ကယန္းရုိးရာယဥ္ေက်းမႈ႕ မေပ်ာက္ကြယ္ရန္ ဗုံပေလြၿပိဳင္ပြဲ ထည့္သြင္း က်င္းပမည္

ကယန္းရုိးရာယဥ္ေက်းမႈ႕ မေပ်ာက္ကြယ္ရန္ ဗုံပေလြၿပိဳင္ပြဲ ထည့္သြင္း က်င္းပမည္
ဧပြီ 8, 2017
By Tachileik News Agency

ဧၿပီလ(၁၀)ရက္ေန႔တြင္ က်ေရာက္မည့္ (၁၇)ႀကိမ္ေျမာက္ ကယန္းအမ်ိဳးသားေန႔တြင္ ထူးျခားခ်က္အျဖစ္ ကယန္းလူမ်ိဳးမ်ား၏ ရုိးရာဂီတ တစ္ခုျဖစ္သည့္ ဗုံပေလြတီးခတ္မႈ ၿပိဳင္ပြဲအား ပထမဆုံး အႀကိမ္ ထည့္သြင္းက်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ ကယန္းအမ်ိဳးသားေန႔တြင္ ယခင္ႏွစ္မ်ားႏွင့္ မတူဘဲ ထူးျခားခ်က္အျဖစ္ ကယန္းလူမ်ိဳးမ်ား၏ ရုိးရာဂီတ တစ္ခုျဖစ္သည့္ ဗုံပေလြတီးခတ္မႈအား ၿပိဳင္ပြဲတစ္ခုအျဖစ္ ထည့္သြင္း က်င္းပသြားမည္ ျဖစ္ေၾကာင္း ကယန္းအမ်ိဳးသားေန႔ ျဖစ္ေျမာက္ေရး ေကာ္မတီ ထံမွ သိရသည္။

“ဗုံပေလြဆိုတာက ကြ်န္ေတာ္တို႔ ကယန္းလူမ်ိဳးေတြရဲ႕ ရုိးရာယဥ္ေက်းမႈတစ္ခုျဖစ္တယ္။ တိုင္းရင္းသားေတြ ထဲမွာေရာ ကမာၻမွာပါ ရွိတဲ့ တိုင္းရင္းသားေတြနဲ႔ မတူညီဘဲ ထူးျခားတဲ့ ရုိးရာဂီတတစ္ခု ျဖစ္တယ္။ ဒီယဥ္ေက်းမႈကို ဆက္လက္ထိန္းသိမ္းဖို႔ရယ္ - ေနာက္တစ္ခုက ကြ်န္ေတာ္တို႔ ကယန္း အမ်ိဳးသားေန႔ တိုင္းမွာ ဒီရုိးရာ ဗုံပေလြ တီးခတ္တဲ့ၿပိဳင္ပြဲ ရွိၿပီးသား ျဖစ္မယ္။ ကယန္းအမ်ိဳးသားေန႔ ရွိရင္ ဗုံပေလြၿပိဳင္ပြဲ ရွိတယ္ဆိုတဲ့ ဓေလ့တစ္ခုကိုပါ ကြ်န္ေတာ္တို႔ အသက္သြင္းခ်င္တာပါ၊ ႏွစ္တိုင္း က်င္းပ ႏိုင္ေအာင္လည္း ကြ်န္ေတာ္တို႔ ကယန္းအႏုပညာရွင္ အသင္းကလည္း ဆက္ႀကိဳးစားသြားဖို႔ ရွိပါတယ္"ဟု ကယန္း အမ်ိဳးသားေန႔ ျဖစ္ေျမာက္ေရး ေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ခြန္းဂြ်န္ဆီဇာ က ေျပာသည္။

ဗုံပေလြ တီးခတ္မႈမွာ ရုိးရာဗုံႀကီးမ်ား ႏွင့္ ကိုယ္တိုင္လုပ္ ပေလြမ်ားကို ဝိုင္းဖြဲ႕တီးမႈတ္ကာ ရုိးရာ အကမ်ားျဖင့္ တီးခတ္ ေဖ်ာ္ေျဖရျခင္းျဖစ္ၿပီး ယခုလို ဗုံပေလြတီးခတ္မႈအား အမ်ိဳးသားေန႔တြင္ ကယန္းလူမ်ိဳးမ်ား၏ ျပယုဒ္ တစ္ခုအျဖစ္ ထည့္သြင္းေပးျခင္းမွာ ကယန္းလူထုတစ္ရပ္လုံးအတြက္ ဂုဏ္ယူစရာ ျဖစ္သလို မိမိတို႔၏ ရုိးရာ ယဥ္ေက်းမႈမ်ားကို တန္ဖိုးျမႇင့္တင္ေပးရာလည္းေရာက္ေၾကာင္း ကယန္းလူငယ္တစ္ဦး ျဖစ္သည့္ ခြန္းေသာမက္က ဆိုသည္။

