ဝန္ထမ္းမ်ားအား ႏွစ္ရွည္အရစ္က်ေရာင္းမည့္ အိမ္ရာစီမံကိန္း ေတာင္ႀကီးတြင္ေဖၚေဆာင္မည္

ဝန္ထမ္းမ်ားအား ႏွစ္ရွည္အရစ္က်ေရာင္းမည့္ အိမ္ရာစီမံကိန္း ေတာင္ႀကီးတြင္ေဖၚေဆာင္မည္
မတ် 27, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ဝန္ထမ္းမ်ားအား လုပ္သက္အလိုက္ ႏွစ္ရွည္အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးမည့္ တန္ဖိုးနည္းအိမ္ရာတုိက္ခန္းမ်ား ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္အစိုးရက ပိုက္ဆံမရွိေပမဲ့လည္း ေျမရွိတယ္။ ဒါေၾကာင့္ တန္ဖိုးနည္းအိမ္ယာေတြကို ၀န္ထမ္းေတြအတြက္ ေဖာ္ထုတ္သြားမယ္။ အခုလည္း စီမံကိန္းေတြေရးဆြဲေနပါၿပီ”ဟု ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ စီးပြားေရးႏွင့္ စီမံကိန္းဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

တန္ဖိုးနည္းအိမ္ရာတိုက္ခန္းမ်ားအား ၀န္ထမ္းလုပ္သက္အလိုက္ (၇) ႏွစ္မွ (၁၀)ႏွစ္အထိ အရစ္က်စနစ္ျဖင့္ ဝယ္ယူႏုိင္ရန္ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“၀န္ထမ္းေတြကိုလည္း လုပ္ငန္းစြမ္းေဆာင္ရည္ျမင့္လာေအာင္ ႀကိဳးစားမယ္။ သူတို႔ရဲ႕အက်င့္ပ်က္ျခစားမႈ ေလ်ာ့က်မႈအတြက္က လစာလံုေလာက္မႈရွိရမယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈရွိရမယ္။ ေနထိုင္ဖို႔ အိမ္အေဆာက္အဦး၊ တိုက္ခန္းေတြ ကိုယ္ပိုင္ရွိရမယ္။ သူတို႔ရဲ႕အခြင့္အလမ္းကို ဖန္တီးေပးရမယ္။ လာဘ္စားတာေတြ ေလ်ာ့က်သြားေအာင္ လုပ္ရမယ္”ဟု ဦးစိုးညြန္႔လြင္က ေျပာသည္။

ဝန္ထမ္းမ်ားအတြက္ တန္ဖိုးနည္းတိုက္ခန္းမ်ား ေဆာက္လုပ္ၿပီး ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးသြားရန္ ျပည္နယ္အစိုးရအား ျပည္ေထာင္စုအစိုးရက လမ္းညႊန္မႈေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“အိမ္ရာေဆာက္လုပ္ဖို႕က ျပည္ေထာင္စုဝန္ႀကီးရဲ႕လမ္းညြန္ခ်က္အရ တျခားတိုင္းနဲ႔ ျပည္နယ္မွာလည္း လုပ္ေနၾကပါၿပီ။ ၀န္ထမ္းေတြကို အရစ္က်ေရာင္းတာက ဥပမာ- တစ္လကို အရစ္က်တစ္သိန္း၊ (၁၀) ႏွစ္မဟုတ္ရင္ (ရ) ႏွစ္ အဲဒီလိုစီမံကိန္းေတြနဲ႔ တန္ဖိုးနည္းအိမ္ယာေတြ ေဆာက္ေပးမယ္။ ဒါက ရွမ္းျပည္နယ္အစိုးရက ဦးေဆာင္ၿပီးေတာ့ လုပ္ေပးမွာပါ။ ႏွစ္ရွည္တိုက္ခန္းေတြလိုမ်ဳိးပါ။ ၀န္ထမ္းအမ်ဳိးအစားေတာ့ မသတ္မွတ္ထားပါဘူး။ ရာထူးနဲ႕မေပးဘူး။ လုပ္သက္နဲ႕ေပးမွာပါ”ဟု ဦးစိုးညြန္႔လြင္က ေျပာသည္။

ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းမွာ ဝန္ထမ္းမ်ား အက်င့္ပ်က္ျခစားမႈကို တုိက္ဖ်က္ေရးႏွင့္ ဝန္ထမ္းမ်ား စြမ္းေဆာင္ရည္ ျမင့္လာေရးတုိ႔တြက္ အဓိက ဦးတည္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

ဝန်ထမ်းများအား နှစ်ရှည်အရစ်ကျရောင်းမည့် အိမ်ရာစီမံကိန်း တောင်ကြီးတွင်ဖေါ်ဆောင်မည်
************
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဝန်ထမ်းများအား လုပ်သက်အလိုက် နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်အစိုးရက ပိုက်ဆံမရှိပေမဲ့လည်း မြေရှိတယ်။ ဒါကြောင့် တန်ဖိုးနည်းအိမ်ယာတွေကို ၀န်ထမ်းတွေအတွက် ဖော်ထုတ်သွားမယ်။ အခုလည်း စီမံကိန်းတွေရေးဆွဲနေပါပြီ”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများအား ၀န်ထမ်းလုပ်သက်အလိုက် (၇) နှစ်မှ (၁၀)နှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“၀န်ထမ်းတွေကိုလည်း လုပ်ငန်းစွမ်းဆောင်ရည်မြင့်လာအောင် ကြိုးစားမယ်။ သူတို့ရဲ့အကျင့်ပျက်ျခစားမှု လျော့ကျမှုအတွက်က လစာလုံလောက်မှုရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုရှိရမယ်။ နေထိုင်ဖို့ အိမ်အဆောက်အဦး၊ တိုက်ခန်းတွေ ကိုယ်ပိုင်ရှိရမယ်။ သူတို့ရဲ့အခွင့်အလမ်းကို ဖန်တီးပေးရမယ်။ လာဘ်စားတာတွေ လျော့ကျသွားအောင် လုပ်ရမယ်”ဟု ဦးစိုးညွန့်လွင်က ပြောသည်။

ဝန်ထမ်းများအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပြီး နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားရန် ပြည်နယ်အစိုးရအား ပြည်ထောင်စုအစိုးရက လမ်းညွှန်မှုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ရာဆောက်လုပ်ဖို့က ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွန်ချက်အရ တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း လုပ်နေကြပါပြီ။ ၀န်ထမ်းတွေကို အရစ်ကျရောင်းတာက ဥပမာ- တစ်လကို အရစ်ကျတစ်သိန်း၊ (၁၀) နှစ်မဟုတ်ရင် (ရ) နှစ် အဲဒီလိုစီမံကိန်းတွေနဲ့ တန်ဖိုးနည်းအိမ်ယာတွေ ဆောက်ပေးမယ်။ ဒါက ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ပြီးတော့ လုပ်ပေးမှာပါ။ နှစ်ရှည်တိုက်ခန်းတွေလိုမျိုးပါ။ ၀န်ထမ်းအမျိုးအစားတော့ မသတ်မှတ်ထားပါဘူး။ ရာထူးနဲ့မပေးဘူး။ လုပ်သက်နဲ့ပေးမှာပါ”ဟု ဦးစိုးညွန့်လွင်က ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်လာရေးတို့တွက် အဓိက ဦးတည်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~