သဘာဝဘေး အရေးပေါ် ကူညီကယ်ဆယ်ရေးစင်တာအား ကျိုင်းတုံတွင် စတင်ဖွင့်လှစ်ထား

သဘာဝဘေး အရေးပေါ် ကူညီကယ်ဆယ်ရေးစင်တာအား ကျိုင်းတုံတွင် စတင်ဖွင့်လှစ်ထား
မေ 10, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ(၁၀)ရက်

"ဒီ Centre က ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်လာတဲ့ လေပြင်းတိုက်တာတွေ၊ ရေကြီးတာတွေ၊ မိုးသီးကြွေတာတွေ၊ ရုတ်တရက်မြေပြိုတာတွေ ဒီလိုသဘာဝ ဘေးအန္တရာယ်တွေဖြစ်လာတဲ့ အခါကျရင် ကျွန်တော်တို့ ကျန်းမာရေးဌာနမှာရှိတဲ့ သဘာဝဘေး တုန့်ပြန်ကာကွယ်ရေးအဖွဲ့ကနေ ဆောင်ရွက်ဖို့ Emergency Operation Centre ကို ဖွင့်လှစ်ထားတာပါ"ဟု တွဲဖက်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးင်္စီးဌာန ကျိုင်းတုံမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမင်းအောင်က ပြောသည်။



သတင်း။  ။ ဇွဲမြတ်

.................

ကျိုင်းတုံ၊ မေလ(၁၀)ရက်
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးမည့်စင်တာ ( Emergency Operation Centre) အား မတ်လ(၂)ရက်နေ့က စတင်၍ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တွဲဖက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ဒီ Centre က ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်လာတဲ့ လပြေင်းတိုက်တာတွေ၊ ရကြေီးတာတွေ၊ မိုးသီးကြွေတာတွေ၊ ရုတ်တရက်မြပြေိုတာတွေ ဒီလိုသဘာဝ ဘေးအန္တရာယ်တွဖြေစ်လာတဲ့ အခါကျရင် ကျွန်တော်တို့ ကျန်းမာရေးဌာနမှာရှိတဲ့ သဘာဝဘေး တုန့်ပြန်ကာကွယ်ရေးအဖွဲ့ကနေ ဆောင်ရွက်ဖို့ Emergency Operation Centre ကို ဖွင့်လှစ်ထားတာပါ"ဟု တွဲဖက်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးင်္စီးဌာန ကျိုင်းတုံမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမင်းအောင်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ သဘာဝနှင့်ပြည်သူ့ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးဌာနက Emergency Operation Centre များအား မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်း ရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်ထားပြီး သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ တွဲဖတ်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Emergency Operation Centre၏ အဓိက လုပ်ငန်းဆောင်တာမှာ သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လျင်မြန်စွာသတင်းအချက်အလက်များရယူကာ လျင်မြန်စွာတုန့် ပြန်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~