တာလေ - ကျိုင်းလပ်သွားလမ်းပေါ်ရှိ တံတားပြိုကျ ပျက်စီးမှုနှင့် ပတ်သက်၍ ယာယီသွားလမ်းအဖြစ် နေ့ချင်းပြီးရန် ပူးပေါင်းဆောင်ရွက်နေ

တာလေ - ကျိုင်းလပ်သွားလမ်းပေါ်ရှိ တံတားပြိုကျ ပျက်စီးမှုနှင့် ပတ်သက်၍ ယာယီသွားလမ်းအဖြစ် နေ့ချင်းပြီးရန် ပူးပေါင်းဆောင်ရွက်နေ
ဇူလိုငျ 9, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ နှင့် ကျိုင်းလပ်သွားလမ်းပေါ်  ပေ(၂၀)အရှည်ရှိ လက်ရန်းပါကွန်ကရစ်တံတားသည် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ပြိုကျပျက်စီးသွားရာ ယာဉ်များ ယာယီဖြတ်သန်း သွားလာနိုင်ရန်အတွက် တပ်နယ်မှ တပ်မတော်သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ခြင်းပြီး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့ နှင့် ကျိုင်းလပ်သွားလမ်းပေါ် ပေ(၂၀)အရှည်ရှိ လက်ရန်းပါကွန်ကရစ်တံတားသည် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ပြိုကျပျက်စီးသွားရာ ယာဉ်များ ယာယီဖြတ်သန်း သွားလာနိုင်ရန်အတွက် တပ်နယ်မှ တပ်မတော်သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ခြင်းပြီး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းရွာအနီးရှိ အဆိုပါ တံတားသည် နံနက်အစောပိုင်းက ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီသွားလမ်းအဖြစ် နေ့ခြင်းပြီးနိုင်ရန်အတွက် တပ်မတော်သားများမှ ပါဝင်ကာ ကူညီဆောင်ရွက်နေကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~