နမၼတူၿမိဳ႕တြင္ ဘုရားမီးပူေဇာ္ထားရာမွ ေနအိမ္တစ္လံုး မီးေလာင္ကၽြမ္း

နမၼတူၿမိဳ႕တြင္ ဘုရားမီးပူေဇာ္ထားရာမွ ေနအိမ္တစ္လံုး မီးေလာင္ကၽြမ္း
မေ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕၊ ပန္ဟိုက္ရပ္ကြက္(၄)တြင္ ေမလ (၃၀)ရက္ေန႔ ည(၁၁)နာရီ(၅၀)မိနစ္၀န္းက်င္အခ်ိန္က အဘိုးအိုတစ္ဦးတည္း ေနထိုင္သည့္ ေနအိမ္တြင္ ဘုရားမီးပူေဇာ္ထားရာမွ မီးေလာင္ကြ်မ္းမႈျဖစ္ပြားသျဖင့္ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

“ဘုရားစင္က သစ္သားတန္းေပၚ ဘုရားမီးထြန္းညႇိပူေဇာ္ရာက လူက အိပ္ေပ်ာ္သြားၿပီး မေစာင့္ၾကည့္ေနတဲ့ အတြက္ မီးေလာင္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ျဖစ္ပြားတဲ့ ေနအိမ္တစ္လံုးပဲ မီးေလာင္သြားတာပါ။ ေဘးပတ္ဝန္းက်င္ကို ကူးစက္မႈ မရွိခဲ့ပါဘူး။ မီးေလာင္မႈျဖစ္ပြားၿပီး (၁၅) မိနစ္ေလာက္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္” ဟု နမၼတူၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသက္(၈၉)ႏွစ္အရြယ္ အဘ္ိုးအိုေနထိုင္သည့္ ေနအိမ္၏ဘုရားစင္သစ္သားတန္းေပၚ၌ ဖေယာင္းတိုင္ထြန္းညႇိ ပူေဇာ္ထားရာမွ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရွိရၿပီး မီးေလာင္ကၽြမ္းမႈေၾကာင့္ ေပ(၄၀ -၁၅ )ေပ ရႊံ႕အုတ္ကာ၊ သြပ္မိုး၊ ေျမစိုက္အိမ္တစ္လံုး ပ်က္စီးဆံုးရႈံးခဲ့ရၿပီး ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“မီးေလာင္တဲ့အိမ္မွာက အဖိုးႀကီးတစ္ေယာက္ပဲေနေနတာ။ ဘုရားမီးထြန္းၿပီး အိပ္ေပ်ာ္သြားရာက ဘုရားစင္ကေန မီးစေလာင္တယ္လို႔သိရတယ္။ သူ႔အိမ္တစ္လံုးပဲေလာင္သြားတာ ေဘးပတ္ဝန္းက်င္ကို မီးကူးမွာစိုးလို႔ မီးတားတဲ့ အေနနဲ႔ အဖီတစ္ခ်ိဳ႕ဖ်က္လုိက္ရတာပဲရွိတယ္။ က်န္တာေတာ့ဘာမွမျဖစ္သြားဘူး” ဟု မီးေလာင္ရာသို႔ သြားေရာက္ ၿငိႇမ္းသတ္ကူခဲ့သူ ကိုေက်ာ္စိုးက ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ နမၼတူၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊ နမၼတူၿမိဳ႕မရဲစခန္းမွ အင္အားႏွင့္ ရပ္ကြက္ေနလူထုတို႔ သြားေရာက္ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ၿပီး မီးေလာင္မႈစတင္ျဖစ္ပြားသည့္ ေနအိမ္ပိုင္ရွင္အား မီးေပါ့ဆမႈျဖင့္ အေရးယူရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေက်ာ္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်(၄)တွင် မေလ (၃၀)ရက်နေ့ ည(၁၁)နာရီ(၅၀)မိနစ်ဝန်းကျင်အချိန်က အဘိုးအိုတစ်ဦးတည်း နေထိုင်သည့် နေအိမ်တွင် ဘုရားမီးပူဇော်ထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

“ဘုရားစင်က သစ်သားတန်းပေါ် ဘုရားမီးထွန်းညှိပူဇော်ရာက လူက အိပ်ပျော်သွားပြီး မစောင့်ကြည့်နေတဲ့ အတွက် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ နေအိမ်တစ်လုံးပဲ မီးလောင်သွားတာပါ။ ဘေးပတ်ဝန်းကျင်ကို ကူးစက်မှု မရှိခဲ့ပါဘူး။ မီးလောင်မှုဖြစ်ပွားပြီး (၁၅) မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက်(၈၉)နှစ်အရွယ် အဘို်းအိုနေထိုင်သည့် နေအိမ်၏ဘုရားစင်သစ်သားတန်းပေါ်၌ ဖယောင်းတိုင်ထွန်းညှိ ပူဇော်ထားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရပြီး မီးလောင်ကျွမ်းမှုကြောင့် ပေ(၄၀ -၁၅ )ပေ ရွှံ့အုတ်ကာ၊ သွပ်မိုး၊ မြေစိုက်အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့အိမ်မှာက အဖိုးကြီးတစ်ယောက်ပဲနေနေတာ။ ဘုရားမီးထွန်းပြီး အိပ်ပျော်သွားရာက ဘုရားစင်ကနေ မီးစလောင်တယ်လို့သိရတယ်။ သူ့အိမ်တစ်လုံးပဲလောင်သွားတာ ဘေးပတ်ဝန်းကျင်ကို မီးကူးမှာစိုးလို့ မီးတားတဲ့ အနေနဲ့ အဖီတစ်ချို့ဖျက်လိုက်ရတာပဲရှိတယ်။ ကျန်တာတော့ဘာမှမဖြစ်သွားဘူး” ဟု မီးလောင်ရာသို့ သွားရောက် ငြှိမ်းသတ်ကူခဲ့သူ ကိုကျော်စိုးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ နမ္မတူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ နမ္မတူမြို့မရဲစခန်းမှ အင်အားနှင့် ရပ်ကွက်နေလူထုတို့ သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုစတင်ဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆမှုဖြင့် အရေးယူရန်ပြင်ဆင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုကျော်စိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~