မူဆယ္တြင္ ဖြင့္လွစ္သည့္ ႏိုင္ငံတကာအဆင့္မီ အသက္ကယ္သင္တန္းသို႔ သင္တန္းသား (၁၃၅)ဦး တက္ေရာက္

မူဆယ္တြင္ ဖြင့္လွစ္သည့္ ႏိုင္ငံတကာအဆင့္မီ အသက္ကယ္သင္တန္းသို႔ သင္တန္းသား (၁၃၅)ဦး တက္ေရာက္
ဇွန် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခရိုင္ မူဆယ္ၿမိဳ႕တြင္  ႏိုင္ငံတကာအဆင့္မီ အသက္ကယ္ သင္တန္းကို ဇြန္လ (၇)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္က စတင္၍ ဖြင့္လွစ္ ပို႔ခ်ေနရာ အဆိုပါ သင္တန္းသို႔ သင္တန္းသား ဦးေရ စုစုေပါင္း (၁၃၅)ဦး တက္ေရာက္ သင္ၾကားလ်က္ရွိေၾကာင္း သိရသည္။

"ဖြင့္ပြဲကိုေတာ့ မူဆယ္ၿမိဳ႕ေတာ္ခန္းမမွာ မနက္(၈)နာရီမွာ ျပဳလုပ္ခဲ့ပါတယ္၊ ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ ဥကၠဌ ကိုယ္တိုင္ လာေရာက္ သင္ၾကားေပးေနတာျဖစ္ၿပီး အေရးေပၚ အသက္ကယ္ဆယ္ေရး သင္တန္းပုိ႔ခ် တာေတြကိုေတာ့ မူဆယ္ၿမိဳ႕ ျပည္ေထာင္စု အားကစားကြင္း အတြင္းမွာ ျပဳလုပ္ေနတာျဖစ္ပါတယ္"ဟု အေရးေပၚ ကယ္ဆယ္ေရးသင္တန္းျဖစ္ေျမာက္ေရးအဖြဲ႔မွ ဦးေသာင္းထြန္း( မူဆယ္ကရုဏာအသင္း ဥကၠဌ) က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ဥကၠဌ ဦးလွထြန္းမွ လာေရာက္သင္ၾကားေပးျခင္းျဖစ္ၿပီး မူဆယ္ၿမိဳ႕တြင္ သင္တန္း အမွတ္စဥ္ ၁၄ / ၂၀၁၇ အျဖစ္ လာေရာက္ပို႔ခ်ျခင္းျဖစ္ကာ သင္တန္းစတင္ ဖြင့္လွစ္သင္ၾကားသည့္ေန႔တြင္ အေရးေပၚလူနာေကာက္နည္းႏွင့္ လူနာပို႔ေဆာင္နည္းတို႔ကို စနစ္တက် စတင္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္မွ ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွစ၍ ႏိုင္ငံတကာ အဆင့္မီ အေရးေပၚ အသက္ကယ္ဆယ္ေရးသင္တန္းမ်ားကို လိုက္လံပို႔ခ်ေပးလ်က္ရွိၿပီး မူဆယ္ၿမိဳ႕တြင္ ဇြန္လ (၇) ရက္ေန႔မွ (၁၃) ရက္ေန႔အထိ သင္ၾကား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု -   ေရႊေၾကးစည္လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မီ အသက်ကယ် သင်တန်းကို ဇွန်လ (၇)ရက်နေ့ နံနက်(၈)နာရီအချိန်က စတင်၍ ဖွင့်လှစ် ပို့ချနေရာ အဆိုပါ သင်တန်းသို့ သင်တန်းသား ဦးရေ စုစုပေါင်း (၁၃၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

"ဖွင့်ပွဲကိုတော့ မူဆယ်မြို့တော်ခန်းမမှာ မနက်(၈)နာရီမှာ ပြုလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ကိုယ်တိုင် လာရောက် သင်ကြားပေးနေတာဖြစ်ပြီး အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်းပို့ချ တာတွေကိုတော့ မူဆယ်မြို့ ပြည်ထောင်စု အားကစားကွင်း အတွင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်"ဟု အရေးပေါ် ကယ်ဆယ်ရေးသင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးသောင်းထွန်း( မူဆယ်ကရုဏာအသင်း ဥက္ကဌ) က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဌ ဦးလှထွန်းမှ လာရောက်သင်ကြားပေးခြင်းဖြစ်ပြီး မူဆယ်မြို့တွင် သင်တန်း အမှတ်စဉ် ၁၄ / ၂၀၁၇ အဖြစ် လာရောက်ပို့ချခြင်းဖြစ်ကာ သင်တန်းစတင် ဖွင့်လှစ်သင်ကြားသည့်နေ့တွင် အရေးပေါ်လူနာကောက်နည်းနှင့် လူနာပို့ဆောင်နည်းတို့ကို စနစ်တကျ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံတကာ အဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေးသင်တန်းများကို လိုက်လံပို့ချပေးလျက်ရှိပြီး မူဆယ်မြို့တွင် ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရွှေကြေးစည်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~