မေကြးတိုင္းအတြင္း တစ္ႏုိင္တစ္ပိုင္ ေရနံတြင္းမွ ရန္ပံုေငြမ်ား ဘဏ္သို႔ တုိက္ရိုက္သြင္းရေတာ့မည္

မေကြးတိုင္းအတြင္း တစ္ႏုိင္တစ္ပိုင္ ေရနံတြင္းမွ ရန္ပံုေငြမ်ား ဘဏ္သို႔ တုိက္ရိုက္သြင္းရေတာ့မည္
ဇွန် 15, 2016
By Tachileik News Agency

မေကြး၊ဇြန္လ(၁၅)ရက္
မေကြးတိုင္းေဒသႀကီး ၊ မင္းလွၿမိဳ႕ နယ္အတြင္းရိွ တစ္ႏိုင္တစ္ပိုင္ ေရနံလက္ယက္တြင္းတူး လုပ္ငန္းရွင္မ်ား အေနျဖင့္ ေပးေဆာင္ေနရသည့္ မေကြးတိုင္းေဒသႀကီးဖံြ႔ၿဖိဳးတိုးတက္ေရး ေရနံ ရန္ပံုေငြကို ယခင္က သက္ဆိုင္ရာမ်ားထံေပးသြင္းေနရာမွ လက္ရိွတြင္ ဘဏ္သို႔တိုက္ရို္က္ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

“ၿပီးခဲ႔တဲ့ အစိုးရလက္ထက္က ရန္ပံုေငြကို သက္ဆိုင္ရာေတြရဲ႕ လက္ဝယ္ကို ေပးခဲ႔ရတယ္။ အခုေတာ့ ဘဏ္မွာ သြားသြင္းရမယ္လို႔သိရတဲ့ အတြက္ တိုင္းေဒသႀကီး ဖံြ႔ၿဖိဳးတိုးတက္ေရး ရန္ပံုေငြထဲကို ေသခ်ာေပါက္ ေရာက္ရိွမယ္ဆိုတာသိရလို႔ ကၽြန္ေတာ္တို႔အေနနဲ႔ ပိုၿပီး ေပးေဆာင္ခ်င္ပါတယ္။ ”ဟု  ဆီ သယ္ယာဥ္ေမာင္း ဦးသိန္းေဇာ္ က ေျပာသည္။

မေကြးတိုင္းေဒသႀကီး  ေရနံ ရန္ပံုေငြအျဖစ္ (၁)ပီပါလွ်င္ က်ပ္(၃)ေထာင္ ႏွဳန္းျဖင္႔ ယခင္အစိုးရ လက္ထက္က ေကာက္ခံခဲ့ရာ ရန္ပံုေငြ (၂.၈)ဘီလီယံရရိွခဲ့ေသာ္လည္း လက္ရိွအစိုးရသို႔ လဲႊေျပာင္းေပးခဲ့ျခင္း မရိွေၾကာင္း ျပည္သူ႔လႊတ္ေတာ္တြင္ စြမ္းအင္ႏွင္႔လွ်ပ္စစ္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေဖဇင္ထြန္းက ေျပာၾကားခဲ့ၿပီးေနာက္  ရန္ပံုေငြ ေကာက္ခံမႈအား ရပ္ဆိုင္းခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေရနံ ရန္ပံုေငြအား ၂၀၁၆ ခုႏွစ္ ဇြန္ လ(၁)ရက္ေန႔မွစ၍ ျပန္လည္ေကာက္ခံမည္ဟု သိရိွရၿပီး ရန္ပံုေငြမ်ားအား ဘဏ္သို႔ တုိက္ရိုက္ေပးသြင္းရန္ စီစဥ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေရနံေစ်းက်ေနသျဖင့္ ေရနံလက္ယက္တြင္းတူးလုပ္ငန္းရွင္မ်ားအေနျဖင့္ အဆိုပါ ရန္ပံုေငြေကာက္ခံျခင္းအား ေခတၱဆိုင္းငံ့ေစလိုေၾကာင္း ေရနံလုပ္ငန္းရွင္မ်ားက ဆိုသည္။

“ကမာၻ႔ေရနံေစ်းက်ေနလို႔ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီ လပိုင္းမွာဆို (၁)ပီပါ ကို (၄)ေသာင္းေလာက္အထိ ျဖစ္သြားတယ္။ အခု ဇြန္ လပိုင္းမွာေတာ႔ (၆)ေသာင္းေလာက္အထိျဖစ္လာၿပီဆိုေပမဲ့ ေစ်းက ျပန္မတ္ မလာေသးလို႔ လက္ယက္တြင္းတူးလုပ္ငန္းရွင္ေလးေတြအေနနဲ႔  အေတာ္ရုန္းကန္ေနရပါတယ္”ဟု ငေနာင္ မုန္းေရနံေမွာ္မွ ဦးဝင္းကိုက ေျပာသည္။

