တာခ်ီလိတ္တြင္ က်င္းပမည့္ Miss Universe Tachileik 2017 ၿပိဳင္ပြဲသို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ (၂၀)ဦး ေရြးခ်ယ္ခံရ

တာခ်ီလိတ္တြင္ က်င္းပမည့္ Miss Universe Tachileik 2017 ၿပိဳင္ပြဲသို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ (၂၀)ဦး ေရြးခ်ယ္ခံရ
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုခရိုင္ ႏွင့္ တာခ်ီလိတ္ခရိုင္တို႔မွ ပါ၀င္ယွဥ္ၿပိဳင္မည့္ Miss Universe Tachileik 2017 ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ(၂)ရက္ေန႔ ညေနပိုင္း၌ က်င္းပျပဳလုပ္မည္ျဖစ္ရာ ၿပိဳင္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ စာရင္းေပးသြင္းထားၾကသူ (၃၆)ဦးအနက္ (၂၀)ဦးမွာ ၿပိဳင္ပြဲသို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိသြားေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲသို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ရန္အတြက္ ေလွ်ာက္လႊာရွင္ (၄၂)ဦးရွိခ့ဲသည့္အနက္ ေလွ်ာက္လႊာရွင္(၃၆)ဦးက ဇြန္လ(၂၅)ရက္ေန႔ ညေန(၅)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ပလပ္တီနမ္စတား ဟိုတယ္၌ ျပဳလုပ္သည့္ လူေတြ႕စစ္ေဆးပြဲသို႔ ေရာက္ရွိလာၿပီး လူေတြ႕ စစ္ေဆးေမးျမန္းမႈ ခံယူရာ (၃၆)ဦးအနက္ (၂၀)ဦးမွာ ၿပိဳင္ပြဲသို႔ ၀င္ၿပိဳင္ခြင့္ ရရွိသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ နက္ျဖန္(ဇြန္ ၂၆)ကစၿပီး ကန္႔သြင္းတာေတြ စလုပ္ေတာ့မွာပါ၊ ေနာက္ပိုင္းမွာ ၿပိဳင္ပြဲနဲ႔ ပတ္သက္တာေတြ ေလ့က်င့္သင္ၾကားေပးသြားမွာပါ"ဟု Miss Universe Tachileik 2017 ၿပိဳင္ပြဲ က်င္းပေရးမွ တာခ်ီလိတ္ တာ၀န္ခံ ကိုအာကာ က ေျပာသည္။

ၿပိဳင္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ လူေတြ႕စစ္ေဆးေမးျမန္းမႈမ်ားကို Miss Universe Myanmar Organization မွ တာ၀န္ရွိသူမ်ားက လာေရာက္၍ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း ၎ထံက သိရသည္။

