ရွမ္းျပည္နယ္လႊတ္ေတာ္အတြင္း ေမးခြန္းႏွင့္အဆိုမ်ား စိစစ္ေမးျမန္း တင္သြင္းၾကရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌတိုက္တြန္း

ရွမ္းျပည္နယ္လႊတ္ေတာ္အတြင္း ေမးခြန္းႏွင့္အဆိုမ်ား စိစစ္ေမးျမန္း တင္သြင္းၾကရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌတိုက္တြန္း
ဇွန် 11, 2017
By Tachileik News Agency

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ေဒသတြင္း သက္ဆုိင္ရာဌာနမ်ားႏွင့္ ညိႇႏိႈင္းေျဖရွင္းႏုိင္သည့္ ကိစၥမ်ားအား လႊတ္ေတာ္တြင္ ေမးျမန္းေဆြးေႏြးျခင္းႏွင့္ အဆိုတင္သြင္းမႈမ်ားျခင္းေၾကာင့္ ျပဳျပင္ ေျပာင္းလဲေရး ေႏွာင့္ေႏွးေစသျဖင့္ စိစစ္ၾကရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌက ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား တိုက္တြန္းလိုက္သည္။

“အခုျဖစ္ေနတာက ကိုယ္စားလွယ္ေတြက အေသးအဖြဲ ကိစၥေတြကို လႊတ္ေတာ္လာေမးတဲ့အခ်ိန္က်ေတာ့ က်န္တဲ့ ကိစၥေတြ ေနွာင့္ေနွးေစတယ္။ ေျဖဆိုၿပီးသား ေမးခြန္းေတြ မေမးရဘူး။ သတ္မွတ္ခ်က္ေတြ အားလံုးကို ေလးေလးနက္နက္ သေဘာတူလိုက္နာၾကမယ္ဆိုရင္ အခ်င္းခ်င္း ျပႆနာေတြ ျဖစ္ေပၚမွာ မဟုတ္ပါဘူး။ ပံုမွန္လည္ပတ္ေနတဲ့ လႊတ္ေတာ္မွာ တင္သြင္းလို႔ရတဲ့ ကိစၥေတြကို အေရးႀကီးအဆို တင္သြင္းလို႔ မရပါဘူး။ ဒီလိုကိစၥေတြက ျပည္နယ္နဲ႔ တိုင္းေတြမွာ ခဏခဏ ႀကံဳေနရပါတယ္” ဟု ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္က ဇြန္လ (၁၀)ရက္ေန႔႔က ေတာင္ႀကီးၿမိဳ႕၌ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုပြဲတြင္ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

လက္ရိွ ရွမ္းျပည္နယ္လႊတ္ေတာ္မ်ားအေနျဖင့္လည္း ေမးခြန္းေဖာင္းပြျခင္းမ်ား ရိွေနသည္ဟု ရွမ္းျပည္နယ္ မက္မန္းမဲ ဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

“ဒါက ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္ လႊတ္ေတာ္မွာေတာ့ ႀကံဳေနရတာပဲ။ တခ်ိဳ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဆို ထိေရာက္မႈ မရိွတဲ့ေမးခြန္းေတြ ေမးေမးလာေတာ့ လုပ္ငန္းက မထိေရာက္ဘူး။ ကၽြန္ေတာ္ကေတာ့ အဲဒီလိုပဲ ျမင္ပါတယ္။ ကၽြန္ေတာ့္အျမင္မွာေတာ့ ရွမ္းျပည္နယ္လႊတ္ေတာ္မွာဆို ေမးခြန္းမ်ားၿပီး ဘာမွ မထိေရာက္ဘူး”ဟု မက္မန္းမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က ေျပာသည္။

ယင္းအျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားတြင္ အဆိုတင္သြင္းမႈမ်ားေနျခင္းကလည္း ျပဳျပင္ ေျပာင္းလဲေရး ယႏၱရားအား ေႏွာင့္ေႏွးေစသည္ဟု ျပည္သူ႔လႊတ္ေတာ္ ဥကၠဌက ဆိုသည္။

