သတင်း၊ဓါတ်ပုံ #ကိုသာ
*************
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ် မြို့နယ် ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြား မိုင်းဖြတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမဘေးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဇွန် လ(၅)ရက်နေ့တွင် စုပေါင်း သစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
'' နမ့်လုံမြောက် ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၆၅)မှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်း(၃၁၄)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ ခရေ (၅၀)ပင်၊ မဟော်ဂနီ(၅၀)၊ ချယ်ရီ(၂၅)ပင် စုစုပေါင်း(၆၈၉)ပင် စိုက်ပျိုးမှာဖြစ်ပါတယ် '' ဟု သစ်တောမြို့နယ်ဦးစီးမှူး ဦးစောတင်မြင့်က ပြောသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကင်းထောက်
လူငယ်များ ပူးပေါင်းပါဝင်စိုက်ပျိုးကြကြောင်း သိရှိရသည်။
သတင်း၊ဓါတ်ပုံ #ကိုသာ