ကြတ္ခုိင္မွ နယ္ေျမခံတပ္အား လက္နက္ႀကီးမ်ားပစ္ေန၍ စာသင္ေက်ာင္းတစ္ေက်ာင္းပိတ္ထားရ

ကြတ္ခုိင္မွ နယ္ေျမခံတပ္အား လက္နက္ႀကီးမ်ားပစ္ေန၍ စာသင္ေက်ာင္းတစ္ေက်ာင္းပိတ္ထားရ
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ နယ္ေျမခံတပ္အား ဇြန္လ(၂၆) ေန႔လယ္ပိုင္းက လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုမွ လက္နက္ႀကီးျဖင့္ လာေရာက္ပစ္ခတ္သျဖင့္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားလ်က္ရွိရာ ကြတ္ခိုင္ၿမိဳ႕တြင္းမွ အေျခခံပညာသင္ေက်ာင္းအခ်ိဳ႕အား ေန႔တစ္ဝက္ ပိတ္လိုက္ရေၾကာင္း သိရသည္။

“ကြတ္ခိုင္ၿမိဳ႕ကေန မူဆယ္ဘက္အထြက္ နမ့္ခံုေက်းရြာဘက္ကေနၿပီးေတာ့ ၿမိဳ႕အနီးက စစ္တပ္တစ္ခုကို လက္နက္ႀကီးနဲ႔ လာၿပီးပစ္ခတ္တဲ့အတြက္ စစ္တပ္ထဲကို လက္နက္ႀကီး က်ည္ဆံ(၂)ခုထက္မနည္း က်ေရာက္ခဲ့ပါတယ္။ အဲဒါေၾကာင့္ စစ္တပ္ဘက္က ျပန္လွန္ပစ္ခတ္မႈေတြ လုပ္ေနတယ္။ ပစ္ခတ္မႈ ျဖစ္ပြားတဲ့ ေနရာနဲ႔ အနီးဆံုးက အမွတ္(၉)အေျခခံပညာသင္မူလတန္းေက်ာင္းကိုေတာ့ ေန႔လယ္ပိုင္း ပိတ္လိုက္ရတယ္။ ေန႔လယ္ (၁၂)နာရီ(၂၅)မိနစ္ေလာက္မွာ စတင္ပစ္ခတ္လာတာ”ဟု အမည္မေဖာ္လိုသည့္ ၿမိဳ႕နယ္အဆင့္ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ႏွင့္ (၇)မိုင္ခန္႔အကြာရွိ ပန္ကူေက်းရြာ(ရြာေဟာင္း)အနီးတစ္ဝိုက္တြင္ ဇြန္လ (၂၅) ရက္ေန႔က တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သည့္အတြက္ ယခုကဲ့သို႔ လက္နက္ႀကီးျဖင့္ လာေရာက္ ပစ္ခတ္ျခင္းျဖစ္ႏိုင္ေၾကာင္း ၎က ေျပာသည္။

“ကြ်န္မတို႔ ရပ္ကြက္(၂) က အလယ္တန္းေက်ာင္းကေတာ့ မပိတ္ေပးဘူး။ ဒါေပမယ့္ ေက်ာင္းသား မိဘေတြကေတာ့ ကိုယ့္ကေလး ကိုယ္ျပန္သြားေခၚထားရတယ္။ လက္နက္ႀကီးပစ္သံေတြက ေတာ္ေတာ္ေလး က်ယ္က်ယ္ ၾကားရတယ္”ဟု ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။

ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းေနသည့္ ေန႔လယ္(၁)နာရီခန္႔အခ်ိန္ထိ လက္နက္ႀကီးပစ္ခတ္သံမ်ားအား ၾကားေနရဆဲျဖစ္ၿပီး ပစ္ခတ္မႈျဖစ္ပြားရာေနရာမွာ ကြတ္ခိုင္ၿမိဳ႕တြင္းမွ (၂)မိုင္ေက်ာ္ခန္႔သာကြာေဝးေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်အတွင်းရှိ နယ်မြေခံတပ်အား ဇွန်လ(၂၆) နေ့လယ်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ ကွတ်ခိုင်မြို့တွင်းမှ အခြေခံပညာသင်ကျောင်းအချို့အား နေ့တစ်ဝက် ပိတ်လိုက်ရကြောင်း သိရသည်။

“ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်အထွက် နမ့်ခုံကျေးရွာဘက်ကနပြေီးတော့ မြို့အနီးက စစ်တပ်တစ်ခုကို လက်နက်ကြီးနဲ့ လာပြီးပစ်ခတ်တဲ့အတွက် စစ်တပ်ထဲကို လက်နက်ကြီး ကျည်ဆံ(၂)ခုထက်မနည်း ကျရောက်ခဲ့ပါတယ်။ အဲဒါကြောင့် စစ်တပ်ဘက်က ပြန်လှန်ပစ်ခတ်မှုတွေ လုပ်နေတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာနဲ့ အနီးဆုံးက အမှတ်(၉)အခြေခံပညာသင်မူလတန်းကျောင်းကိုတော့ နေ့လယ်ပိုင်း ပိတ်လိုက်ရတယ်။ နေ့လယ် (၁၂)နာရီ(၂၅)မိနစ်လောက်မှာ စတင်ပစ်ခတ်လာတာ”ဟု အမည်မဖော်လိုသည့် မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်မြို့နှင့် (၇)မိုင်ခန့်အကွာရှိ ပန်ကူကျေးရွာ(ရွာဟောင်း)အနီးတစ်ဝိုက်တွင် ဇွန်လ (၂၅) ရက်နေ့က တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၎င်းက ပြောသည်။

“ကျွန်မတို့ ရပ်ကွက်(၂) က အလယ်တန်းကျောင်းကတော့ မပိတ်ပေးဘူး။ ဒါပေမယ့် ကျောင်းသား မိဘတွေကတော့ ကိုယ့်ကလေး ကိုယ်ပြန်သွားခေါ်ထားရတယ်။ လက်နက်ကြီးပစ်သံတွေက တော်တော်လေး ကျယ်ကျယ် ကြားရတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနေသည့် နေ့လယ်(၁)နာရီခန့်အချိန်ထိ လက်နက်ကြီးပစ်ခတ်သံများအား ကြားနေရဆဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရာနေရာမှာ ကွတ်ခိုင်မြို့တွင်းမှ (၂)မိုင်ကျော်ခန့်သာကွာဝေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~