“ကြ်န္ေတာ့္အေနနဲ႔ဆိုရင္ ဂုဏ္ယူတာေပါ့ ။ ဒီဗုံပေလြ ၿပိဳင္ပြဲဆိုတာေတာ့ ရွိေတာ့ရွိတယ္ ။ ဒါေပမယ့္ ဒီေလာက္ႀကီးက်ယ္ခမ္းနားခဲ့တာမ်ိဳးမဟုတ္ဘူး ။ ဒီရဲ႕ ရုိးရာဂီတကလည္း တျခား ဘယ္တိုင္းရင္းသားနဲ႕မွ မတူတဲ့ ဂီတတစ္ခု ။ ဒီလိုကိုယ္ပိုင္ဂီတေတြကို ပိုၿပီးေဖာ္ထုတ္ေပးေလေလ - ကြ်န္ေတာ္တို႔ လူမ်ိဳးေတြရဲ႕ စိတ္ဓာတ္ေတြ ယဥ္ေက်းမႈေတြပါ ျမႇင့္တင္လာႏိုင္ေလေလ ျဖစ္မွာပါ”ဟု ၎ကေျပာသည္။

ယခုႏွစ္၏ ထူးျခားခ်က္ အျဖစ္ ကယန္းရုိးရာ ဗုံပေလြၿပိဳင္ပြဲႀကီးအျပင္ အျခားတိုင္းရင္းသားမ်ားျဖစ္သည့္ ကယား၊ ပရဲ႕ကေယာ၊ ပအိုဝ္း၊ ရွမ္း၊ လီဆူ စသည့္ တိုင္းရင္းသားမ်ား၏ ရုိးရာယဥ္ေက်းမႈအကမ်ား ပါဝင္မည္ျဖစ္သလို ကယန္းလူမ်ိဳးမ်ား၏ တံခြန္တိုင္ရုိးရာအကမ်ားကိုပါ ထည့္သြင္းက်င္းပသြားမွာ ျဖစ္ေၾကာင္းသိရသည္။

ဧၿပီလ (၁၀) ရက္ေန႔တြင္ က်ေရာက္မည့္ (၁၇)ႀကိမ္ေျမာက္ ကယန္းအမ်ိဳးသားေန႔  ဘုံ အခမ္းအနားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း )ဆီဆိုင္ၿမိဳ႕နယ္ ေရျဖဴေက်းရြာတြင္ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေရျဖဴေက်းရြာတြင္ က်င္းပမည့္ ဘံုကယန္းအမ်ိဳးသားေန႔အျပင္ ကယန္းလူမ်ိဳးမ်ားေနထိုင္သည့္ ကယားျပည္နယ္ ၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ႏွင့္ ကရင္ျပည္နယ္ တို႔တြင္လည္း အခမ္းအနားမ်ား က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယန်းရိုးရာယဉ်ကျေးမှု့ မပျောက်ကွယ်ရန် ဗုံပလွပြေိုင်ပွဲ ထည့်သွင်း ကျင်းပမည် 

ဧပြီလ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့တွင် ထူးခြားချက်အဖြစ် ကယန်းလူမျိုးများ၏ ရိုးရာဂီတ တစ်ခုဖြစ်သည့် ဗုံပလွေတီးခတ်မှု ပြိုင်ပွဲအား ပထမဆုံး အကြိမ် ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကယန်းအမျိုးသားနေ့တွင် ယခင်နှစ်များနှင့် မတူဘဲ ထူးခြားချက်အဖြစ် ကယန်းလူမျိုးများ၏ ရိုးရာဂီတ တစ်ခုဖြစ်သည့် ဗုံပလွေတီးခတ်မှုအား ပြိုင်ပွဲတစ်ခုအဖြစ် ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ကယန်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။

