ပုပၸါးေတာင္ကလပ္ ေအာင္မင္းေခါင္ေက်ာင္းတိုက္ ေဂါပကဖဲြ႔စည္းမႈအေပၚ မေက်နပ္၍ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္

ပုပၸါးေတာင္ကလပ္ ေအာင္မင္းေခါင္ေက်ာင္းတိုက္ ေဂါပကဖဲြ႔စည္းမႈအေပၚ မေက်နပ္၍ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္
ဇွန် 8, 2017
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸါးေတာင္ကလပ္ စကားဝါေခ်ာင္ ေအာင္မင္းေခါင္ ေက်ာင္းတိုက္ ေဂါပကဖဲြ႔စည္းသည့္အေပၚ ေဒသခံမ်ား ေက်နပ္မႈမရိွသျဖင္႔ ဇြန္လ(၈)ရက္ နံနက္ပိုင္းတြင္ လူအင္အား (၁၀၀)၀န္းက်င္ျဖင့္ ေက်ာက္ပန္းေတာင္းၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္မႈတစ္ရပ္ ျပဳလုပ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ပုပၸါးေတာင္ကလပ္မွာရိွတဲ့ ေက်ာင္းတိုက္ေတြ ဘယ္တိုက္မွ ေဂါပကဖဲြ႔တာ မရိွဘူး။ စကားဝါေခ်ာင္ ေအာင္မင္းေခါင္ေက်ာင္းတိုက္မွာ ေဂါပကဖဲြ႔တယ္။  ဖဲြ႔ျပန္ေတာ႔လည္း ေဂါပကအဖဲြ႔မွာ လက္႐ွိေက်ာက္ပန္းေတာင္းျမိဳ႕နယ္တရား႐ုံးမွာ ရာဇသတ္ႀကီးပုဒ္မ ၄၀၆၊ ၄၄၇ တို႔နဲ႔ အမႈရင္ဆိုင္ေနရသူေတြ ပါဝင္ေနတယ္။ ဒါ႔ေၾကာင္႔ ကၽြန္ေတာ္တို႔ ေဒသခံေတြအေနနဲ႔ ေက်နပ္မႈမရိွလို႔ အခုလို ဆႏၵေဖာ္ထုတ္ရတာပါ”ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ဦးေဆာင္ ပါဝင္သူ ဦးစိုးညြန္႔က တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕၌ ဇြန္(၈)ရက္ နံနက္ ၈နာရီခြဲမွစ၍ ေက်ာက္ပန္းေတာင္း - ျမင္းျခံလမ္းမအတိုင္း UTH စက္သံုးဆီဆိုင္ေရွ႕မွ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္အားကစားကြင္းအထိ “စကားဝါေခ်ာင္ ေအာင္မင္းေခါင္ ေက်ာင္း တိုက္အတြင္း ေဂါပကဖဲြ႔ရန္ လံုးဝအလိုမရိွ” စာတန္းပါ ဗီႏိုင္းဆိုင္းဘုတ္ကိုက ိုင္ေဆာင္ကာ အဆိုပါ စာသားအတိုင္း ေၾကြးေၾကာ္၍ ခ်ီတက္ဆနၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ပုပၸါးေဒသ၌ (၄)ႀကိမ္တိတိ ေဂါပကဖဲြ႔စည္းမႈအေပၚကန္႔ကြက္ဆႏၵ ေဖာ္ထုတ္ခဲ့ ၾကေသာ္လည္း ေဂါပကဖဲြ႔စည္းမႈကို မူလအတိုင္း ဆက္လက္ေဆာင္ရြက္ေနသျဖင္႔ ယခု (၅)ႀကိမ္ေျမာက္ ဆႏၵေဖာ္ ထုတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္ရိွတရားရံုးမွာ တရားစဲြခံရလို႔ တရားရင္ဆိုင္ေနရသူေတြကို ေဂါပကအဖဲြ႔ထဲမွာ ထည့္သြင္းဖဲြ႔စည္းထားတာကို လံုးဝလက္မခံႏိုင္ပါဘူး။ အျပစ္မရိွဘူးလို႔ တရားရံုးက ဆံုးျဖတ္ၿပီးၿပီဆိုရင္ေတာ႔ ကန္႔ကြက္စရာမရိွပါဘူး။ အခုလို တရားရံုးက အမိန္႔ခ်ျခင္း မရိွေသးဘဲ ေဂါပကအဖဲြ႔ထဲ ထည့္သြင္းထားျခင္းဟာ တရားရံုးကိုလည္း မထီမဲ့ျမင္ျပဳရာ ေရာက္ေနပါတယ္။ ကြ်န္ေတာ္တို႔ကေတာ႔ (၅)ႀကိမ္ေျမာက္ ဆႏၵေဖာ္ထုတ္ေတာင္းဆိုတာကိုမွ လိုက္ေလ်ာျခင္းမရိွ ဘူးဆိုရင္ သက္ဆိုင္ရာေတြကို ဥပေဒနဲ႔အညီ တရားစဲြဆို ေဆာင္ရြက္သြားမွာပါ”ဟု ဦးစိုးညြန္႔က ေျပာသည္။

