တာခ်ီလိတ္ရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ယာဥ္တစ္စီးေပၚမွ က်ားေသတစ္ေကာင္အား စစ္ေဆးေတြ႕ရွိ

တာခ်ီလိတ္ရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ယာဥ္တစ္စီးေပၚမွ က်ားေသတစ္ေကာင္အား စစ္ေဆးေတြ႕ရွိ
ဇူလိုင် 9, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ - တာေလ လမ္းေပၚရွိ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ အေလးခ်ိန္ (၁၂၅)ကီလိုရွိၿပီး ကလီစာမ်ား ထုတ္ထားသည့္ က်ားေသတစ္ေကာင္ကို သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား ဇူလိုင္လ(၉)ရက္ေန႔ ေန႔လယ္(၁၂)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ တာခ်ီလိတ္မွ က်ဳိင္းတံုဘက္သို႔ ဦးစိုင္းႏြဲ႔ေမာင္းႏွင္လာေသာ ပရိုေဘာက္စ္အမ်ဳိးအစား ေမာ္ေတာ္ ယာဥ္အား ရပ္တန္႔ ရွာေဖြစစ္ေဆးရာမွ ယာဥ္ေနာက္ခန္းတြင္ က်ားေသတစ္ေကာင္(အထီး)အား ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ က်ားေသေကာင္အား တာခ်ီလိတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနရံုးသို႔ သယ္ေဆာင္ထားရွိၿပီး ခရိုင္/ၿမိဳ႕နယ္သစ္ေတာတာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး အေလးခ်ိန္ ခ်ိန္တြယ္ ၾကည့္ရာတြင္ (၁၂၅)ကီလိုရွိေၾကာင္း သိရသည္။

"အခုလက္ရွိမွာေတာ့ ေတာရိုင္းတိရစာၦန္ႏွင့္ သဘာ၀အပင္မ်ား ကာကြယ္ေရးႏွင့္သဘာ၀နယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၇(က) နဲ႔ အေရးယူႏိုင္ရန္ေဆာင္ရြက္ဖို႔အတြက္ ျပဳလုပ္္ေနပါတယ္။ ဖမ္းဆီးရမိထားတဲ့ က်ားေသေကာင္ကိုလည္း တာခ်ီလိတ္ၿမိဳ႕နယ္သစ္ေတာရံုး၀န္းထဲမွာပဲ ေရခဲပံုးနဲ႔ထည့္ၿပီး စနစ္တက် သိမ္းဆည္းထားပါတယ္။ ေရွ႕ဆက္ၿပီး လုပ္ေဆာင္ရမယ့္ ကိစၥေတြနဲ႔ပတ္သက္ၿပီး တင္ျပထားပါတယ္"ဟု တာခ်ီလိတ္ခရိုင္သစ္ေတာဦးစီးဌာနမွ လက္ေထာက္ၫြန္ၾကားေရးမွဴး ဦးမ်ဳိးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ က်ားေသအား သယ္ေဆာင္လာသည့္ ပိုင္ရွင္ျဖစ္သူ ဦးၿငိမ္းခ်မ္း ႏွင့္ ယာဥ္ေမာင္း ဦးစိုင္းႏြဲ႔တို႔ ႏွစ္ဦးအား ေတာရိုင္းတိရစာၦန္ႏွင့္ သဘာ၀အပင္မ်ား ကာကြယ္ေရးႏွင့္သဘာ၀နယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၇(က)ျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူႏိုင္ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ် - တာလေ လမ်းပေါ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် အလေးချိန် (၁၂၅)ကီလိုရှိပြီး ကလီစာများ ထုတ်ထားသည့် ကျားသေတစ်ကောင်ကို သယ်ဆောင်လာသည့် မော်တော်ယာဉ်အား ဇူလိုင်လ(၉)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေစဉ် တာချီလိတ်မှ ကျိုင်းတုံဘက်သို့ ဦးစိုင်းနွဲ့မောင်းနှင်လာသော ပရိုဘောက်စ်အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာမှ ယာဉ်နောက်ခန်းတွင် ကျားသေတစ်ကောင်(အထီး)အား တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ကျားသေကောင်အား တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သယ်ဆောင်ထားရှိပြီး ခရိုင်/မြို့နယ်သစ်တောတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ပြီး အလေးချိန် ချိန်တွယ် ကြည့်ရာတွင် (၁၂၅)ကီလိုရှိကြောင်း သိရသည်။

"အခုလက်ရှိမှာတော့ တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က) နဲ့ အရေးယူနိုင်ရန်ဆောင်ရွက်ဖို့အတွက် ပြုလုပ်နေပါတယ်။ ဖမ်းဆီးရမိထားတဲ့ ကျားသေကောင်ကိုလည်း တာချီလိတ်မြို့နယ်သစ်တောရုံးဝန်းထဲမှာပဲ ရေခဲပုံးနဲ့ထည့်ပြီး စနစ်တကျ သိမ်းဆည်းထားပါတယ်။ ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး တင်ပြထားပါတယ်"ဟု တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျားသေအား သယ်ဆောင်လာသည့် ပိုင်ရှင်ဖြစ်သူ ဦးငြိမ်းချမ်း နှင့် ယာဉ်မောင်း ဦးစိုင်းနွဲ့တို့ နှစ်ဦးအား တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က)ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~