“ဗုံပလွေဆိုတာက ကျွန်တော်တို့ ကယန်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တယ်။ တိုင်းရင်းသားတွေ ထဲမှာရော ကမာ္ဘမှာပါ ရှိတဲ့ တိုင်းရင်းသားတွေနဲ့ မတူညီဘဲ ထူးခြားတဲ့ ရိုးရာဂီတတစ်ခု ဖြစ်တယ်။ ဒီယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖို့ရယ် - နောက်တစ်ခုက ကျွန်တော်တို့ ကယန်း အမျိုးသားနေ့ တိုင်းမှာ ဒီရိုးရာ ဗုံပလွေ တီးခတ်တဲ့ပြိုင်ပွဲ ရှိပြီးသား ဖြစ်မယ်။ ကယန်းအမျိုးသားနေ့ ရှိရင် ဗုံပလွပြေိုင်ပွဲ ရှိတယ်ဆိုတဲ့ ဓလေ့တစ်ခုကိုပါ ကျွန်တော်တို့ အသက်သွင်းချင်တာပါ၊ နှစ်တိုင်း ကျင်းပ နိုင်အောင်လည်း ကျွန်တော်တို့ ကယန်းအနုပညာရှင် အသင်းကလည်း ဆက်ကြိုးစားသွားဖို့ ရှိပါတယ်"ဟု ကယန်း အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ခွန်းဂျွန်ဆီဇာ က ပြောသည်။

ဗုံပလွေ တီးခတ်မှုမှာ ရိုးရာဗုံကြီးများ နှင့် ကိုယ်တိုင်လုပ် ပလွေများကို ဝိုင်းဖွဲ့တီးမှုတ်ကာ ရိုးရာ အကများဖြင့် တီးခတ် ဖျော်ဖြေရခြင်းဖြစ်ပြီး ယခုလို ဗုံပလွေတီးခတ်မှုအား အမျိုးသားနေ့တွင် ကယန်းလူမျိုးများ၏ ပြယုဒ် တစ်ခုအဖြစ် ထည့်သွင်းပေးခြင်းမှာ ကယန်းလူထုတစ်ရပ်လုံးအတွက် ဂုဏ်ယူစရာ ဖြစ်သလို မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုများကို တန်ဖိုးမြှင့်တင်ပေးရာလည်းရောက်ကြောင်း ကယန်းလူငယ်တစ်ဦး ဖြစ်သည့် ခွန်းသောမက်က ဆိုသည်။

“ကျွန်တော့်အနေနဲ့ဆိုရင် ဂုဏ်ယူတာပေါ့။ ဒီဗုံပလွေ ပြိုင်ပွဲဆိုတာတော့ ရှိတော့ရှိတယ်။ ဒါပေမယ့် ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တာမျိုးမဟုတ်ဘူး။ ဒီရဲ့ ရိုးရာဂီတကလည်း တခြား ဘယ်တိုင်းရင်းသားနဲ့မှ မတူတဲ့ ဂီတတစ်ခု။ ဒီလိုကိုယ်ပိုင်ဂီတတွေကို ပိုပြီးဖော်ထုတ်ပေးလေလေ - ကျွန်တော်တို့ လူမျိုးတွေရဲ့ စိတ်ဓာတ်တွေ ယဉ်ကျေးမှုတွေပါ မြှင့်တင်လာနိုင်လေလေ ဖြစ်မှာပါ”ဟု၎င်းကပြောသည်။

ယခုနှစ်၏ ထူးခြားချက် အဖြစ် ကယန်းရိုးရာ ဗုံပလွပြေိုင်ပွဲကြီးအပြင် အခြားတိုင်းရင်းသားများဖြစ်သည့် ကယား၊ ပရဲ့ကယော၊ ပအိုဝ်း၊ ရှမ်း၊ လီဆူ စသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ ပါဝင်မည်ဖြစ်သလို ကယန်းလူမျိုးများ၏ တံခွန်တိုင်ရိုးရာအကများကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ကြောင်းသိရသည်။

ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ဘုံ အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း )ဆီဆိုင်မြို့နယ် ရဖြေူကျေးရွာတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရဖြေူကျေးရွာတွင် ကျင်းပမည့် ဘုံကယန်းအမျိုးသားနေ့အပြင် ကယန်းလူမျိုးများနေထိုင်သည့် ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နပြေည်တော်ကောင်စီနယ်မြေ နှင့် ကရင်ပြည်နယ် တို့တွင်လည်း အခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~