ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းမှ လေပြင်းဒဏ်သင့်အိမ်ခြေ ၁၀၀ ကျော်ရှိ မိသားစုများ ယာယီတဲဖြင့် နေထိုင်နေရ
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းမှ လေပြင်းဒဏ်သင့်အိမ်ခြေ ၁၀၀ ကျော်ရှိ မိသားစုများ ယာယီတဲဖြင့် နေထိုင်နေရ
ဧပွီ 12, 2017
By Tachileik News Agency
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း ဧပြီလ(၉)ရက်နေ့က လေပြင်းဒဏ်ကြောင့် အိမ်ခြေ (၁၀၀)ကျော် ပျက်စီးသွားသဖြင့် လေဘေးသင့်သူများသည် လက်ရှိတွင် ယာယီတဲများဖြင့် နေထိုင်နေရကြောင်း သိရသည်။
အင်ဂျန်းယန်မြို့နယ် ပုန်ဆွေယာန်ကျေးရွာနှင့် ဆွတ်လှန်ယာန်ကျေးရွာတို့တွင် ဧပြီလ (၉)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်စုစုပေါင်း အိမ်ခြေ(၁၀၄)လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - KSDP
~~~~~~~~⊰❂ unicode ~~~~~~~~
ကချင်ပြည်နယ် ဘအင်ဂျန်းယန်မြို့နယ်အတွင်းမှ လပြေင်းဒဏ်သင့်အိမ်ခြေ ၁၀၀ ကျော်ရှိ မိသားစုများ ယာယီတဲဖြင့် နေထိုင်နေရ
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း ဧပြီလ(၉)ရက်နေ့က လပြေင်းဒဏ်ကြောင့် အိမ်ခြေ (၁၀၀)ကျော် ပျက်စီးသွားသဖြင့် လေဘေးသင့်သူများသည် လက်ရှိတွင် ယာယီတဲများဖြင့် နေထိုင်နေရကြောင်း သိရသည်။
“(၉)ရက်နေ့က လေဆင်နှာမောင်းနဲ့တူတယ်။ သူတို့ကတော့ မပြောတတ်ဘူးပေါ့။ အိမ်ခြေသုံးပုံ နှစ်ပုံလောက် ပျက်စီးသွားတယ်။ ဘုရားကျောင်းတွေလည်း ပါတယ်။ အတော် ခိုင်ခိုင်ခန့်ခန့် ဆောက်ထားတာတွေပဲ ကျန်တယ်။ လက်ရှိမှာတော့ သူတို့က ကျေးရွာ ဘုရားရှိခိုးကျောင်းက မပျက်စီးသေးတဲ့ အပိုင်းမှာ နေထိုင်နေတယ်။ ယာယီတဲတွေ ထိုးပြီး နေထိုင်နကြေပါတယ်”ဟု အဆိုပါ လေဘေးသင့်များအား သွားရောက်ကူညီခဲ့သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လေဘေးသင့်သူများအတွက် အရေးပေါ် နေထိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဧပြီလ (၁၂)ရက်နေ့တွင် သွားရောက်ကူညီကြကြောင်း သိရသည်။
“ဒီက ပျက်စီးမှုစာရင်းကို ပြည်နယ်အစိုးရလည်း သိပြီးဖြစ်တော့ ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင် နကြေမှာပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ သူတို့အတွက် အရေးပေါ်လိုအပ်တဲ့ အဓိက မိုးကာပေါ့နော်၊ နောက်ဖယောင်းတိုင်တို့၊ ဆန်၊ဆားတို့ လာကူညီပေးတာပါ။ သူတို့ဆီမှာ ဆန်ကတော့ ရှိတယ်။ အဓိက လိုတာက ယာယီတဲတွေ ဆောက်ပြီးနကြေတော့ မိုးကာလိုတာပေါ့”ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။
အင်ဂျန်းယန်မြို့နယ် ပုန်ဆွေယာန်ကျေးရွာနှင့် ဆွတ်လှန်ယာန်ကျေးရွာတို့တွင် ဧပြီလ (၉)ရက်နေ့ ညပိုင်းက လပြေင်းတိုက်ခတ်မှုကြောင့်စုစုပေါင်း အိမ်ခြေ(၁၀၄)လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌနှင့် အတွင်းရေးမှူး(၃)ဦး၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်တို့ ပါဝင်သည့် အဖွဲ့က လေဘေးသင့်သူများ အတွက် အရေးပေါ်အသုံးလိုမည့် ပစ္စည်းများ သွားရောက်ပို့ဆောင်ကာ လိုအပ်သည်များ ကူညီနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - KSDP 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~