လိြဳင္လင္တြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးကြင္းဆက္တရားခံအား တာခ်ီလိတ္ေနအိမ္တြင္ ဖမ္းဆီးရမိ

လိြဳင္လင္တြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးကြင္းဆက္တရားခံအား တာခ်ီလိတ္ေနအိမ္တြင္ ဖမ္းဆီးရမိ
ဇူလိုင် 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ေန အားမုန္(ခ)တူးလြမ္၏ ေနအိမ္အား ရွာေဖြရာ ထြက္ေျပးရန္ ႀကိဳးစားသည္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီး မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဇူလိုင္လ (၁၆)ရက္ေန႔က ဖမ္းဆီးရမိလိုက္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဇူလုိင္လ (၁၆)ရက္ေန႔ ေန႔လယ္ (၂)နာရီေက်ာ္ခန္႔က မူးယစ္တပ္ဖြဲ႕သည္ အားမုန္(ခ)တူးလြမ္၏ ေနအိမ္အား ရွာေဖြရန္သြားေရာက္စဥ္ ေနအိမ္ေနာက္ေဖးမွ ထြက္ေျပးရန္ ႀကိဳးစားသျဖင့္ ရဲတပ္ဖြဲ႕က ေနအိမ္ၿခံဝန္း ေက်ာ္တက္၍ ဖမ္းဆီးခဲ့ရၿပီး ၎၏ ေနအိမ္ႏွင့္ ေနအိမ္ၿခံဝန္းအတြင္းမွ မူးယစ္ေဆးႏွင့္ မူးယစ္ေဆးဝါးဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

၎ထံက ဖမ္းဆီးရမိသည့္ မူးယစ္ေဆးႏွင့္ဆက္စပ္ပစၥည္းမ်ားမွာ Tramadol အာနိသင္ပါသည္ဟု ယူဆရသည့္ (၃၀၇၀)ေတာင့္၊ ခပ္ခူး (၃၀) ဂရမ္ခန္႔၊ အဂၤလိပ္ဂဏန္း (၉)ပံုသ႑ာန္ ပလတ္စတစ္ပံုစံ (၁၂)ခု၊ Alprazolam ခရမ္းေရာင္ေဆးျပား (၂၀၈)ျပား၊ Fanta တံဆိပ္ ပုလင္းတြင္ထည့္ထားသည့္ ဘိန္းဆီရည္ဟု ယူဆရသည့္ (၁.၁)လီတာခန္႔တစ္ဘူး၊ ဘိန္းရည္ဟုယူဆရသည့္ အေလးခ်ိန္ (၄၀၀)ဂရမ္ခန္႔ပါတစ္ဘူး၊ စနက္တံပါ အသက္ရိွ မ်က္ရည္ယုိဗံုးတစ္လံုး၊ ဘိိန္းဆီခဲဟုယူဆရသည့္ အေလးခ်ိန္ (၁၂၀)ဂရမ္ခန္႔တစ္ထုပ္၊ စိတ္ၾကြရူးသြပ္ေဆးျပားျပဳလုပ္ရာတြင္ အသံုးျပဳသည္ဟု ယူဆရသည့္ အျဖဴေရာင္ အနံ႔မႈန္႔ (၁)ထုပ္ အေလးခ်ိန္ (၆)ကီလိုဂရမ္ခန္႔၊ ပန္းေရာင္စိတ္ၾကြေဆးမႈန္႔အေလးခ်ိန္ (၅၀)ဂရမ္ခန္႔တို႔အား ရွာေဖြသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း) လိြဳင္လင္ၿမိဳ႕နယ္၊ လိြဳင္လင္ - နမ့္စန္လမ္းတြင္ ဇူလိုင္လ (၁၆)ရက္ေန႔ ေန႔လယ္ (၁၁)နာရီေက်ာ္က ဖမ္းဆီးရမိသည့္ ကားတစ္စီးမွ မူးယစ္ေဆးဝါးမ်ား ခ်က္လုပ္ရန္ႏွင့္ ဘိန္းျဖဴထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၏ ကြင္းဆက္တရားခံအျဖစ္ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ေအာင္ခိုင္ျမင့္ဆိုသူေမာင္းႏွင္လာသည့္ အဆိုပါ Toyota Tiger ႏွစ္ခန္းတြဲကားေပၚတြင္ အဆိုပါ မူးယစ္ေဆးဝါး ဆက္စပ္ပစၥည္းမ်ားအား ေတြ႔ရၿပီး တာခ်ီလိတ္ၿမိဳ႕မွ အားမုန္၏ ပစၥည္းမ်ားျဖစ္ေၾကာင္း သိရသျဖင့္ မူးယစ္တပ္ဖြဲ႕စု(၂၇)လိြဳင္လင္မွ ဆက္သြယ္အေၾကာင္းၾကားခ်က္အရ ဖမ္းဆီးႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ တူးလြမ္(ခ)အားမုန္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၂(ခ)ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ အားမုန်(ခ)တူးလွမ်၏ နေအိမ်အား ရှာဖွေရာ ထွက်ပြေးရန် ကြိုးစားသည်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဇူလိုင်လ (၁၆)ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်ကွင်းဆက်ဖော်ထုတ်ချက်အရ ဇူလိုင်လ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီကျော်ခန့်က မူးယစ်တပ်ဖွဲ့သည် အားမုန်(ခ)တူးလွမ်၏ နေအိမ်အား ရှာဖွေရန်သွားရောက်စဉ် နေအိမ်နောက်ဖေးမှ ထွက်ပြေးရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့က နေအိမ်ခြံဝန်း ကျော်တက်၍ ဖမ်းဆီးခဲ့ရပြီး၎င်း၏ နေအိမ်နှင့် နေအိမ်ခြံဝန်းအတွင်းမှ မူးယစ်ဆေးနှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထံက ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများမှာ Tramadol အာနိသင်ပါသည်ဟု ယူဆရသည့် (၃၀၇၀)တောင့်၊ ခပ်ခူး (၃၀) ဂရမ်ခန့်၊ အင်္ဂလိပ်ဂဏန်း (၉)ပုံသဏ္ဍာန် ပလတ်စတစ်ပုံစံ (၁၂)ခု၊ Alprazolam ခရမ်းရောင်ဆေးပြား (၂၀၈)ပြား၊ Fanta တံဆိပ် ပုလင်းတွင်ထည့်ထားသည့် ဘိန်းဆီရည်ဟု ယူဆရသည့် (၁.၁)လီတာခန့်တစ်ဘူး၊ ဘိန်းရည်ဟုယူဆရသည့် အလေးချိန် (၄၀၀)ဂရမ်ခန့်ပါတစ်ဘူး၊ စနက်တံပါ အသက်ရှိ မျက်ရည်ယိုဗုံးတစ်လုံး၊ ဘိန်းဆီခဲဟုယူဆရသည့် အလေးချိန် (၁၂၀)ဂရမ်ခန့်တစ်ထုပ်၊ စိတ်ကြွရူးသွပ်ဆေးပြားပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် အဖြူရောင် အနံ့မှုန့် (၁)ထုပ် အလေးချိန် (၆)ကီလိုဂရမ်ခန့်၊ ပန်းရောင်စိတ်ကြွဆေးမှုန့်အလေးချိန် (၅၀)ဂရမ်ခန့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများအား ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင် - နမ့်စန်လမ်းတွင် ဇူလိုင်လ (၁၆)ရက်နေ့ နေ့လယ် (၁၁)နာရီကျော်က ဖမ်းဆီးရမိသည့် ကားတစ်စီးမှ မူးယစ်ဆေးဝါးများ ချက်လုပ်ရန်နှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၏ ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်မြင့်ဆိုသူမောင်းနှင်လာသည့် အဆိုပါ Toyota Tiger နှစ်ခန်းတွဲကားပေါ်တွင် အဆိုပါ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအား တွေ့ရပြီး တာချီလိတ်မြို့မှ အားမုန်၏ ပစ္စည်းများဖြစ်ကြောင်း သိရသဖြင့် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ ဆက်သွယ်အကြောင်းကြားချက်အရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် တူးလွမ်(ခ)အားမုန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူအတွက် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~