရေးရှိနေတယ်ဆိုတာကို ဒီပွဲမှာ မျှေဝပေးခဲ့ပါတယ်"ဟု ကျိုင်းတုံ လူငယ်စင်တာမှ ဥက္ကဌ ကိုအောင်ဘိုဘိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမေရိကန်သံရုံးမှ ပေးအပ်နေသည့် ပညာသင်ဆုများအကြောင်းနှင့် လျှောက်ထားရန် လိုအပ်ချက်များကို အမေရိကန်သံရုံးမှ YSEALI Coordinator ဒေါ်ကြည်ခိုင်သဲသဲက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီဒေသက နယ်စွန်နယ်ဖျား ဖြစ်နေတဲ့အတွက် ဒီအကြောင်းတွေကို သိပ်မသိကြဘူးဗျ။ ကျိုင်းတုံမှာရှိတဲ့ လူငယ်တွေအတွက်က ဒီပွဲကြောင့် အခွင့်အရေးတွေ အများကြီးရလာမယ်လို့မြင်ပါတယ်။ အခုခေတ်လူငယ်တွေက အမြင်တွေကလည်း အရင်ကထက် ပိုပြီး ကျယ်လာကြပြီ။ ပညာရေးကို စိတ်ဝင်စားတဲ့လူတွေကလည်း အများကြီးရှိနေတဲ့အတွက် ဒီပွဲကနေ အကျိုးဖြစ်ထွန်းမှုတွေ အများကြီးဖြစ်လာမှာပါ"ဟု လူငယ်တစ်ဦးဖြစ်သည့် ကိုအောင်နိုင်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ အမေရိကန်သံရုံးမှ YSEALI Coordinator ဒေါ်ကြည်ခိုင်သဲသဲနှင့်တကွ လူငယ်စင်တာမှ Volunteer များနှင့် ပညာသင်ဆုအကြောင်း စိတ်ဝင်စားသည့် လူငယ်များ စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~