လားရိႈးတြင္ဖြင့္လွစ္မည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္းတက္ေရာက္ႏုိင္

လားရိႈးတြင္ဖြင့္လွစ္မည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္းတက္ေရာက္ႏုိင္
မေ 5, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႔ခ်ဳပ္မွ ဦးစီးက်င္းပသည့္ ႏိုင္ငံတကာအဆင့္မီ အေရးေပၚ ကယ္ဆယ္ေရး သင္တန္းအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ (၁၀)ရက္ေန႔ ၌ ပထမဆံုးအႀကိမ္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

“လားရိႈးမွာ လူမႈကူညီကယ္ဆယ္ေရးသင္တန္းလာၿပီး ပို႔ခ်ေပးမွာျဖစ္ပါတယ္။ အဓိကကေတာ့ ေျမျပင္ကုသမႈ၊ သယ္ေဆာင္မႈ၊ ပို႔ေဆာင္မႈရယ္ တုန္႔ျပန္မႈရယ္ေပါ့ စတာေတြကို အဓိက သင္ၾကားေပးသြားမွာျဖစ္ပါတယ္။ မေတာ္တဆမႈေတြမွာျဖစ္တဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ေတြ႔ပို႔ခ် သင္တန္းေပးသြားမွာပါ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးလွထြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံတကာအဆင့္မီ လူမႈကယ္ဆယ္ေရးသင္တန္းမ်ားအား ျမန္မာႏိုင္ငံအႏွံ႔တြင္ သင္ၾကားပို႔ခ် ေပးသြားမည္ျဖစ္ၿပီး ေမလ (၂) ရက္ေန႔ကလည္း မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ (၃)ရက္တာသင္တန္း ပို႔ခ်ေနေၾကာင္း သိရသည္။

“လားရိႈးမွာလုပ္ေပးမွာကေတာ့ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တစ္ခုလံုးအတြက္ ရည္ရြယ္ၿပီးေတာ့ လုပ္တဲ့သင္တန္း ပါ။ ရွမ္း/ေျမာက္က ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္းပါဝင္ပါတယ္။ ဒီသင္တန္းေလးက တကယ္ကိုလိုအပ္တဲ့ သင္တန္းတစ္ခုျဖစ္တဲ့အတြက္ တက္ေစခ်င္တဲ့ဆႏၵအျပည့္နဲ႔ ဖိတ္ေခၚပါတယ္”ဟု ေရႊေၾကးစည္လူမႈကူညီေရးအသင္း(လားရိႈး)၏ ဥကၠဌ ဦးစိုင္းညီညီဟန္က ေျပာသည္။

ရွမး္ျပည္နယ္(ေျမာက္ပိုင္း)အတြက္ လားရိႈးၿမိဳ႕တြင္ ဖြင့္လွစ္မည့္ (၅)ရက္တာသင္တန္းကုိ Shining Myanmar ကုမၸဏီက မတည္ေငြျဖင့္ ေရႊေၾကးစည္လူမႈကူညီေရးအသင္း(လားရႈိး)မွ စီစဥ္ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမဲ့သင္တန္းအား တက္ေရာက္လိုသူမ်ား အေနျဖင့္ အမည္၊ မွတ္ပံုတင္အမွတ္၊ ပတ္စ္ပို႔ဓာတ္ပံု(၃)ပံု ၊ ပရဟိတအသင္းဝင္ျဖစ္ပါက မိမိတို႔၏ အသင္းအဖြဲ႔ အမည္ျဖင့္ ေရႊေၾကးစည္လူမႈကူညီေရးအသင္း ဖုန္း ၀၉ ၄၀၃၇၃၁၅၀၄ႏွင့္ ၀၉ ၇၇၆၈၉၆၂၉၉ တို႔သို႔ဆက္သြယ္၍ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် နိုင်ငံတကာအဆင့်မီ အရေးပေါ် ကယ်ဆယ်ရေး သင်တန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၁၀)ရက်နေ့၌ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“လားရှိုးမှာ လူမှုကူညီကယ်ဆယ်ရေးသင်တန်းလာပြီး ပို့ချပေးမှာဖြစ်ပါတယ်။ အဓိကကတော့ မြပြေင်ကုသမှု၊ သယ်ဆောင်မှု၊ ပို့ဆောင်မှုရယ် တုန့်ပြန်မှုရယ်ပေါ့ စတာတွေကို အဓိက သင်ကြားပေးသွားမှာဖြစ်ပါတယ်။ မတော်တဆမှုတွေမှာဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ပို့ချ သင်တန်းပေးသွားမှာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးလှထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတကာအဆင့်မီ လူမှုကယ်ဆယ်ရေးသင်တန်းများအား မြန်မာနိုင်ငံအနှံ့တွင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး မေလ (၂) ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် (၃)ရက်တာသင်တန်း ပို့ချနေကြောင်း သိရသည်။

“လားရှိုးမှာလုပ်ပေးမှာကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးအတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့သင်တန်း ပါ။ ရှမ်း/မြောက်က မြို့နယ်တိုင်း မြို့နယ်တိုင်းပါဝင်ပါတယ်။ ဒီသင်တန်းလေးက တကယ်ကိုလိုအပ်တဲ့ သင်တန်းတစ်ခုဖြစ်တဲ့အတွက် တက်စေချင်တဲ့ဆန္ဒအပြည့်နဲ့ ဖိတ်ခေါ်ပါတယ်”ဟု ရွှေကြေးစည်လူမှုကူညီရေးအသင်း(လားရှိုး)၏ ဥက္ကဌ ဦးစိုင်းညီညီဟန်က ပြောသည်။

ရှမး်ပြည်နယ်(မြောက်ပိုင်း)အတွက် လားရှိုးမြို့တွင် ဖွင့်လှစ်မည့် (၅)ရက်တာသင်တန်းကို Shining Myanmar ကုမ္ပဏီက မတည်ငွဖြေင့် ရွှေကြေးစည်လူမှုကူညီရေးအသင်း(လားရှိုး)မှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့သင်တန်းအား တက်ရောက်လိုသူများ အနဖြေင့် အမည်၊ မှတ်ပုံတင်အမှတ်၊ ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ ပရဟိတအသင်းဝင်ဖြစ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်ဖြင့် ရွှေကြေးစည်လူမှုကူညီရေးအသင်း ဖုန်း ဝ၉ ၄၀၃၇၃၁၅၀၄နှင့် ဝ၉ ၇၇၆၈၉၆၂၉၉ တို့သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~