ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တရုတ္နယ္စပ္လမ္းေၾကာင္းျဖစ္သည့္ မုိင္းယုတံတားတြင္ ျဖတ္သန္း သြားလာခြင့္ျပဳ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တရုတ္နယ္စပ္လမ္းေၾကာင္းျဖစ္သည့္ မုိင္းယုတံတားတြင္ ျဖတ္သန္း သြားလာခြင့္ျပဳ
ဇူလိုင် 17, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ၊ မိုင္းယုၿမိဳ႕ရိွ တံတားမွတစ္ဆင့္ အထူးေဒသ(၄)ကို ျဖတ္သန္း၍ တရုတ္ႏုိင္ငံႏွင့္ ကုန္စည္ကူးသန္းမႈအား ကန္႔သတ္ ကုန္မ်ားမွလြဲ၍ ဇူလိုင္လ (၁၆)ရက္ေန႔က စတင္ ခြင့္ျပဳလုိက္ေၾကာင္း သိရသည္။

“တံတားျပန္ဖြင့္လိုက္ေတာ့ ေဒသအတြက္ေရာ ျပည္သူေတြအတြက္ေရာ အဆင္ေျပသြားမယ္။ တံတားမဖြင့္ခင္ အခ်ိန္တုန္းကဆိုု ကုန္သြယ္ေရ းအေျခအေနက မေကာင္းဘူး။ အကုန္အက်မ်ားတယ္။ တံတားကေန အမ်ားဆံုး ကုန္သြယ္ေနတာက တရုတ္ျပည္ကကုန္ေတြကို အဓိက သယ္ေနတာျဖစ္တယ္။ အခုလို တံတားျပန္လည္ဖြင့္လိုက္ေတာ့ ကုန္သြယ္ေရးအပိုင္းမွာလည္း အဆင္ေျပသြားပါတယ္” ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ (၁၇)ရက္ေန႔တြင္ ေျပာသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု ဦးေဆာင္သည့္အဖြဲ႕က ဇူလိုင္လ (၁၆)ရက္ေန႔တြင္ အဆိုပါ ကုန္သြယ္ေရးတံတား ျပန္လည္ဖြင့္လွစ္ႏုိင္ေရး အေျခအေနကို သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

“တံတားအနီးမွာ လူအဝင္အထြက္ကို စစ္ေဆးေရးဂိတ္တစ္ခု၊ ေနာက္တစ္ခုက တံတားေပၚက ကုန္ပစၥည္း ျဖတ္သန္းမႈကို စစ္ေဆးမယ့္ ကုန္စည္စစ္ေဆးေရး ဂိတ္တစ္ခုေပါ့။ အဲဒီႏွစ္ခု တည္ေဆာက္ဖို႔ လ်ာထားေနရာ စစ္ေဆးၿပီး ေတြ႔ရိွခ်က္ကို ျပည္နယ္အစိုးရကို တင္ျပထားပါတယ္။ တံတား ဒီဘက္ကမ္းက ျမန္မာႏုိင္ငံပါ။ ဟိုဘက္ကမ္းက အထူးေဒသ (၄) ျဖစ္သြားတာေပါ့။ အေျခအေနတစ္ခုအရသာ ဒီတံတားေပၚက ျဖတ္သန္းသြားလာခြင့္ကို ခဏဆိုင္းငံ့ထားတဲ့ သေဘာပါ။ ဟိုဘက္ျခမ္းက အထူး (၄)ႀကီးၾကပ္ ကြပ္ကဲတာဆိုေတာ့ ဒီဘက္ျခမ္းက ထြက္သြားတာ၊ ေရာက္လာတဲ့ကုန္ပစၥည္းေတြကိုေရာ ဒီဘက္က စစ္မွာပါ။ ဒီလမ္းေၾကာင္းဘက္မွာ တရုတ္နဲ႔ကူးသန္းမႈရိွတယ္ဆိုေပမယ့္ မူဆယ္ ဘက္ေလာက္ေတာ့ ပမာဏႀကီးႀကီးမားမားေတာ့ မရိွပါဘူး”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

မိုင္းယုတံတားအား ေဒသတြင္း လံုၿခံဳေရး အေျခအေနမ်ားေၾကာင့္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၂၃) ရက္ေန႔ကတည္းက ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး လက္ရိွတြင္ တံတား၏ လံုၿခံဳေရးေဆာင္ရြက္ႏုိင္ရန္ စီစဥ္ထားၿပီး ျဖစ္ေၾကာင္း သိရသည္။