ေညာင္ဦးခ႐ိုင္ သာသနာေရးဦးစီမွဴးမွ ေဂါပကဖြဲစည္းရန္ ဖိတ္ၾကားခ်က္အရ ေအာင္မင္းေခါင္ေက်ာင္းတိုက္ဆရာေတာ္ ဦးကုသလ လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္အား အစည္းေဝးမတက္ေရာက္ရန္ ပုပၸါးေဒသခံ ရြာသူ ရြာသားမ်ားက ဦးတိုက္ေလ်ွာက္ထားျခင္းမ်ား ျပဳလုပ္ၾကသျဖင္႔ “ဒကာ၊ ဒကာမေတြကမွ သေဘာမတူရင္ ဖိတ္ေခၚတဲ႔ အခမ္းအနားကို မတက္ေတာ႔ပါဘူး”ဟုဆိုကာ ေက်ာင္းတိုက္သို႔ ျပန္ၾကြသြားေၾကာင္း သိရသည္။

“ေဂါပကဖဲြ႔စည္းတာကို ႏိုင္ငံေတာ္သံဃမဟာနာယကအဖဲြ႔က ဆံုးျဖတ္တာ။ မည္သည့္သံဃအဖဲြ႔အစည္းမွ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရဆိုၿပီး ႏိုင္ငံေတာ္ကဆံုးျဖတ္ေပးတာကို သာသနာေရးဦးစီးက ေဆာင္ရြက္ေပးရတာ။ သူတို႔ရဲ႕ သမိုင္းေၾကာင္းကိုၾကည့္မယ္ဆိုရင္လည္း လက္ရိွေက်ာင္းထိုင္ကိုယ္ေတာ္သည္ပင္ အဲဒီတရားစဲြခံထားရသူ ေတြပင္႔လို႔ ဒီေက်ာင္းမွာ ေက်ာင္းထိုင္ျဖစ္ေနရတာ။ အဲဒီ ဒကာေတြဟာ ေဂါပကအဖဲြ႔မွာထည့္ဖို႔ ဆံုးျဖတ္လိုက္တဲ႔ အခ်ိန္ထိ တရားခံမဟုတ္ဘူး”ဟု ၿမိဳ႕နယ္သံဃမဟာနာယကအဖဲြ႔ အတြင္းေရးမွဴး ျမေရႊဂူေက်ာင္းတိုက္ဆရာေတာ္ က မီဒီယာမ်ားအား ေတြ႔ဆံုမိန္႔ၾကားခဲ႔သည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ပဲြျပဳလုပ္ႏိုင္ရန္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴးရံုးသို႔ ဇြန္လ(၆)ရက္ေန႔က ခြင္႔ ျပဳမိန္႔တင္၍ ျပဳလုပ္ခဲ႔ျခင္းျဖစ္ၾကာင္း ဦးစိုးညြန္႔၏ ေျပာၾကားခ်က္အရ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် စကားဝါချောင် အောင်မင်းခေါင် ကျောင်းတိုက် ဂေါပကဖွဲ့စည်းသည့်အပေါ် ဒေသခံများ ကျေနပ်မှုမရှိသဖြင့် ဇွန်လ(၈)ရက် နံနက်ပိုင်းတွင် လူအင်အား (၁၀၀)ဝန်းကျင်ဖြင့် ကျောက်ပန်းတောင်းမြို့တွင် ဆန္ဒဖော်ထုတ်မှုတစ်ရပ် ပြုလုပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပုပ္ပါးတောင်ကလပ်မှာရှိတဲ့ ကျောင်းတိုက်တွေ ဘယ်တိုက်မှ ဂေါပကဖွဲ့တာ မရှိဘူး။ စကားဝါချောင် အောင်မင်းခေါင်ကျောင်းတိုက်မှာ ဂေါပကဖွဲ့တယ်။ ဖွဲ့ပြန်တော့လည်း ဂေါပကအဖွဲ့မှာ လက်ရှိကျောက်ပန်းတောင်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ၄၄၇ တို့နဲ့ အမှုရင်ဆိုင်နေရသူတွေ ပါဝင်နေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ကျေနပ်မှုမရှိလို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ”ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင် ပါဝင်သူ ဦးစိုးညွန့်က တာချီလိတ်အေဂျင်စီသို့ ပြောသည်။