ေရနံ(၁)ပီပါလွ်င္ ယခင္က က်ပ္ (၁)သိန္းေက်ာ္ရိွခဲ႔ရာမွ ယခုအခါ က်ပ္ (၄)ေသာင္းခန္႔အထိ က်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းလွၿမိဳ႕နယ္အတြင္းရိွ  ငေနာင္မုန္း၊ဒဟတ္ပင္၊ေရနံမ အစရိွသည္႔ ေရနံေမွာ္မ်ားမွ တစ္ႏိုင္တစ္ပိုင္ ေရနံလက္ယက္တြင္းမ်ားျဖင့္ တူးေဖာ္ထုတ္လုပ္ေနျခင္းျဖစ္သည္။

သတင္း။  ။ ဖီးနစ္(မေကြး)

..........

မကွေး၊ဇွန်လ(၁၅)ရက်
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ရေနံလက်ယက်တွင်းတူး လုပ်ငန်းရှင်များ အနဖြေင့် ပေးဆောင်နေရသည့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး ရေနံ ရန်ပုံငွေကို ယခင်က သက်ဆိုင်ရာများထံပေးသွင်းနေရာမှ လက်ရှိတွင် ဘဏ်သို့တိုက်ရို်က်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ပုံငွေကို သက်ဆိုင်ရာတွေရဲ့ လက်ဝယ်ကို ပေးခဲ့ရတယ်။ အခုတော့ ဘဏ်မှာ သွားသွင်းရမယ်လို့သိရတဲ့ အတွက် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထဲကို သေချာပေါက် ရောက်ရှိမယ်ဆိုတာသိရလို့ ကျွန်တော်တို့အနေနဲ့ ပိုပြီး ပေးဆောင်ချင်ပါတယ်။ ”ဟု ဆီ သယ်ယာဉ်မောင်း ဦးသိန်းဇော် က ပြောသည်။

မကွေးတိုင်းဒေသကြီး ရေနံ ရန်ပုံငွေအဖြစ် (၁)ပီပါလျှင် ကျပ်(၃)ထောင် နှုန်းဖြင့် ယခင်အစိုးရ လက်ထက်က ကောက်ခံခဲ့ရာ ရန်ပုံငွေ (၂.၈)ဘီလီယံရရှိခဲ့သော်လည်း လက်ရှိအစိုးရသို့ လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်တွင် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားခဲ့ပြီးနောက် ရန်ပုံငွေ ကောက်ခံမှုအား ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေနံ ရန်ပုံငွေအား ၂၀၁၆ ခုနှစ် ဇွန် လ(၁)ရက်နေ့မှစ၍ ပြန်လည်ကောက်ခံမည်ဟု သိရှိရပြီး ရန်ပုံငွေများအား ဘဏ်သို့ တိုက်ရိုက်ပေးသွင်းရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေနံဈေးကျနေသဖြင့် ရေနံလက်ယက်တွင်းတူးလုပ်ငန်းရှင်များအနဖြေင့် အဆိုပါ ရန်ပုံငွေကောက်ခံခြင်းအား ခေတ္တဆိုင်းငံ့စေလိုကြောင်း ရေနံလုပ်ငန်းရှင်များက ဆိုသည်။

“ကမာ္ဘ့ရေနံဈေးကျနေလို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လပိုင်းမှာဆို (၁)ပီပါ ကို (၄)သောင်းလောက်အထိ ဖြစ်သွားတယ်။ အခု ဇွန် လပိုင်းမှာတော့ (၆)သောင်းလောက်အထိဖြစ်လာပြီဆိုပေမဲ့ ဈေးက ပြန်မတ် မလာသေးလို့ လက်ယက်တွင်းတူးလုပ်ငန်းရှင်လေးတွေအနေနဲ့ အတော်ရုန်းကန်နေရပါတယ်”ဟု ငနောင် မုန်းရေနံမှော်မှ ဦးဝင်းကိုက ပြောသည်။

ရေနံ(၁)ပီပါလျှင် ယခင်က ကျပ် (၁)သိန်းကျော်ရှိခဲ့ရာမှ ယခုအခါ ကျပ် (၄)သောင်းခန့်အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းရှိ ငနောင်မုန်း၊ဒဟတ်ပင်၊ရေနံမ အစရှိသည့် ရေနံမှော်များမှ တစ်နိုင်တစ်ပိုင် ရေနံလက်ယက်တွင်းများဖြင့် တူးဖော်ထုတ်လုပ်နခြေင်းဖြစ်သည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~