“အခုလႊတ္ေတာ္မွာ ျဖစ္ေနတာက တစ္ေယာက္က အဆိုတင္သြင္းရင္ တစ္ေယာက္ကလည္း အဆိုတင္သြင္း ျဖစ္ေနၾကတယ္။ ေမးခြန္းက မရွိသေလာက္ျဖစ္ေနၿပီး အဆိုက ပိုမ်ားေနတယ္။ ဘယ္လိုျဖစ္သြားလဲဆိုေတာ့ တိုင္းျပည္အတြက္ လုပ္ငန္းယႏၱရားဟာ ေနွာင့္ေႏွးသြားတယ္။ အဆိုတစ္ခု တင္တယ္ဆိုရင္ အနည္းဆံုး ေဆြးေႏြးတယ္။ ေထာက္ခံတယ္။ မဲခြဲလိုက္၊ ဆံုးျဖတ္လိုက္နဲ႔ဆိုေတာ့ အဆိုတစ္ခု တင္ရင္ ေမးခြန္း (၁၅) ခုေလာက္ေမးလို႕ရတယ္။ အခ်ိန္ေတြ ၾကာတဲ့အတြက္ေၾကာင့္ ေရွ႕လုပ္မယ့္ ဥပေဒၾကမ္း အတြက္ အခက္အခဲ ျဖစ္ေစနိုင္ပါတယ္။ ျပဳျပင္ေျပာင္းလဲနိုင္တဲ့ ယႏၱရားက ေနွာင့္ေနွးေစနိုင္ပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္က ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားလုိက္သည္။

လႊတ္ေတာ္တြင္း ေမးခြန္းေမးရန္ (၁၅)ရက္ႀကိဳတင္ တင္ထားခ်ိန္အတြင္း သက္ဆုိင္ရာဌာနမ်ားက အဆိုပါ ေမးခြန္းႏွင့္ ပတ္သက္သည့္ ကိစၥမ်ားအား ေျဖရွင္းထားၿပီးမွ လႊတ္ေတာ္တြင္ လာေရာက္ေျဖၾကားျခင္းျဖစ္ရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္တြင္ ေမးခြန္းေမးျမန္းခ်ိန္တြင္ အဆိုပါ ကိစၥမ်ားမွာ ေျဖရွင္းၿပီး ကိစၥျဖစ္ေနတတ္ျခင္းမ်ားႏွင့္ ႀကံဳရျခင္းျဖစ္သည္ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

“ကၽြန္ေတာ္တို႔ ေမးခြန္းတင္ထားခ်ိန္မွာ သူတို႔က သက္ဆုိင္ရာဌာနကို အမိန္႔ထုတ္လိုက္တယ္။ လႊတ္ေတာ္မွာ လာေျဖတဲ့ အခ်ိန္က်ေတာ့ ဘယ္ေန႔က အမိန္႔ထုတ္လိုက္ပါၿပီ လာေျဖတဲ့အခါက်ေတာ့ ေမးတဲ့ ကာယကံရွင္ အေနနဲ႔ကလည္း သူ႔မဲဆႏၵနယ္မွာ ဒီလိုအမိန္႔ထုတ္ထားတာ မသိဘူးလားဆိုၿပီးေတာ့ ျဖစ္သြားတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔က အဲဒီလိုေမးခြန္းမ်ိဳးေတြကို မေမးခင္မွာ သက္ဆုိင္ရာ ဝန္ႀကီးေတြ၊ သက္ဆုိင္ရာဌာနေတြ၊ တာဝန္ရိွသူေတြနဲ႔ ညိႇႏိႈင္းသင့္တယ္ေပါ့။ အဲလို အႀကံျပဳတာပါ။ အရင္ကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႕ ဒီလိုေဆြးေႏြးၾကတာ မရိွဘူး။ (၁၅)ရက္တစ္ခါ ေမးစရာရိွတာ ေမးၾကတာေပါ့။ ဒီေနာက္ပိုင္းမွာေတာ့ ဒီလိုေလးေတြ လုပ္သြားၾကမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ေရွ႕ဆက္လုပ္ရမယ့္ ျပည္သူလူထုအတြက္ လုပ္ငန္းေတြ ပိုျမန္ဆန္လာမယ္ေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ေမးခြန္းႏွင့္ အဆို ကန္႔သတ္ခ်က္စည္းကမ္းမ်ားအား သတိထား လုိက္နာၾကရန္ကိုလည္း ျပည္သူ႔လႊတ္ေတာ္ ဥကၠဌက တိုက္တြန္းလိုက္သည္။

