ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း နုန်းနှင့်အမှိုက်များ ဆယ်ယူရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်၊ မည်သူမဆို အကြံပြု ဆွေးနွေးနိုင်

ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း နုန်းနှင့်အမှိုက်များ ဆယ်ယူရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်၊ မည်သူမဆို အကြံပြု ဆွေးနွေးနိုင်
မေ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အထင်ကရဖြစ်သည့် နောင်တုံကန်အား သာယာ လှပေးရေအတွက် ကန်အတွင်းရှိ နုန်းများနှင့် အမှိုက်များကို မကြာမီ ကာလအတွင်း ဆယ်ယူနိုင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား မေလ(၁၆)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

နောင်တုံကန်သာယာလှပရေးအတွက် ကန်အတွင်းရှိ နုန်းနှင့်အမှိုက်များအား ဆယ်ယူခြင်း၊ ရေသစ် လဲလှယ်ခြင်းများ နှင့် လိုအပ်သည့် ပြုပင်မှုများကို ပြုလုပ်နိုင်ရန်အတွက် အင်ဂျင်နီယာများ နှင့် ပညာရှင်များအပြင် ပါဝင်လိုသူများ အနေဖြင့် လုပ်ငန်းအကောင်အထည်မဖော်မီ ပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်၍ အကြံပြု ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အထင်ကရဖြစ်သည့် နောင်တုံကန်အား သာယာ လှပေးရေအတွက် ကန်အတွင်းရှိ နုန်းများနှင့် အမှိုက်များကို မကြာမီ ကာလအတွင်း ဆယ်ယူနိုင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအေဝးအား မေလ(၁၆)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

နောင်တုံကန်သာယာလှပရေးအတွက် ကန်အတွင်းရှိ နုန်းနှင့်အမှိုက်များအား ဆယ်ယူခြင်း၊ ရေသစ် လဲလှယ်ခြင်းများ နှင့် လိုအပ်သည့် ပြုပင်မှုများကို ပြုလုပ်နိုင်ရန်အတွက် အင်ဂျင်နီယာများ နှင့် ပညာရှင်များအပြင် ပါဝင်လိုသူများ အနဖြေင့် လုပ်ငန်းအကောင်အထည်မဖော်မီ ပြုလုပ်သည့် အဆိုပါ အစည်းအေဝးသို့ တက်ရောက်၍ အကြံပြု ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~