ျမန္မာ - ထိုင္း နယ္စပ္တြင္ က်ပ္/ဘတ္ ေငြလဲေစ်းႏႈန္းမ်ား ဇူလိုင္လအတြင္း သိသိသာသာ က်ဆင္းေန

ျမန္မာ - ထိုင္း နယ္စပ္တြင္ က်ပ္/ဘတ္ ေငြလဲေစ်းႏႈန္းမ်ား ဇူလိုင္လအတြင္း သိသိသာသာ က်ဆင္းေန
ဇူလိုင် 26, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမဳိ႕တြင္ က်ပ္ - ဘတ္ ေငြလဲလွယ္ရာ၌ ဇူလိုင္လ အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္လက္ က်ဆင္းေနလ်က္ရွိသည့္ အတြက္ ျမန္မာက်ပ္ေငြျဖင့္ လစာရၿပီး ေငြေၾကးလဲလွယ္ သံုးစြဲေနရသူမ်ား အတြက္ အခက္ေတြ႔သည့္ ကာလျဖစ္ေနေၾကာင္း သိရသည္။

“အခုလို က်ပ္ေငြေတြ ေစ်းက်ေနေတာ့ ဒီမွာ တာ၀န္က်တဲ့ အစိုးရဝန္ထမ္းေတြ၊ ဘဏ္ဝန္ထမ္းေတြ၊ က်ပ္ေငြနဲ႔ လစာရတဲ့ ဝန္ထမ္းေတြအတြက္ အလြန္ နစ္နာပါတယ္။ တာခ်ီလိတ္မွာက ဘတ္ေငြကို အဓိက သုံးစြဲတာဆိုေတာ့ က်ပ္လဲေတာ့လဲ ေစ်းကက်၊ မလဲဘဲ ေစ်းဆိုင္တစ္ခုခုမွာ က်ပ္နဲ႔ဝယ္ရင္လည္း ေစ်းကႏွိမ္ခံရ ဆိုေတာ့ ႏွစ္ခါနစ္နာတာေပါ့။ ျမဝတီ ေကာ့ေသာင္းဘက္မွာက်ေတာ့ က်ပ္ကိုသုံးတာဆိုေတာ့ ဘာမွမျဖစ္ဘူး။ ဒါေတာင္ အဲ့ဒီဖက္နဲ႔ ဒီဖက္က က်ပ္ - ဘတ္ ေငြလဲရင္ (၅)ဘတ္ေတာင္ပိုေသးတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္သူ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ(၂၆)ရက္ေန႔ ေငြလဲေစ်းႏႈန္းမွာ က်ပ္တစ္သိန္းလွ်င္ ထိုင္းေငြ(၂၄၇၅)ဘတ္ ရွိၿပီး ဇူလိုင္ လ ပထမပတ္မွ တတိယပတ္အတြင္း က်ပ္တစ္သိန္းလွ်င္ ထိုင္းေငြ (၂၅၀၀)ဘတ္မွ (၂၄၇၀)ဘတ္အထိ သိသိသာသာ က်ဆင္းလာေၾကာင္း သိရသည္။

“က်ပ္ေငြက အရင္လတုန္းကေတာ့ ၂၅၁၀ ဘတ္ ၂၅၂၀ ဘတ္ နဲ႔ တည္ၿငိမ္ေနေသးတယ္။ အခုလမွာ နည္းနည္းနဲ႔ က်လာၿပီး ေစ်းမၿငိမ္ဘူး။ တတိယအပတ္မွာ ၂၄၇၀ေလာက္ထိ က်လာတယ္။ ေစ်းမတည္ၿငိမ္ေတာ့ ေရာင္းအား ဝယ္အားလည္း မေကာင္းဘူး။”ဟု က်ပ္ - ဘတ္ ေငြလဲလုပ္ကိုင္သူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယေန႔ ဇူလိုင္လ(၂၆)ရက္ေန႔တြင္ က်ပ္တစ္သိန္းလွ်င္ ထိုင္းေငြ(၂၄၆၅)ဘတ္ ရရွိေသာ္လည္း ျမဝတီ ေကာ့ေသာင္းဘက္တြင္ ယေန႔ ဇူလိုင္လ(၂၆)ရက္ေန႔တြင္ က်ပ္တစ္သိန္းလွ်င္ ထိုင္းေငြ(၂၄၇၀)ဘတ္ရရွိေႀကာင္း ႏွင့္ ေငြလဲလွယ္ရာတြင္လည္း အနည္းငယ္ကြာဟေၾကာင္း သိရသည္။

သတင္း - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ကျပ် - ဘတ် ငွေလဲလှယ်ရာ၌ ဇူလိုင်လ အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနေလျက်ရှိသည့် အတွက် မြန်မာကျပ်ငွဖြေင့် လစာရပြီး ငွေကြေးလဲလှယ် သုံးစွဲနေရသူများ အတွက် အခက်တွေ့သည့် ကာလဖြစ်နေကြောင်း သိရသည်။

“အခုလို ကျပ်ငွေတွေ ဈေးကျနေတော့ ဒီမှာ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ကျပ်ငွေနဲ့ လစာရတဲ့ ဝန်ထမ်းတွေအတွက် အလွန် နစ်နာပါတယ်။ တာချီလိတ်မှာက ဘတ်ငွေကို အဓိက သုံးစွဲတာဆိုတော့ ကျပ်လဲတော့လဲ ဈေးကကျ၊ မလဲဘဲ ဈေးဆိုင်တစ်ခုခုမှာ ကျပ်နဲ့ဝယ်ရင်လည်း ဈေးကနှိမ်ခံရ ဆိုတော့ နှစ်ခါနစ်နာတာပေါ့။ မြဝတီ ကော့သောင်းဘက်မှာကျတော့ ကျပ်ကိုသုံးတာဆိုတော့ ဘာမှမဖြစ်ဘူး။ ဒါတောင် အဲ့ဒီဖက်နဲ့ ဒီဖက်က ကျပ် - ဘတ် ငွေလဲရင် (၅)ဘတ်တောင်ပိုသေးတယ်။”ဟု တာချီလိတ်မြို့တွင် အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၆)ရက်နေ့ ငွေလဲဈေးနှုန်းမှာ ကျပ်တစ်သိန်းလျှင် ထိုင်းငွေ(၂၄၇၅)ဘတ် ရှိပြီး ဇူလိုင် လ ပထမပတ်မှ တတိယပတ်အတွင်း ကျပ်တစ်သိန်းလျှင် ထိုင်းငွေ (၂၅၀၀)ဘတ်မှ (၂၄၇၀)ဘတ်အထိ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။

“ကျပ်ငွေက အရင်လတုန်းကတော့ ၂၅၁၀ ဘတ် ၂၅၂၀ ဘတ် နဲ့ တည်ငြိမ်နေသေးတယ်။ အခုလမှာ နည်းနည်းနဲ့ ကျလာပြီး ဈေးမငြိမ်ဘူး။ တတိယအပတ်မှာ ၂၄၇၀လောက်ထိ ကျလာတယ်။ ဈေးမတည်ငြိမ်တော့ ရောင်းအား ဝယ်အားလည်း မကောင်းဘူး။”ဟု ကျပ် - ဘတ် ငွေလဲလုပ်ကိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းငွေ(၂၄၆၅)ဘတ် ရရှိသော်လည်း မြဝတီ ကော့သောင်းဘက်တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းငွေ(၂၄၇၀)ဘတ်ရရှိကြောင်း နှင့် ငွေလဲလှယ်ရာတွင်လည်း အနည်းငယ်ကွာဟကြောင်း သိရသည်။

သတင်း - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~