ေရႊေညာင္ၿမိဳ႕ရွိ လက္ဖက္ရည္ဆိုင္အတြင္း လမ္းေခ်ာ္ဝင္ေရာက္လာသည့္ ေက်ာက္မီးေသြးတင္ တြဲကားေၾကာင့္ တပ္မေတာ္သားတစ္ဦး ေသဆံုး

ေရႊေညာင္ၿမိဳ႕ရွိ လက္ဖက္ရည္ဆိုင္အတြင္း လမ္းေခ်ာ္ဝင္ေရာက္လာသည့္ ေက်ာက္မီးေသြးတင္ တြဲကားေၾကာင့္ တပ္မေတာ္သားတစ္ဦး ေသဆံုး
မေ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ ေရႊေညာင္ၿမိဳ႕ ေအာင္သေျပ စဥ့္ဟယ္ရပ္ကြက္တြင္ ေမလ (၃၁) ရက္ေန႔ နံနက္ (၆) နာရီ (၃၀) မိနစ္၀န္းက်င္က ေက်ာက္မီးေသြးတင္ေဆာင္လာေသာ တြဲကားသည္ အရွိန္ျဖင့္ လမ္းေခ်ာ္ၿပီး လမ္းေလွ်ာက္ ေနသည့္ တပ္မေတာ္သားတစ္ဦးအား တိုက္မိၿပီး လမ္းေဘးမွ လက္ဖက္ရည္ဆိုင္တြင္း ထိုးဝင္သြားေၾကာင္း ေရႊေညာင္နယ္ေျမရဲစခန္းမွ သိရသည္။

“ ေအာင္သေျပ စဥ့္ဟယ္ရပ္ကြက္ထဲမွာ ျဖစ္တာပါ။ ေက်ာက္မီးေသြးတင္တဲ့ကားက ေတာင္ႀကီးဘက္ကေန လာတာပါ။ ေက်ာက္မီးေသြးေတြလည္း သယ္လာတယ္။ ကားကလည္း အရိွန္နဲ႔လာေတာ့ မထိန္းနိုင္ဘဲနဲ႕ လမ္းေခ်ာ္ၿပီး ေအာင္စိုးမိုးလက္ဖက္ရည္ဆိုင္ထဲ ၀င္သြားတယ္။ ၀င္သြားတဲ့အခါမွာ လမ္းမွာ လမ္းေလွ်ာက္ေနတဲ႕ စစ္သည္ တပ္ၾကပ္ ေစာအလြင္ (ေရႊေညာင္ၿမိဳ႕ ေထာက္ပို႔တပ္က)ကို တိုက္မိတယ္။ ဆိုင္ထဲမွာေတာ့ ဘယ္သူမွ မရွိပါဘူး။ စစ္သည္ကေတာ့ အဲဒီမွာတင္ ပြဲခ်င္းၿပီး ဆံုးသြားပါတယ္။ ယာဥ္ေမာင္း နာမည္က သန္းတင့္ေဆြ (၃၂) ႏွစ္၊ ယာဥ္ေနာက္လိုက္က ေအာင္နိုင္စိုးပါ။ သူတို႔ ႏွစ္ဦးကေတာ့ ေျခသလံုးမွာ ဒဏ္ရာရသြားပါတယ္။ အခုကၽြန္ေတာ္တို႔ စစ္ေဆးဖို႔လုပ္ေနပါတယ္” ဟု ေရႊေညာင္နယ္ေျမရဲစခန္း ဒုရဲအုပ္ဇာနည္မ်ဳိးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္အား ေရႊေညာင္နယ္ေျမရဲစခန္းတြင္ ယ(ပ) ၁၄/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အေရးယူ ေဆာင္ရြက္ထားေၾကာင္းသိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု -  Kotoe Taunggyi(FB)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အောင်သပြေ စဉ့်ဟယ်ရပ်ကွက်တွင် မေလ (၃၁) ရက်နေ့ နံနက် (၆) နာရီ (၃၀) မိနစ်ဝန်းကျင်က ကျောက်မီးသွေးတင်ဆောင်လာသော တွဲကားသည် အရှိန်ဖြင့် လမ်းချော်ပြီး လမ်းလျှောက် နေသည့် တပ်မတော်သားတစ်ဦးအား တိုက်မိပြီး လမ်းဘေးမှ လက်ဖက်ရည်ဆိုင်တွင်း ထိုးဝင်သွားကြောင်း ရွှေညောင်နယ်မြေရဲစခန်းမှ သိရသည်။

“ အောင်သပြေ စဉ့်ဟယ်ရပ်ကွက်ထဲမှာ ဖြစ်တာပါ။ ကျောက်မီးသွေးတင်တဲ့ကားက တောင်ကြီးဘက်ကနေ လာတာပါ။ ကျောက်မီးသွေးတွေလည်း သယ်လာတယ်။ ကားကလည်း အရှိန်နဲ့လာတော့ မထိန်းနိုင်ဘဲနဲ့ လမ်းချော်ပြီး အောင်စိုးမိုးလက်ဖက်ရည်ဆိုင်ထဲ ဝင်သွားတယ်။ ဝင်သွားတဲ့အခါမှာ လမ်းမှာ လမ်းလျှောက်နေတဲ့ စစ်သည် တပ်ကြပ် စောအလွင် (ရွှေညောင်မြို့ ထောက်ပို့တပ်က)ကို တိုက်မိတယ်။ ဆိုင်ထဲမှာတော့ ဘယ်သူမှ မရှိပါဘူး။ စစ်သည်ကတော့ အဲဒီမှာတင် ပွဲချင်းပြီး ဆုံးသွားပါတယ်။ ယာဉ်မောင်း နာမည်က သန်းတင့်ဆွေ (၃၂) နှစ်၊ ယာဉ်နောက်လိုက်က အောင်နိုင်စိုးပါ။ သူတို့ နှစ်ဦးကတော့ ခြေသလုံးမှာ ဒဏ်ရာရသွားပါတယ်။ အခုကျွန်တော်တို့ စစ်ဆေးဖို့လုပ်နေပါတယ်” ဟု ရွှေညောင်နယ်မြေရဲစခန်း ဒုရဲအုပ်ဇာနည်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ရွှေညောင်နယ်မြေရဲစခန်းတွင် ယ(ပ) ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - Kotoe Taunggyi(FB)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~