တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးမွ ပို႔ကုန္ ယခင္ဘ႑ာႏွစ္ထက္ အေမရိကန္ေဒၚလာ (၅)သန္းေက်ာ္ တိုးလာ

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးမွ ပို႔ကုန္ ယခင္ဘ႑ာႏွစ္ထက္ အေမရိကန္ေဒၚလာ (၅)သန္းေက်ာ္ တိုးလာ
ဧပြီ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြင္း ထိုင္းနိုင္ငံသို႔ ပို႔ကုန္ ပမာဏမွာ ယခင္ဘ႑ာႏွစ္ထက္ အေမရိကန္ေဒၚလာ (၅)သန္းေက်ာ္ တိုးတက္ရရိွထားေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္ ပို႔ကုန္ပမာဏမွာ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၄.၄၆၀)ရိွၿပီး ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္က ပို႔ကုန္ပမာဏမွာ အေမရိကန္ေဒၚလာသန္းေပါင္း (၉.၆၆၀ ) ရိွခဲ့ျခင္းျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

“ဒီလို တိုးတက္လာတာက ရွမ္းျပည္နယ္အစိုးရကေန ၂၀၁၆ ခုႏွစ္ ၾသဂုတ္လက စၿပီးေတာ့ နယ္စပ္ ဝင္ေပါက္ေတြကေန တရားဝင္ကုန္သြယ္မႈတိုးတက္လာေရးအတြက္ ၾကပ္မတ္ လုပ္ေဆာင္ လာတာေတြေၾကာင့္လည္း ပါ ပါတယ္”ဟု နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နယ္စပ္ကုန္သြယ္ေရးမွ တရားဝင္ကုန္သြယ္မႈ တိုးတက္လာေရးအတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ျပည္နယ္အစိုးရ ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွစ၍ ေဆာင္ရြက္လာျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ထိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈပမာဏမွာ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္တြင္ ပို႔ကုန္ (၉.၆၆၀)ႏွင့္ သြင္းကုန္ (၆၄.၉၂၉) စုစုေပါင္း ကုန္သြယ္မႈပမာဏ (၇၄.၅၈၉)ရိွခဲ့ၿပီး ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ပို႔ကုန္( ၁၄.၄၆၀)ႏွင့္ သြင္းကုန္ (၆၆.၉၄၀) စုစုေပါင္း ကုန္သြယ္မႈပမာဏ (၈၁.၄၀၀) ရရိွခဲ့ေၾကာင္း သိရသည္။

နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအပါအဝင္ ျမန္မာႏိုင္ငံမွ ျပည္ပပို႔ကုန္တိုးျမင့္ေစေရးအတြက္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ (၁၈)ရက္ေန႔က ျပဌာန္းလိုက္သည့္ အထူးကုန္စည္ခြန္ ဥပေဒသစ္ အရ အထူးကုန္စည္ (၁၆)မ်ိဳးကိုသာ ကုန္သြယ္လုပ္ငန္းခြန္ ေကာက္ခံၿပီး အျခားကုန္စည္မ်ားကို ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန် ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ (၅)သန်းကျော် တိုးတက်ရရှိထားကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၄.၄၆၀)ရှိပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၉.၆၆၀ ) ရှိခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“ဒီလို တိုးတက်လာတာက ရှမ်းပြည်နယ်အစိုးရကနေ ၂၀၁၆ ခုနှစ် သြဂုတ်လက စပြီးတော့ နယ်စပ် ဝင်ပေါက်တွေကနေ တရားဝင်ကုန်သွယ်မှုတိုးတက်လာရေးအတွက် ကြပ်မတ် လုပ်ဆောင် လာတာတွေကြောင့်လည်း ပါ ပါတယ်”ဟု နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အစိုးရအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ကုန်သွယ်ရေးမှ တရားဝင်ကုန်သွယ်မှု တိုးတက်လာရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ် သြဂုတ်လမှစ၍ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန် (၉.၆၆၀)နှင့် သွင်းကုန် (၆၄.၉၂၉) စုစုပေါင်း ကုန်သွယ်မှုပမာဏ (၇၄.၅၈၉)ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်( ၁၄.၄၆၀)နှင့် သွင်းကုန် (၆၆.၉၄၀) စုစုပေါင်း ကုန်သွယ်မှုပမာဏ (၈၁.၄၀၀) ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများအပါအဝင် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်တိုးမြင့်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့က ပြဌာန်းလိုက်သည့် အထူးကုန်စည်ခွန် ဥပဒေသစ် အရ အထူးကုန်စည် (၁၆)မျိုးကိုသာ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံပြီး အခြားကုန်စည်များကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~