ရွမ္းႏွင့္ ကယားမွ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမီးရိႈ႕ ဖ်က္ဆီးမႈပမာဏ ယခင္ႏွစ္ထက္ ေလးဆေက်ာ္မ်ားလာ

ရွမ္းႏွင့္ ကယားမွ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမီးရိႈ႕ ဖ်က္ဆီးမႈပမာဏ ယခင္ႏွစ္ထက္ ေလးဆေက်ာ္မ်ားလာ
ဇွန် 26, 2017
By Tachileik News Agency

၂၀၁၇ ခုႏွစ္တြင္ ရွမ္းျပည္နယ္ႏွင့့္ ကယားျပည္နယ္အတြင္းမွ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္းမ်ား မီးရိႈ႕ဖ်က္ဆီးမႈတန္ဖိုးမွာ ၂၀၁၆ ခုႏွစ္ထက္ ေလးဆေက်ာ္မ်ားၿပီး (၇)ႏွစ္အတြင္း တန္ဖိုးအမ်ားဆံုး မီးရိႈ႕ဖ်က္ဆီးမႈျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ စိတ္ၾကြရူးသြပ္ေဆးျပားဖမ္းဆီးရရိွမႈ တုိးလာတာပါ။ ဒီဖက္ပိုင္းကာလမွာ အရင္က ဖမ္းမိဖို႔ခက္တဲ့ ေသာင္းဂဏန္း၊ သိန္းဂဏန္းေလာက္ပမာဏေတြ ဖမ္းဆီးရမိလာတယ္။ ဒီ ၂၀၁၇ ခုႏွစ္ထဲမွာကို ကၽြန္ေတာ္တုိ႔ ေတာင္ႀကီးကေန ဖမ္းထားတာကို သိန္း (၆၀)ေက်ာ္ၿပီ။ အရင္ႏွစ္ေတြ တုန္းကဆိုရင္ ေတာင္ႀကီးက တစ္ႏွစ္တာလံုး ဖမ္းတာမွ (၁၅)သိန္း၊ သိန္း (၂၀)ေလာက္ပဲ မိတယ္”ဟု မူးယစ္တပ္ဖြဲ႕စု (၂၅) ေတာင္ႀကီးမွ ဒုတိယတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး လွထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွွင့္ တရားမဝင္ ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္မွ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးႏွင့္ ဓာတုေဗဒပစၥည္း စုစုေပါင္းတန္ဖိုး အေမရိကန္ေဒၚလာ (၁၄၃)သန္းေက်ာ္ကို ဇြန္လ (၂၆)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ မီးရိႈ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က ဖမ္းဆီးရမိသည့္တန္ဖိုးမွာ အေမရိကန္ ေဒၚလာ (၃၁)သန္းေက်ာ္ ျဖစ္ေၾကာင္း သိရသည္။

“ေဒၚလာ (၁၄၃)သန္းေက်ာ္မွာဆိုရင္ ကယားက ေဒၚလာ (၅)သန္းဖိုးေလာက္ပဲ ပါတယ္။ ကယားျပည္နယ္က နယ္ေျမလည္း က်ဥ္းေတာ့ ပမာဏလည္း နည္းပါတယ္။ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္း အားလံုးက ဖမ္းဆီးရရိွမႈက တိုးလာတယ္”ဟု  ဒုရဲမွဴး လွထြဋ္က ေျပာသည္။

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ အေဝရာကြင္းတြင္ မီးရိႈ႕ဖ်က္ဆီးခဲ့သည့္ မူးယစ္ေဆးႏွင့္ ဆက္စပ္ပစၥည္းမ်ား၏ တန္ဖိုး ပမာဏမ်ားမွာ၂၀၁၁ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ သန္း(၂၀)ေက်ာ္၊ ၂၀၁၂ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၈၃)သန္းေက်ာ္၊ ၂၀၁၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၆၅)သန္းေက်ာ္၊ ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၈၈)သန္းေက်ာ္၊ ၂၀၁၅ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၈၂)သန္းေက်ာ္၊ ၂၀၁၆ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၃၁)သန္းေက်ာ္ႏွင့္ ၂၀၁၇ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၁၄၃)သန္းေက်ာ္ မီးရိႈ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“နယ္စပ္ေဒသႏွင့္ ဆက္စပ္တည္ရိွေနမႈ၊ နယ္ေျမလံုၿခံဳေရး အေျခအေနအရပ္ရပ္ေၾကာင့္ ရွမ္းျပည္နယ္မွာ ဓာတု မူးယစ္ေဆးဝါးမ်ား ထုတ္လုပ္ရန္ အျခားေဒသမ်ားထက္ အခြင့္အလမ္းမ်ား ပိုမိုရိွေနတာကို ေတြ႔ရမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ ေအာင္ေအာင္က ျပည္နယ္အတြင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရး အေျခအေနမ်ား ရွင္းလင္းရာတြင္ ထည့္သြင္း ေျပာၾကားသြားသည္။

တစ္ႏုိင္ငံလံုးမွ ႏွစ္စဥ္ ဇြန္လ (၁၂)ရက္ေန႔အထိ တစ္ႏွစ္တာ ဖမ္းဆီးရမိသည္မ်ားကို ဇြန္လ (၂၆)ရက္ေန႔တြင္ ရန္ကုန္၊ မႏၱေလးႏွင့္ ေတာင္ႀကီးၿမိဳ႕ႀကီးသံုးၿမိဳ႕တြင္ မီးရိႈ႕ဖ်က္ဆီးေလ့ရိွေၾကာင္း သိရသည္။