မိုင္းယုတံတားမွ တရားဝင္ အခြန္ေပးေဆာင္ၿပီး ကုန္သြယ္မႈျပဳရန္ႏွင့္ လူဝင္လူထြက္ စနစ္တက် ျဖစ္ေစေရးအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားသည္ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၂၇)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၿပီး ဇြန္လ (၂၉)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးမႈမ်ားကိုလည္း လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ တံတားအား ၂၀၁၇ ခုႏွစ္ ဇြန္လ (၂၆)ရက္ေန႔မွစ၍ လူအဝင္အထြက္သြားလာခြင့္ကို စတင္ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ တံတားမှတစ်ဆင့် အထူးဒေသ(၄)ကို ဖြတ်သန်း၍ တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်းမှုအား ကန့်သတ် ကုန်များမှလွဲ၍ ဇူလိုင်လ (၁၆)ရက်နေ့က စတင် ခွင့်ပြုလိုက်ကြောင်း သိရသည်။

“တံတားပြန်ဖွင့်လိုက်တော့ ဒေသအတွက်ရော ပြည်သူတွေအတွက်ရော အဆင်ပြေသွားမယ်။ တံတားမဖွင့်ခင် အချိန်တုန်းကဆို ကုန်သွယ်ရေးအခြေအနေက မကောင်းဘူး။ အကုန်အကျများတယ်။ တံတားကနေ အများဆုံး ကုန်သွယ်နေတာက တရုတ်ပြည်ကကုန်တွေကို အဓိက သယ်နေတာဖြစ်တယ်။ အခုလို တံတားပြန်လည်ဖွင့်လိုက်တော့ ကုန်သွယ်ရေးအပိုင်းမှာလည်း အဆင်ပြေသွားပါတယ်” ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ဦးဆောင်သည့်အဖွဲ့က ဇူလိုင်လ (၁၆)ရက်နေ့တွင် အဆိုပါ ကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

“တံတားအနီးမှာ လူအဝင်အထွက်ကို စစ်ဆေးရေးဂိတ်တစ်ခု၊ နောက်တစ်ခုက တံတားပေါ်က ကုန်ပစ္စည်း ဖြတ်သန်းမှုကို စစ်ဆေးမယ့် ကုန်စည်စစ်ဆေးရေး ဂိတ်တစ်ခုပေါ့။ အဲဒီနှစ်ခု တည်ဆောက်ဖို့ လျာထားနေရာ စစ်ဆေးပြီး တွေ့ရှိချက်ကို ပြည်နယ်အစိုးရကို တင်ပြထားပါတယ်။ တံတား ဒီဘက်ကမ်းက မြန်မာနိုင်ငံပါ။ ဟိုဘက်ကမ်းက အထူးဒေသ (၄) ဖြစ်သွားတာပေါ့။ အခြေအနေတစ်ခုအရသာ ဒီတံတားပေါ်က ဖြတ်သန်းသွားလာခွင့်ကို ခဏဆိုင်းငံ့ထားတဲ့ သဘောပါ။ ဟိုဘက်ခြမ်းက အထူး (၄)ကြီးကြပ် ကွပ်ကဲတာဆိုတော့ ဒီဘက်ခြမ်းက ထွက်သွားတာ၊ ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုရော ဒီဘက်က စစ်မှာပါ။ ဒီလမ်းကြောင်းဘက်မှာ တရုတ်နဲ့ကူးသန်းမှုရှိတယ်ဆိုပေမယ့် မူဆယ် ဘက်လောက်တော့ ပမာဏကြီးကြီးမားမားတော့ မရှိပါဘူး”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

မိုင်းယုတံတားအား ဒေသတွင်း လုံခြုံရေး အခြေအနေများကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တံတား၏ လုံခြုံရေးဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မိုင်းယုတံတားမှ တရားဝင် အခွန်ပေးဆောင်ပြီး ကုန်သွယ်မှုပြုရန်နှင့် လူဝင်လူထွက် စနစ်တကျ ဖြစ်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့တွင် ဇွန်လ (၂၇)ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး ဇွန်လ (၂၉)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တံတားအား ၂၀၁၇ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှစ၍ လူအဝင်အထွက်သွားလာခွင့်ကို စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~