ေဒသအသီးသီးမွ ရွမ္းစာေပႏွင့္ရိုးရာဓေလ့သင္ၾကားလိုသူမ်ားအား အခမဲ့လုိက္လံသင္ၾကားေပးမည္

ေဒသအသီးသီးမွ ရွမ္းစာေပႏွင့္ရိုးရာဓေလ့သင္ၾကားလိုသူမ်ားအား အခမဲ့လုိက္လံသင္ၾကားေပးမည္
ဧပြီ 1, 2017
By 🌸
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ ရွမ္းစာေပႏွင့္ ရိုးရာဓေလ့သင္ၾကားလိုသူမ်ားအား ရွွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ အခမဲ့သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ ရွမ္းလူမ်ဳိးပဲ လာရမယ္လို႔ မဟုတ္ဘူး။ ဘာသာစံုလူမ်ဳိးေတြ လာသင္ယူလို႔ရတယ္။ ခြဲျခားသတ္မွတ္ထားတာလည္း မရွိပါဘူး။ အရင္ႏွစ္ေတြမွာဆို စစ္ကိုင္းတိုင္းထိ အကူအညီေတာင္းလို႔သင္ၾကားေပးတာရွိတယ္။ လြိဳင္ေကာ္မွာလည္း သင္ေပးတယ္။ တိုင္း နဲ႕ ျပည္နယ္ကေနလာေခၚရင္ေတာ့ သင္ၾကားေပးသြားမွာပါ။ လာႀကိဳရင္လည္းရတယ္။ သြားဖို႔စရိတ္ေတြကိုေတာ့ ကၽြန္မတို႔ ရွမ္းစာေပအသင္းတိုက္ကေန ေထာက္ပ့ံေပးပါတယ္။ လာအကူအညီေတာင္းတဲ့ မည္သည့္ေနရာမဆို အခမဲ႕ သြားေရာက္သင္ၾကားေပးပါတယ္”ဟု     ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ဆရာမ နန္းဝိုးစံက ေျပာသည္။
လက္ရိွတြင္ ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းတြင္လည္း ဧၿပီလ (၁) ရက္ေန႔မွ ေမလ (၂၀) ရက္ေန႔အထိ သင္တန္းဖြင့္ထားၿပီး ေတာင္ႀကီးၿမိဳ႕အနီးဝန္းက်င္ေဒသမ်ားတြင္ သင္ၾကားေပးေနေၾကာင္း သိရသည္။
“ ရွမ္းရိုးရာဓေလ့ယဥ္ေက်းမႈ မေပ်ာက္ကြယ္ေအာင္ မ်ဳိးဆက္သစ္လူငယ္ေတြလည္း ဆက္ၿပီးထိန္းသိမ္းနိုင္ ေအာင္ပါ။ တျခားရပ္ရြာေက်းရြာေတြမွာလည္း သင္ၾကားေပးသြားမွာပါ။ ရြာေတြမွာလည္း ရွမ္းရိုးရာနဲ႕ ပတ္သက္ၿပီး လာသင္ၾကားဖို႕ ဖိတ္ေခၚတာေတြလည္းရွိတယ္။ ေႏြရာသီေရာက္ၿပီဆိုရင္ တျခားနယ္က ဖိတ္ေခၚတာေတြမ်ားတယ္”ဟု ဆရာမ နန္းဝိုးစံက ေျပာသည္။
ရွမ္းစာေပအျပင္ ရွမ္းရိုးရာအက၊ ရွမ္းရိုးရာသိုင္း၊ ရွမ္းသီခ်င္း၊ ရွမ္းဘုရားစာ၊ ယဥ္ေက်းမႈအႏုပညာတို႔ကိုလည္း သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

ဒေသအသီးသီးမှ ရှမ်းစာပေနှင့်ရိုးရာဓလေ့သင်ကြားလိုသူများအား အခမဲ့လိုက်လံသင်ကြားပေးမည်
************

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရှမ်းစာပေနှင့် ရိုးရာဓလေ့သင်ကြားလိုသူများအား ရှှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ရှမ်းလူမျိုးပဲ လာရမယ်လို့ မဟုတ်ဘူး။ ဘာသာစုံလူမျိုးတွေ လာသင်လို့ရတယ်။ ခွဲခြားသတ်မှတ်ထားတာလည်း မရှိပါဘူး။ အရင်နှစ်တွေမှာဆို စစ်ကိုင်းတိုင်းထိ အကူအညီတောင်းလို့ သင်ကြားပေးတာရှိတယ်။လွိုင်ကော်မှာလည်း သင်ပေးတယ်။ တိုင်း နဲ့ ပြည်နယ်ကနေလာခေါ်ရင်တော့ သင်ကြားပေးသွားမှာပါ။လာကြိုရင်လည်းရတယ်။ သွားဖို့စရိတ်တွေကိုတော့ ကျွန်မတို့ ရှမ်းစာပေအသင်းတိုက်ကနေ ထောက်ပ့ံပေးပါတယ်။ လာအကူအညီတောင်းတဲ့ မည်သည့်နေရာမဆို အခမဲ့ သွားရောက်သင်ကြားပေးပါတယ်”ဟု တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆရာမ နန်းဝိုးစံက ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတွင်လည်း ဧပြီလ (၁) ရက်နေ့မှ မေလ (၂၀) ရက်နေ့အထိ သင်တန်းဖွင့်ထားပြီး တောင်ကြီးမြို့အနီးဝန်းကျင်ဒေသများတွင် သင်ကြားပေးနေကြောင်း သိရသည်။

“ ရှမ်းရိုးရာဓလေ့ယဉ်ကျေးမှု မပျောက်ကွယ်အောင် မျိုးဆက်သစ်လူငယ်တွေလည်း ဆက်ပြီးထိန်းသိမ်း နိုင်အောင်ပါ။ တခြားရပ်ရွာကျေးရွာတွေမှာလည်း သင်ကြားပေးသွားမှာပါ။ ရွာတွေမှာလည်း ရှမ်းရိုးရာနဲ့ ပတ်သက်ပြီး လာသင်ကြားဖို့ ဖိတ်ခေါ်တာတွေလည်းရှိတယ်။ နွေရာသီရောက်ပြီဆိုရင် တခြားနယ်က ဖိတ်ခေါ်တာတွေများတယ်”ဟု ဆရာမ နန်းဝိုးစံက ပြောသည်။

ရှမ်းစာပေအပြင် ရှမ်းရိုးရာအက၊ ရှမ်းရိုးရာသိုင်း၊ ရှမ်းသီချင်း၊ ရှမ်းဘုရားစာ၊ ယဉ်ကျေးမှုအနုပညာတို့ကိုလည်း သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~