Miss Universe Tachileik 2017 ၿပိဳင္ပြဲသို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရရွိသူ အမ်ဳိးသမီးငယ္ (၂၀)ဦးမွာ ၁။ နန္းရွဲန္ဖူး၊ ၂။ ဇူးဇူးႏိုင္၊ ၃။ နန္းေမႊအုန္း၊ ၄။ မယုယုျမင့္၊ ၅။မကံ့ေကာ္ခင္၊ ၆။ မစုနႏၵာလင္း၊ ၇။ ထေရဇီးနား၊
၈။ နန္းရတနာစိုး၊ ၉။ စုစုဟန္နီ၊ ၁၀။ အိမ့္သူျခယ္၊ ၁၁။ ျငိမ္းျငိမ္းေဌး၊ ၁၂။နန္းေမြေဖာင္း၊ ၁၃။ ထက္ထက္မင္းဦး၊ ၁၄။ နန္းဟြမ္ႏြန္း၊ ၁၅။ အိျဖဴေက်ာ္၊ ၁၆။ ပိုပိုစန္း၊ ၁၇။ နန္းရွဲန္ဟြမ္၊ ၁၈။ ေမစႏၵီေမာင္၊
၁၉။ အိျဖဴေထြး ႏွင့္ ၂၀။သြန္းဆက္ေဟသီ တို႔ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ Miss Universe Tachileik 2017 အျဖစ္ ေရြးခ်ယ္ခံရသူအား က်ပ္(၁၀)သိန္း၊ 1st Runner Up ရရွိသူကို က်ပ္(၅)သိန္း ႏွင့္ 2st Runner Upရရွိသူကို က်ပ္(၃)သိန္း အျပင္ အျခား Title ဆုမ်ားစြာလည္း ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ပါလွ်ံတရုတ္ဘံုေက်ာင္းတြင္ ဇူလိုင္လ(၂)ရက္ေန႔ ညေန(၅)နာရီခြဲမွစ၍ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး သီဆိုေဖ်ာ္ေျဖပြဲမ်ား အေနျဖင့္ အဆိုေတာ္ ရဲေလး၊ အိုင္းရင္းဇင္မာျမင့္ တို႔မွ သီဆို ေဖ်ာ္ေျဖမည္ျဖစ္ကာ အကမ်ား အေနျဖင့္ ေခမီကို အက အဖြဲ႔ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ ရွမ္းရိုးရာ အကမ်ားျဖင့္လည္း ေဖ်ာ္ေျဖ တင္ဆက္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်တို့မှ ပါဝင်ယှဉ်ပြိုင်မည့် Miss Universe Tachileik 2017 ပြိုင်ပွဲအား တာချီလိတ်မြို့တွင် ဇူလိုင်လ(၂)ရက်နေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြသူ (၃၆)ဦးအနက် (၂၀)ဦးမှာ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် လျှောက်လွှာရှင် (၄၂)ဦးရှိခဲ့သည့်အနက် လျှောက်လွှာရှင်(၃၆)ဦးက ဇွန်လ(၂၅)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ ပလပ်တီနမ်စတား ဟိုတယ်၌ ပြုလုပ်သည့် လူတွေ့စစ်ဆေးပွဲသို့ ရောက်ရှိလာပြီး လူတွေ့ စစ်ဆေးမေးမြန်းမှု ခံယူရာ (၃၆)ဦးအနက် (၂၀)ဦးမှာ ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့် ရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ နက်ဖြန်(ဇွန် ၂၆)ကစပြီး ကန့်သွင်းတာတွေ စလုပ်တော့မှာပါ၊ နောက်ပိုင်းမှာ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ လေ့ကျင့်သင်ကြားပေးသွားမှာပါ"ဟု Miss Universe Tachileik 2017 ပြိုင်ပွဲ ကျင်းပရေးမှ တာချီလိတ် တာဝန်ခံ ကိုအာကာ က ပြောသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လူတွေ့စစ်ဆေးမေးမြန်းမှုများကို Miss Universe Myanmar Organization မှ တာဝန်ရှိသူများက လာရောက်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၎င်းထံက သိရသည်။

Miss Universe Tachileik 2017 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသူ အမျိုးသမီးငယ် (၂၀)ဦးမှာ ၁။ နန်းရှဲန်ဖူး၊ ၂။ ဇူးဇူးနိုင်၊ ၃။ နန်းမွှေအုန်း၊ ၄။ မယုယုမြင့်၊ ၅။မကံ့ကော်ခင်၊ ၆။ မစုနန္ဒါလင်း၊ ၇။ ထရေဇီးနား၊
၈။ နန်းရတနာစိုး၊ ၉။ စုစုဟန်နီ၊ ၁၀။ အိမ့်သူခြယ်၊ ၁၁။ ငြိမ်းငြိမ်းဌေး၊ ၁၂။နန်းမွေဖောင်း၊ ၁၃။ ထက်ထက်မင်းဦး၊ ၁၄။ နန်းဟွမ်နွန်း၊ ၁၅။ အိဖြူကျော်၊ ၁၆။ ပိုပိုစန်း၊ ၁၇။ နန်းရှဲန်ဟွမ်၊ ၁၈။ မေစန္ဒီမောင်၊
၁၉။ အိဖြူထွေး နှင့် ၂၀။သွန်းဆက်ဟေသီ တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် Miss Universe Tachileik 2017 အဖြစ် ရွေးချယ်ခံရသူအား ကျပ်(၁၀)သိန်း၊ 1st Runner Up ရရှိသူကို ကျပ်(၅)သိန်း နှင့် 2st Runner Upရရှိသူကို ကျပ်(၃)သိန်း အပြင် အခြား Title ဆုများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား တာချီလိတ်မြို့ရှိ ပါလျှံတရုတ်ဘုံကျောင်းတွင် ဇူလိုင်လ(၂)ရက်နေ့ ညနေ(၅)နာရီခွဲမှစ၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး သီဆိုဖျော်ဖြေပွဲများ အနဖြေင့် အဆိုတော် ရဲလေး၊ အိုင်းရင်းဇင်မာမြင့် တို့မှ သီဆို ဖျော်ဖြေမည်ဖြစ်ကာ အကများ အနဖြေင့် ခေမီကို အက အဖွဲ့ နှင့် တာချီလိတ်မြို့မှ ရှမ်းရိုးရာ အကများဖြင့်လည်း ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~