တာခ်ီလိတ္တပ္နယ္မွ ခ်စ္ၾကည္ေရးတံတား(၁)အနီးတြင္ တန္ဖိုးနည္း ဟင္းလ်ာေရာင္းခ်

တာခ်ီလိတ္တပ္နယ္မွ ခ်စ္ၾကည္ေရးတံတား(၁)အနီးတြင္ တန္ဖိုးနည္း ဟင္းလ်ာေရာင္းခ်
မေ 6, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚ လူစည္ကားရာ ေနရာမ်ားတြင္ တစ္ပတ္လွ်င္ (၂)ႀကိမ္ႏႈန္းျဖင့္ တာခ်ီလိတ္တပ္နယ္မွ တန္ဖုိးနည္း ထမင္းႏွင့္ဟင္းမ်ားကို ေရာင္းခ်ေပးေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ တန္ဖိုးနည္း ဟင္းလ်ာေရာင္းခ်မႈကို ဧၿပီလက စတင္ခဲ့ျခင္း ျဖစ္ၿပီး ယေန႔ အႀကိမ္အပါအ၀င္ (၄)ႀကိမ္ေျမာက္ ေရာင္းခ်ျခင္း ျဖစ္ေၾကာင္း ႏွင့္ လူစည္ကားရာေနရာမ်ားတြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ တာခ်ီလိတ္မွာ တပ္နယ္ကေနၿပီး စတင္ေရာင္းခ်ေပးတာက ဧၿပီလ(၁၂)ရက္ေန႔က စတာပါ။ ဒီအႀကိမ္ဆိုရင္ (၄)ႀကိမ္ေျမာက္ ျဖစ္ပါတယ္။ ေရာင္းခ်တဲ့ အခါမွာ ေနရာကို အတည္တက် မဟုတ္ဘဲ၊ ေရြ႕လ်ားေရာင္းခ်တဲ့ ပံုစံမ်ဳိးနဲ႔ လူစည္ကားရာ ေနရာေတြမွာ လိုက္လံေရာင္းခ်ေပးပါတယ္။ ေနာက္အႀကိမ္ၾကရင္ ၀မ္ေကာင္းေစ်းတို႔လို လူစည္ကားတဲ့ေနရာေတြမွာ ေရာင္းခ်ဖို႔လည္းရွိပါတယ္။ ၿမိဳ႕ေပၚရပ္ကြက္အႏွံ႔ေရာင္းခ်ေပးသြားမွာပါ"ဟု တာခ်ီလိတ္တပ္နယ္မွ အရာရွိတစ္ဦးက ေျပာသည္။

တာခ်ီလိတ္တပ္နယ္မွ တန္ဖိုးနည္းဟင္းလ်ာမ်ားအား ေရာင္းခ်ေပးရာတြင္ တစ္ခါျပင္ (၅၀၀)က်ပ္ သို႔မဟုတ္ (၁၅)ဘတ္ႏႈန္းျဖင့္ ေရာင္းခ်ေပးေနျခင္း ျဖစ္ၿပီး (၄)ႀကိမ္ေျမာက္အျဖစ္ ေမလ(၆)ရက္ေန႔ နံနက္ပိုင္းတြင္ ျမန္မာ - ထိုင္း အမွတ္(၁)တံတားထိပ္ရွိ အ၀ိုင္းပတ္အနီးတြင္ ေရာင္းခ်ေပးေနျခင္း ျဖစ္သည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ် လူစည်ကားရာ နေရာများတွင် တစ်ပတ်လျှင် (၂)ကြိမ်နှုန်းဖြင့် တာချီလိတ်တပ်နယ်မှ တန်ဖိုးနည်း ထမင်းနှင့်ဟင်းများကို ရောင်းချပေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်တွင် တန်ဖိုးနည်း ဟင်းလျာရောင်းချမှုကို ဧပြီလက စတင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ အကြိမ်အပါအဝင် (၄)ကြိမ်မြောက် ရောင်းချခြင်း ဖြစ်ကြောင်း နှင့် လူစည်ကားရာနေရာများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တာချီလိတ်မှာ တပ်နယ်ကနပြေီး စတင်ရောင်းချပေးတာက ဧပြီလ(၁၂)ရက်နေ့က စတာပါ။ ဒီအကြိမ်ဆိုရင် (၄)ကြိမ်မြောက် ဖြစ်ပါတယ်။ ရောင်းချတဲ့ အခါမှာ နေရာကို အတည်တကျ မဟုတ်ဘဲ၊ ရွေ့လျားရောင်းချတဲ့ ပုံစံမျိုးနဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံရောင်းချပေးပါတယ်။ နောက်အကြိမ်ကြရင် ဝမ်ကောင်းဈေးတို့လို လူစည်ကားတဲ့နေရာတွေမှာ ရောင်းချဖို့လည်းရှိပါတယ်။ မြို့ပေါ်ရပ်ကွက်အနှံ့ရောင်းချပေးသွားမှာပါ"ဟု တာချီလိတ်တပ်နယ်မှ အရာရှိတစ်ဦးက ပြောသည်။

တာချီလိတ်တပ်နယ်မှ တန်ဖိုးနည်းဟင်းလျာများအား ရောင်းချပေးရာတွင် တစ်ခါပြင် (၅၀၀)ကျပ် သို့မဟုတ် (၁၅)ဘတ်နှုန်းဖြင့် ရောင်းချပေးနခြေင်း ဖြစ်ပြီး (၄)ကြိမ်မြောက်အဖြစ် မေလ(၆)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ - ထိုင်း အမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်အနီးတွင် ရောင်းချပေးနခြေင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~