ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဆဌမပံုမွန္အစည္းအေဝးမ်ား ဇြန္လ (၆)ရက္ေန႔တြင္ စတင္မည္

ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဆဌမပံုမွန္အစည္းအေဝးမ်ား ဇြန္လ (၆)ရက္ေန႔တြင္ စတင္မည္
မေ 31, 2017
By Tachileik News Agency

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ဆဌမပံုမွန္ အစည္းအေ၀းမ်ားအား ဇြန္လ(၆)ရက္ေန႔တြင္ ျပန္လည္ စတင္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္လႊတ္ေတာ္ ညႊန္ၾကားေရးမွဴးရံုးမွ သိရသည္။

“လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကိုေတာ့ (၄)ရက္ေန႔ အမီေခၚထားပါတယ္။ ဘာအေၾကာင္းအရာေတြ ေဆြးေႏြးမယ္ဆိုတာကေတာ့ သူတို႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြမွာ မူတည္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ေဒသဖြံ႕ၿဖိဳးေရး အပိုင္းေတြပဲျဖစ္မွာပါ။ ဘယ္ႏွစ္ရက္က်င္းပမယ္ဆိုတာေတာ့ ကၽြန္ေတာ္တို႔ မသိေသးပါဘူး” ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးမွ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ပဥၥမပံုမွန္အစည္းအေ၀းကို ၂၀၁၇ ခုႏွစ္ မတ္လ (၂၀) ရက္ေန႔ တြင္စတင္ၿပီး (၄)ရက္တာ က်င္းပခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔ကို (၄)ရက္ေန႔အမီ (၅) ရက္ေန႔ ေနာက္ဆံုးထားၿပီး လာဖို႔ ေျပာထားပါတယ္။ ဘယ္ႏွစ္ရက္ လုပ္မယ္ဆိုတာေတာ့ မေျပာတတ္ေသးပါဘူး။ ကၽြန္ေတာ္ကေတာ့ ၾကယ္ပြင့္ျပေမးခြန္း ေမးသြားမွာပါ” ဟု ရြာငံၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၁)မွ ဦးေအးမင္းစိုးက ေျပာသည္။

ရွမ္းျပည္နယ္ လႊတ္ေတာ္တြင္ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္(၃၂)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(က်ားေခါင္း)မွ (၂၄)ဦး၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီမွ(၂၁)ဦး၊ တအာင္း (ပေလာင္) အမ်ိဳးသားပါတီမွ (၇)ဦး၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီမွ (၆)ဦး၊ ‘ဝ’ ဒီမိုကရက္တစ္ပါတီမွ(၁)ဦး၊ ‘ဝ’ အမ်ိဳးသား စည္းလံုးညီၫြတ္ေရးပါတီမွ(၁)ဦး၊ လားဟူ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၁)ဦး၊ ကိုးကန္႔ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီမွ (၁)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(က်ားျဖဴ)မွ (၁)ဦး၊ တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး(၇)ဦးႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ (၃၄)ဦး ရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန် အစည်းအေဝးများအား ဇွန်လ(၆)ရက်နေ့တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ (၄)ရက်နေ့ အမီခေါ်ထားပါတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာကတော့ သူတို့လွှတ်တော်ကိုယ်စားလှယ်တွေမှာ မူတည်ပါတယ်။ အများအားဖြင့်တော့ ဒေသဖွံ့ဖြိုးရေး အပိုင်းတွေပဲဖြစ်မှာပါ။ ဘယ်နှစ်ရက်ကျင်းပမယ်ဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး” ဟု ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအေဝးကို ၂၀၁၇ ခုနှစ် မတ်လ (၂၀) ရက်နေ့ တွင်စတင်ပြီး (၄)ရက်တာ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို (၄)ရက်နေ့အမီ (၅) ရက်နေ့ နောက်ဆုံးထားပြီး လာဖို့ ပြောထားပါတယ်။ ဘယ်နှစ်ရက် လုပ်မယ်ဆိုတာတော့ မပြောတတ်သေးပါဘူး။ ကျွန်တော်ကတော့ ကြယ်ပွင့်ပြမေးခွန်း မေးသွားမှာပါ” ဟု ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းစိုးက ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်(၃၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကျားခေါင်း)မှ (၂၄)ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ(၂၁)ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ (၇)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၆)ဦး၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ(၁)ဦး၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၁)ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ (၁)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ (၁)ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး(၇)ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၃၄)ဦး ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~