တာခ်ီလိတ္တြင္ သႀကၤန္အၿပီး ၀မ္းပ်က္၀မ္းေလွ်ာ အျဖစ္မ်ားေန၍ အစားအေသာက္မ်ား သတိထားရန္လိုအပ္

တာခ်ီလိတ္တြင္ သႀကၤန္အၿပီး ၀မ္းပ်က္၀မ္းေလွ်ာ အျဖစ္မ်ားေန၍ အစားအေသာက္မ်ား သတိထားရန္လိုအပ္
ဧပြီ 30, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအၿပီးမွစ၍ ၀မ္းပ်က္ ၀မ္းေလွ်ာေရာဂါ ျဖစ္ပြားမႈမွာ သိသိသာသာမ်ားလာသည့္အတြက္ ေသာက္သံုးေရမ်ားႏွင့္ အစားအစာမ်ားကို သတိထားစားသံုးရန္ လိုအပ္ေၾကာင္း သိရသည္။

"သႀကၤန္ၿပီးေနာက္ပိုင္း မိုးေတြ ရြာလာၿပီးေနာက္မွာ တျဖည္းျဖည္းနဲ႔ ၀မ္းပ်က္၊ ၀မ္းေလွ်ာေတြ မ်ားလာတာ၊ အခု ဒီတစ္ပတ္အတြင္းကေတာ့ ပိုၿပီးေတာ့ သိသာလာတယ္။ ဒီေန႔(ဧၿပီ ၃၀)ဆိုရင္ လူနာအေယာက္ (၂၀)လာတာမွာ (၁၀)ေယာက္က ၀မ္းပ်က္၀မ္းေလွ်ာေတြျဖစ္ေနတယ္။ ပုန္းထြန္ရပ္ကြက္ဘက္ကေတာ့ အျဖစ္မ်ားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ေငြၾကယ္စင္ ေဆးခန္းမွ ေဒါက္တာျပည့္ျမင့္ျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုကာလတြင္ အဓိကအားျဖင့္ အစားအေသာက္မ်ား ကို သတိထားရန္ႏွင့္ တစ္ကိုယ္ရည္သန္႔ရွင္းမႈ အထူးလိုအပ္ေၾကာင္း သိရသည္။

"အခုတေလာ မိုးက အဲ့လို ရြာလိုက္ေတာ့ ေလာေလာဆယ္ဆိုရင္ အျပင္မွာ ၀ယ္ေသာက္ေနတဲ့ ေရသန္႔ေတြကိုေတာင္ သိပ္စိတ္မခ်ရဘူး။ လတ္တေလာကာလမွာ အိမ္မွာပဲ ေရကို က်ဳိခ်က္ေသာက္တာ ပိုေကာင္းလိမ့္မယ္၊ ေနာက္ၿပီး အစားအေသာက္ေတြဆိုရင္လည္း အိမ္မွာ ခ်က္ျပဳတ္တာကိုပဲ စားတာ ပိုအဆင္ေျပလိမ့္မယ္၊ ယင္နားစာေတြကိုလည္း ဂရုစိုက္ဖို႔လိုပါလိမ့္မယ္၊ အစားအေသာက္ေတြကို ကိုင္ခါနီးရင္ဆိုလည္း လက္ေဆးဖို႔ လိုပါတယ္။ အဓိက ကေတာ့ တစ္ကိုယ္ရည္က်န္းမာေရး ဂရုစိုက္ဖို႔ လိုပါတယ္"ဟု ေဒါက္တာျပည့္ျမင့္ျမတ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၌ သႀကၤန္အၿပီးကာလမ်ားတြင္ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါမွာ သိသိသာသာအျဖစ္ ၂၀၁၅ ခုႏွစ္ကလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"အိမ္သားတစ္ေယာက္ျဖစ္ရင္ အဓိက က အိမ္သာသံုးတဲ့အခ်ိန္ ေရမ်ားမ်ားေလာင္းၿပီး ဆပ္ျပာနဲ႔ ေဆးဖို႔လိုတယ္၊ ၀မ္းေရာဂါက ကူးစက္မ်ားတယ္"ဟု လက္ေတြ႕ ၀မ္းပ်က္၀မ္းေလွ်ာျဖစ္ေနသူ ကို၀င္းလင္းက ေျပာသည္။

သတင္း -  ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် သင်္ကြန်အပြီး ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ၍ အစားအသောက်များ သတိထားရန်လိုအပ်

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအပြီးမှစ၍ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမှာ သိသိသာသာများလာသည့်အတွက် သောက်သုံးရေများနှင့် အစားအစာများကို သတိထားစားသုံးရန် လိုအပ်ကြောင်း သိရသည်။

"သင်္ကြန်ပြီးနောက်ပိုင်း မိုးတွေ ရွာလာပြီးနောက်မှာ တဖြည်းဖြည်းနဲ့ ဝမ်းပျက်၊ ဝမ်းလျှောတွေ များလာတာ၊ အခု ဒီတစ်ပတ်အတွင်းကတော့ ပိုပြီးတော့ သိသာလာတယ်။ ဒီနေ့(ဧပြီ ၃၀)ဆိုရင် လူနာအယောက် (၂၀)လာတာမှာ (၁၀)ယောက်က ဝမ်းပျက်ဝမ်းလျှောတွဖြေစ်နေတယ်။ ပုန်းထွန်ရပ်ကွက်ဘက်ကတော့ အဖြစ်များတယ်"ဟု တာချီလိတ်မြို့ ငွကြေယ်စင် ဆေးခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုကာလတွင် အဓိကအားဖြင့် အစားအသောက်များ ကို သတိထားရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးလိုအပ်ကြောင်း သိရသည်။

"အခုတလော မိုးက အဲ့လို ရွာလိုက်တော့ လောလောဆယ်ဆိုရင် အပြင်မှာ ဝယ်သောက်နေတဲ့ ရေသန့်တွေကိုတောင် သိပ်စိတ်မချရဘူး။ လတ်တလောကာလမှာ အိမ်မှာပဲ ရေကို ကျိုချက်သောက်တာ ပိုကောင်းလိမ့်မယ်၊ နောက်ပြီး အစားအသောက်တွေဆိုရင်လည်း အိမ်မှာ ချက်ပြုတ်တာကိုပဲ စားတာ ပိုအဆင်ပြေလိမ့်မယ်၊ ယင်နားစာတွေကိုလည်း ဂရုစိုက်ဖို့လိုပါလိမ့်မယ်၊ အစားအသောက်တွေကို ကိုင်ခါနီးရင်ဆိုလည်း လက်ဆေးဖို့ လိုပါတယ်။ အဓိက ကတော့ တစ်ကိုယ်ရည်ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်"ဟု ဒေါက်တာပြည့်မြင့်မြတ်က ပြောသည်။

တာချီလိတ်မြို့၌ သင်္ကြန်အပြီးကာလများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ သိသိသာသာအဖြစ် ၂၀၁၅ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အိမ်သားတစ်ယောက်ဖြစ်ရင် အဓိက က အိမ်သာသုံးတဲ့အချိန် ရေများများလောင်းပြီး ဆပ်ပြာနဲ့ ဆေးဖို့လိုတယ်၊ ဝမ်းရောဂါက ကူးစက်များတယ်"ဟု လက်တွေ့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ ကိုဝင်းလင်းက ပြောသည်။

သတင်း - ကိုဇောင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~