“မူးယစ္ေဆးဝါး ထုတ္လုပ္မႈေလွ်ာ့ခ်ေရး၊ သံုးစြဲမႈေလွ်ာ့ခ်ေရးနဲ႕ တားဆီးႏွိမ္ႏွင္းေရး တပ္မေတာ္၊ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕နဲ႔ ဝန္ထမ္းအဖြဲ႕အစည္းေတြက ေဆာင္ရြက္ေနရာတြင္ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ပတ္ဝန္းက်င္မွ လူငယ္လူရြယ္မ်ား မူးယစ္ေဆးမသံုးစြဲေစေရး စည္းရံုးဆြဲေဆာင္ျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကပါရန္ တုိက္တြန္းေျပာၾကားပါသည္”ဟု ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က အခမ္းအနား အဖြင့္မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၂၆)ရက္ေန႔က က်င္းပသည့္ ႏွစ္ (၃၀)ေျမာက္အထိမ္းအမွတ္ အခမ္းအနားသို႔ ျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လႊတ္ေတာ္၊ တပ္မေတာ္မွ တာဝန္ရိွသူမ်ား၊ ျပည္နယ္အဆင့္ ဌာန ဆိုင္ရာမ်ား၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွ ဥကၠဌမ်ား၊ ဌာေနတိုင္းရင္းသား ျပည္သူ႕စစ္ အဖြဲ႕ေခါင္းေဆာင္မ်ား၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးအဖြဲ႕ဝင္မ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအပါအ၀င္ ျပည္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္ ၊ ႏိုႏို







~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးမှုတန်ဖိုးမှာ ၂၀၁၆ ခုနှစ်ထက် လေးဆကျော်များပြီး (၇)နှစ်အတွင်း တန်ဖိုးအများဆုံး မီးရှို့ဖျက်ဆီးမှုဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရရှိမှု တိုးလာတာပါ။ ဒီဖက်ပိုင်းကာလမှာ အရင်က ဖမ်းမိဖို့ခက်တဲ့ သောင်းဂဏန်း၊ သိန်းဂဏန်းလောက်ပမာဏတွေ ဖမ်းဆီးရမိလာတယ်။ ဒီ ၂၀၁၇ ခုနှစ်ထဲမှာကို ကျွန်တော်တို့ တောင်ကြီးကနေ ဖမ်းထားတာကို သိန်း (၆၀)ကျော်ပြီ။ အရင်နှစ်တွေ တုန်းကဆိုရင် တောင်ကြီးက တစ်နှစ်တာလုံး ဖမ်းတာမှ (၁၅)သိန်း၊ သိန်း (၂၀)လောက်ပဲ မိတယ်”ဟု မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူး လှထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုဗေဒပစ္စည်း စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော်ကို ဇွန်လ (၂၆)ရက်နေ့က တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဖမ်းဆီးရမိသည့်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၃၁)သန်းကျော် ဖြစ်ကြောင်း သိရသည်။

“ဒေါ်လာ (၁၄၃)သန်းကျော်မှာဆိုရင် ကယားက ဒေါ်လာ (၅)သန်းဖိုးလောက်ပဲ ပါတယ်။ ကယားပြည်နယ်က နယ်မြေလည်း ကျဉ်းတော့ ပမာဏလည်း နည်းပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်း အားလုံးက ဖမ်းဆီးရရှိမှုက တိုးလာတယ်”ဟု ဒုရဲမှူး လှထွဋ်က ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုး ပမာဏများမှာ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၂၀)ကျော်၊ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၃)သန်းကျော်၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆၅)သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၈)သန်းကျော်၊ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၂)သန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်နှင့် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စပ်ဒေသနှင့် ဆက်စပ်တည်ရှိနေမှု၊ နယ်မြေလုံခြုံရေး အခြေအနေအရပ်ရပ်ကြောင့် ရှမ်းပြည်နယ်မှာ ဓာတု မူးယစ်ဆေးဝါးများ ထုတ်လုပ်ရန် အခြားဒေသများထက် အခွင့်အလမ်းများ ပိုမိုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်”ဟု ရှမ်းပြည် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အခြေအနေများ ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားသွားသည်။

တစ်နိုင်ငံလုံးမှ နှစ်စဉ် ဇွန်လ (၁၂)ရက်နေ့အထိ တစ်နှစ်တာ ဖမ်းဆီးရမိသည်များကို ဇွန်လ (၂၆)ရက်နေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးသုံးမြို့တွင် မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း သိရသည်။

“မူးယစ်ဆေးဝါး ထုတ်လုပ်မှုလျှော့ချရေး၊ သုံးစွဲမှုလျှော့ချရေးနဲ့ တားဆီးနှိမ်နှင်းရေး တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေက ဆောင်ရွက်နေရာတွင် ပြည်သူများအနဖြေင့် မိမိတို့ပတ်ဝန်းကျင်မှ လူငယ်လူရွယ်များ မူးယစ်ဆေးမသုံးစွဲစေရေး စည်းရုံးဆွဲဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားပါသည်”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

တောင်ကြီးမြို့တွင် ဇွန်လ (၂၆)ရက်နေ့က ကျင်းပသည့် နှစ် (၃၀)မြောက်အထိမ်းအမှတ် အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဌများ၊ ဌာနေတိုင်းရင်းသား ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်၊ နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~