ကျောက်ပန်းတောင်းမြို့၌ ဇွန်(၈)ရက် နံနက် ၈နာရီခွဲမှစ၍ ကျောက်ပန်းတောင်း - မြင်းခြံလမ်းမအတိုင်း UTH စက်သုံးဆီဆိုင်ရှေ့မှ ကျောက်ပန်းတောင်းမြို့နယ်အားကစားကွင်းအထိ “စကားဝါချောင် အောင်မင်းခေါင် ကျောင်း တိုက်အတွင်း ဂေါပကဖွဲ့ရန် လုံးဝအလိုမရှိ” စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ အဆိုပါ စာသားအတိုင်း ကြွေးကြော်၍ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုပ္ပါးဒေသ၌ (၄)ကြိမ်တိတိ ဂေါပကဖွဲ့စည်းမှုအပေါ်ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ ကြသော်လည်း ဂေါပကဖွဲ့စည်းမှုကို မူလအတိုင်း ဆက်လက်ဆောင်ရွက်နေသဖြင့် ယခု (၅)ကြိမ်မြောက် ဆန္ဒဖော် ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိတရားရုံးမှာ တရားစွဲခံရလို့ တရားရင်ဆိုင်နေရသူတွေကို ဂေါပကအဖွဲ့ထဲမှာ ထည့်သွင်းဖွဲ့စည်းထားတာကို လုံးဝလက်မခံနိုင်ပါဘူး။ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ကန့်ကွက်စရာမရှိပါဘူး။ အခုလို တရားရုံးက အမိန့်ချခြင်း မရှိသေးဘဲ ဂေါပကအဖွဲ့ထဲ ထည့်သွင်းထားခြင်းဟာ တရားရုံးကိုလည်း မထီမဲ့မြင်ပြုရာ ရောက်နေပါတယ်။ ကျွန်တော်တို့ကတော့ (၅)ကြိမ်မြောက် ဆန္ဒဖော်ထုတ်တောင်းဆိုတာကိုမှ လိုက်လျောခြင်းမရှိ ဘူးဆိုရင် သက်ဆိုင်ရာတွေကို ဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်သွားမှာပါ”ဟု ဦးစိုးညွန့်က ပြောသည်။

ညောင်ဦးခရိုင် သာသနာရေးဦးစီမှူးမှ ဂေါပကဖွဲစည်းရန် ဖိတ်ကြားချက်အရ အောင်မင်းခေါင်ကျောင်းတိုက်ဆရာတော် ဦးကုသလ လိုက်ပါလာသော မော်တော်ယာဉ်အား အစည်းဝေးမတက်ရောက်ရန် ပုပ္ပါးဒေသခံ ရွာသူ ရွာသားများက ဦးတိုက်လျှောက်ထားခြင်းများ ပြုလုပ်ကြသဖြင့် “ဒကာ၊ ဒကာမတွေကမှ သဘောမတူရင် ဖိတ်ခေါ်တဲ့ အခမ်းအနားကို မတက်တော့ပါဘူး”ဟုဆိုကာ ကျောင်းတိုက်သို့ ပြန်ကြွသွားကြောင်း သိရသည်။

“ဂေါပကဖွဲ့စည်းတာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်တာ။ မည်သည့်သံဃအဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုပြီး နိုင်ငံတော်ကဆုံးဖြတ်ပေးတာကို သာသနာရေးဦးစီးက ဆောင်ရွက်ပေးရတာ။ သူတို့ရဲ့ သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်လည်း လက်ရှိကျောင်းထိုင်ကိုယ်တော်သည်ပင် အဲဒီတရားစွဲခံထားရသူ တွေပင့်လို့ ဒီကျောင်းမှာ ကျောင်းထိုင်ဖြစ်နေရတာ။ အဲဒီ ဒကာတွေဟာ ဂေါပကအဖွဲ့မှာထည့်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ထိ တရားခံမဟုတ်ဘူး”ဟု မြို့နယ်သံဃမဟာနာယကအဖွဲ့ အတွင်းရေးမှူး မြရွှေဂူကျောင်းတိုက်ဆရာတော် က မီဒီယာများအား တွေ့ဆုံမိန့်ကြားခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်နိုင်ရန် ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဇွန်လ(၆)ရက်နေ့က ခွင့် ပြုမိန့်တင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြာင်း ဦးစိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~