တာခ်ီလိတ္တြင္ ခိုးရာပါ ပစၥည္းမ်ားအား လက္ခံ ၀ယ္ယူ ေရာင္းခ်ျခင္း မျပဳလုပ္ရန္ ကီလိုအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ေခၚယူ အသိေပး

တာခ်ီလိတ္တြင္ ခိုးရာပါ ပစၥည္းမ်ားအား လက္ခံ ၀ယ္ယူ ေရာင္းခ်ျခင္း မျပဳလုပ္ရန္ ကီလိုအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ေခၚယူ အသိေပး
မေ 24, 2017
By Tachileik News Agency

ျပည္သူပိုင္ပစၥည္းမ်ား ႏွင့္ ခိုးရာပါ ပစၥည္းမ်ားအား လာေရာက္ ေရာင္းခ်ပါက လက္ခံ ၀ယ္ယူျခင္း မျပဳေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕တြင္း ကီလိုအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ေခၚယူ ေတြ႕ဆံု၍ အသိပညာေပးမႈအျဖစ္ ေမလ(၂၄)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးတြင္ ျပဳလုပ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္ၿမိဳ႕ဟာ နယ္စပ္ၿမိဳ႕ျဖစ္တဲ့အတြက္ နယ္ေပါင္းစုံက လူေတြ လာေရာက္ေနထိုင္ၾကတာျဖစ္တယ္။ တခ်ိဳ႕ဆို တစ္ဖက္ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရၿပီး ဒီမွာေသာင္တင္ၿပီး လမ္းေဘးေရာက္သြားတဲ့သူေတြလည္း ရွိပါတယ္။ အဲဒီခါက်ရင္ ဝမ္းေရးအတြက္ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရွာၾကံ စားေသာက္ၾကတယ္။ ဒီေန႔ အသိပညာေပး ေခၚရျခင္းက ကီလိုေရာင္းဝယ္လုပ္ကိုင္သူမ်ားအေနျဖင့္ ဥပေဒနဲ႔ၿငိစြန္းၿပီး ေရာင္းမွား ဝယ္မွား မျဖစ္ၾကေစရန္ ျဖစ္တယ္။ လုပ္ငန္းရွင္မ်ားအေနနဲ႔ စဥ္းစားရမွာက ခိုးရာပါပစၥည္းလား၊ စြန္႔ပစ္ပစၥည္းလားဆိုတာ စဥ္းစားၿပီး ဝယ္ယူလက္ခံဖို႔ လိုအပ္ပါတယ္” ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက ေျပာသည္။

အဆိုပါ ေတြ႕ဆံုမႈသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ေခတၱၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ၾကည္စိုး၊ ၿမိဳ႕မရဲစခန္းမွဴးမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္း၊ ခရိုင္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴး စံသိန္း၊ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္တို႔ တက္ေရာက္ၿပီး ကီလိုေရာင္းဝယ္လုပ္ကိုင္သူတို႔အား ဥပေဒပိုင္းဆိုင္ရာပညာေပး ေဟာေျပာျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေမလ၏ တတိယပတ္အတြင္း ျပည္သူပိုင္ ပစၥည္းခိုးယူမႈအျဖစ္ တာခ်ီလိတ္ၿမိဳ႕လယ္ လမ္းမ လမ္းေဘး ပလက္ေဖာင္းရွိ ေရေျမာင္းဖံုးအား ခိုးယူကာ ကီလိုဆိုင္သို႔ သြားေရာက္ ေရာင္းခ်ျခင္းမ်ား ရွိေၾကာင္း သိရ၍ ေရွ႕ဆက္လက္ၿပီး ကီလိုအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူမ်ားအေနျဖင့္ ျပည္သူပိုင္ ပစၥည္းမ်ား ႏွင့္ ခိုးရာပါ ပစၥည္းမ်ားကို လက္ခံ ၀ယ္ယူျခင္း၊ ျပန္လည္ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ရန္အတြက္ ယခုလို ေတြ႕ဆံုကာ ဥပေဒဆိုင္ရာ ပညာေပး ေျပာဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်သူပိုင်ပစ္စည်းများ နှင့် ခိုးရာပါ ပစ္စည်းများအား လာရောက် ရောင်းချပါက လက်ခံ ဝယ်ယူခြင်း မပြုရေးအတွက် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာချီလိတ်မြို့တွင်း ကီလိုအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများကို ခေါ်ယူ တွေ့ဆုံ၍ အသိပညာပေးမှုအဖြစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

“တာချီလိတ်မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် နယ်ပေါင်းစုံက လူတွေ လာရောက်နေထိုင်ကြတာဖြစ်တယ်။ တချို့ဆို တစ်ဖက်ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး ဒီမှာသောင်တင်ပြီး လမ်းဘေးရောက်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီခါကျရင် ဝမ်းရေးအတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာကြံ စားသောက်ကြတယ်။ ဒီနေ့ အသိပညာပေး ခေါ်ရခြင်းက ကီလိုရောင်းဝယ်လုပ်ကိုင်သူများအနဖြေင့် ဥပဒေနဲ့ငြိစွန်းပြီး ရောင်းမှား ဝယ်မှား မဖြစ်ကြစေရန် ဖြစ်တယ်။ လုပ်ငန်းရှင်များအနေနဲ့ စဉ်းစားရမှာက ခိုးရာပါပစ္စည်းလား၊ စွန့်ပစ်ပစ္စည်းလားဆိုတာ စဉ်းစားပြီး ဝယ်ယူလက်ခံဖို့ လိုအပ်ပါတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်းက ပြောသည်။

အဆိုပါ တွေ့ဆုံမှုသို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြည်စိုး၊ မြို့မရဲစခန်းမှူးမှ စခန်းမှူး ဒုရဲမှူး ထိန်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စံသိန်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်တို့ တက်ရောက်ပြီး ကီလိုရောင်းဝယ်လုပ်ကိုင်သူတို့အား ဥပဒေပိုင်းဆိုင်ရာပညာပေး ဟောပြောခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် မေလ၏ တတိယပတ်အတွင်း ပြည်သူပိုင် ပစ္စည်းခိုးယူမှုအဖြစ် တာချီလိတ်မြို့လယ် လမ်းမ လမ်းဘေး ပလက်ဖောင်းရှိ ရေမြောင်းဖုံးအား ခိုးယူကာ ကီလိုဆိုင်သို့ သွားရောက် ရောင်းချခြင်းများ ရှိကြောင်း သိရ၍ ရှေ့ဆက်လက်ပြီး ကီလိုအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများအနဖြေင့် ပြည်သူပိုင် ပစ္စည်းများ နှင့် ခိုးရာပါ ပစ္စည်းများကို လက်ခံ ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန်အတွက် ယခုလို တွေ့ဆုံကာ ဥပဒေဆိုင်ရာ ပညာပေး ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~