“ကိုယ္စားလွယ္ေတြေမးတဲ့ ေမးခြန္းနဲ႔ အဆိုမွာက ကန္႔သတ္ခ်က္ေတြ၊ စည္းကမ္းေတြရွိၿပီးသားပါ။ ဥပမာေျပာရရင္ ေမးခြန္းတစ္ခုေမးရင္ ကိုယ့္ရဲ႕ထင္ျမင္ယူဆခ်က္၊ နိုင္ငံေတာ္လ်ဳိ႕၀ွက္ခ်က္၊ အေသးအဖြဲ ကိစၥ၊ မျဖစ္ေသးတဲ့ကိစၥေတြ မေမးရပါဘူး။ အေသးအဖြဲ ကိစၥေတြဆိုတာ ကိုယ္စားလွယ္တစ္ေယာက္က သက္ဆိုင္ရာ အာဏာပိုင္ေတြနဲ႔ ေျဖရွင္းလို႔ရပါတယ္။ အေရးႀကီးအဆို တင္သြင္းဖို႔ဆိုတာက ဒီေန႕ဒီခ်ိန္ ျဖစ္ပ်က္ေနတာကို ေျပာတာပါ”ဟု ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္က ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ေရြးေကာက္ပြဲကာလက ၿပိဳင္ဘက္မ်ားျဖစ္သည့္တိုင္ လႊတ္ေတာ္အတြင္း ေရာက္လာခ်ိန္တြင္ တုိင္းျပည္အတြက္ လုပ္ေဖာ္ကိုင္ဖက္မ်ားအျဖစ္ လက္တြဲ လုပ္ေဆာင္ၾကရန္ကိုလည္း တိုက္တြန္းလိုက္သည္။

ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္၊ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလံုးဆုိင္၊ ရွမ္းျပည္နယ္လႊတ္ေတာ္မွ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား အပါအဝင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ဇြန္လ (၁၀)ရက္ေန႔က ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ေတြ႕ဆံုၿပီး လႊတ္ေတာ္တြင္း လုပ္ငန္းမ်ား ပိုမိုျမန္ဆန္ေရးအတြက္ ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို





~~~~~~~~⊰❂ unicode ~~~~~~~~

လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် ဒေသတွင်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းနိုင်သည့် ကိစ္စများအား လွှတ်တော်တွင် မေးမြန်းဆွေးနွေးခြင်းနှင့် အဆိုတင်သွင်းမှုများခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး နှောင့်နှေးစေသဖြင့် စိစစ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဌက ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။

“အခုဖြစ်နေတာက ကိုယ်စားလှယ်တွေက အသေးအဖွဲ ကိစ္စတွေကို လွှတ်တော်လာမေးတဲ့အချိန်ကျတော့ ကျန်တဲ့ ကိစ္စတွေ နှောင့်နှေးစေတယ်။ ဖြေဆိုပြီးသား မေးခွန်းတွေ မမေးရဘူး။ သတ်မှတ်ချက်တွေ အားလုံးကို လေးလေးနက်နက် သဘောတူလိုက်နာကြမယ်ဆိုရင် အချင်းချင်း ပြဿနာတွေ ဖြစ်ပေါ်မှာ မဟုတ်ပါဘူး။ ပုံမှန်လည်ပတ်နေတဲ့ လွှတ်တော်မှာ တင်သွင်းလို့ရတဲ့ ကိစ္စတွေကို အရေးကြီးအဆို တင်သွင်းလို့ မရပါဘူး။ ဒီလိုကိစ္စတွေက ပြည်နယ်နဲ့ တိုင်းတွေမှာ ခဏခဏ ကြုံနေရပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဇွန်လ (၁၀)ရက်နေ့က တောင်ကြီးမြို့၌ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်များအနဖြေင့်လည်း မေးခွန်းဖောင်းပွခြင်းများ ရှိနေသည်ဟု ရှမ်းပြည်နယ် မက်မန်းမဲ ဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒါက ကျွန်တော်တို့ ရှမ်းပြည်နယ် လွှတ်တော်မှာတော့ ကြုံနေရတာပဲ။ တချို့လွှတ်တော် ကိုယ်စားလှယ်တွေဆို ထိရောက်မှု မရှိတဲ့မေးခွန်းတွေ မေးမေးလာတော့ လုပ်ငန်းက မထိရောက်ဘူး။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ရှမ်းပြည်နယ်လွှတ်တော်မှာဆို မေးခွန်းများပြီး ဘာမှ မထိရောက်ဘူး”ဟု မက်မန်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က ပြောသည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆိုတင်သွင်းမှုများနခြေင်းကလည်း ပြုပြင် ပြောင်းလဲရေး ယန္တရားအား နှောင့်နှေးစေသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌက ဆိုသည်။

“အခုလွှတ်တော်မှာ ဖြစ်နေတာက တစ်ယောက်က အဆိုတင်သွင်းရင် တစ်ယောက်ကလည်း အဆိုတင်သွင်း ဖြစ်နကြေတယ်။ မေးခွန်းက မရှိသလောက်ဖြစ်နပြေီး အဆိုက ပိုများနေတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ တိုင်းပြည်အတွက် လုပ်ငန်းယန္တရားဟာ နှောင့်နှေးသွားတယ်။ အဆိုတစ်ခု တင်တယ်ဆိုရင် အနည်းဆုံး ဆွေးနွေးတယ်။ ထောက်ခံတယ်။ မဲခွဲလိုက်၊ ဆုံးဖြတ်လိုက်နဲ့ဆိုတော့ အဆိုတစ်ခု တင်ရင် မေးခွန်း (၁၅) ခုလောက်မေးလို့ရတယ်။ အချိန်တွေ ကြာတဲ့အတွက်ကြောင့် ရှေ့လုပ်မယ့် ဥပဒကြေမ်း အတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲနိုင်တဲ့ ယန္တရားက နှောင့်နှေးစေနိုင်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

လွှတ်တော်တွင်း မေးခွန်းမေးရန် (၁၅)ရက်ကြိုတင် တင်ထားချိန်အတွင်း သက်ဆိုင်ရာဌာနများက အဆိုပါ မေးခွန်းနှင့် ပတ်သက်သည့် ကိစ္စများအား ဖြေရှင်းထားပြီးမှ လွှတ်တော်တွင် လာရောက်ဖြကြေားခြင်းဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် မေးခွန်းမေးမြန်းချိန်တွင် အဆိုပါ ကိစ္စများမှာ ဖြေရှင်းပြီး ကိစ္စဖြစ်နေတတ်ခြင်းများနှင့် ကြုံရခြင်းဖြစ်သည်ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

“ကျွန်တော်တို့ မေးခွန်းတင်ထားချိန်မှာ သူတို့က သက်ဆိုင်ရာဌာနကို အမိန့်ထုတ်လိုက်တယ်။ လွှတ်တော်မှာ လာဖြေတဲ့ အချိန်ကျတော့ ဘယ်နေ့က အမိန့်ထုတ်လိုက်ပါပြီ လာဖြေတဲ့အခါကျတော့ မေးတဲ့ ကာယကံရှင် အနေနဲ့ကလည်း သူ့မဲဆန္ဒနယ်မှာ ဒီလိုအမိန့်ထုတ်ထားတာ မသိဘူးလားဆိုပြီးတော့ ဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလိုမေးခွန်းမျိုးတွေကို မမေးခင်မှာ သက်ဆိုင်ရာ ဝန်ကြီးတွေ၊ သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းသင့်တယ်ပေါ့။ အဲလို အကြံပြုတာပါ။ အရင်ကတော့ ကျွန်တော်တို့အနေနဲ့ ဒီလိုဆွေးနွေးကြတာ မရှိဘူး။ (၁၅)ရက်တစ်ခါ မေးစရာရှိတာ မေးကြတာပေါ့။ ဒီနောက်ပိုင်းမှာတော့ ဒီလိုလေးတွေ လုပ်သွားကြမယ်ဆိုရင်တော့ ကျွန်တော်တို့ ရှေ့ဆက်လုပ်ရမယ့် ပြည်သူလူထုအတွက် လုပ်ငန်းတွေ ပိုမြန်ဆန်လာမယ်ပေါ့”ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် မေးခွန်းနှင့် အဆို ကန့်သတ်ချက်စည်းကမ်းများအား သတိထား လိုက်နာကြရန်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဌက တိုက်တွန်းလိုက်သည်။

“ကိုယ်စားလှယ်တွေမေးတဲ့ မေးခွန်းနဲ့ အဆိုမှာက ကန့်သတ်ချက်တွေ၊ စည်းကမ်းတွေရှိပြီးသားပါ။ ဥပမာပြောရရင် မေးခွန်းတစ်ခုမေးရင် ကိုယ့်ရဲ့ထင်မြင်ယူဆချက်၊ နိုင်ငံတော်လျို့ဝှက်ချက်၊ အသေးအဖွဲ ကိစ္စ၊ မဖြစ်သေးတဲ့ကိစ္စတွေ မမေးရပါဘူး။ အသေးအဖွဲ ကိစ္စတွေဆိုတာ ကိုယ်စားလှယ်တစ်ယောက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဖြေရှင်းလို့ရပါတယ်။ အရေးကြီးအဆို တင်သွင်းဖို့ဆိုတာက ဒီနေ့ဒီချိန် ဖြစ်ပျက်နေတာကို ပြောတာပါ”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် ရွေးကောက်ပွဲကာလက ပြိုင်ဘက်များဖြစ်သည့်တိုင် လွှတ်တော်အတွင်း ရောက်လာချိန်တွင် တိုင်းပြည်အတွက် လုပ်ဖော်ကိုင်ဖက်များအဖြစ် လက်တွဲ လုပ်ဆောင်ကြရန်ကိုလည်း တိုက်တွန်းလိုက်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ (၁၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမတွင် တွေ့ဆုံပြီး လွှတ်တော်တွင်း လုပ်ငန်းများ ပိုမိုမြန်ဆန်ရေးအတွက် ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~