ပအို၀္းအမ်ိဳးသားအဖြဲ ့ခ်ဳပ္က တရားစြဲထားသည့္ ခမ္းသာေငါင္းဂ်ာနယ္အမႈ ဆယ္လၾကာသည့္တိုင္ အမႈမၿပီးျပတ္ေသး

ပအို၀္းအမ်ိဳးသားအဖြဲ ့ခ်ဳပ္က တရားစြဲထားသည့္ ခမ္းသာေငါင္းဂ်ာနယ္အမႈ ဆယ္လၾကာသည့္တိုင္ အမႈမၿပီးျပတ္ေသး
မေ 1, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ေမလ(၁) ရက္
ရွမ္းျပည္နယ္အတြင္း သတင္းမီဒီယာအား ပထမဆုံး တရားစြဲဆိုမႈအျဖစ္ ပအို၀္းအမ်ိဳးသားအဖြဲ ့ခ်ဳပ္(PNO)မွ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ထုတ္ေ၀ေသာ ခမ္းသာေငါင္းဂ်ာနယ္အေပၚ တရားစြဲဆိုထားမႈမွာ (၁၀)လခန္ ့ရိွျပီျဖစ္ေသာ္လည္း အမႈမွာ ျပီးျပတ္မႈမရိွေသးေၾကာင္း ခမ္းသာေငါင္းဂ်ာနယ္မွသိရသည္။

"ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ႀကီး ဦးေအာင္ခမ္းထီးရဲ့ (၇၉)ႏွစ္ျပည့္ေမြးေန ့ကို အေၾကာင္းျပဳၿပီးေတာ့ (PNO)က ပအို၀္းေဒသေတြမွာ ေဒသခံေတြကို အလွဴေငြနဲ ့လက္ဖက္ေျခာက္ေတြ လိုက္လံေကာက္ခံၾကတယ္။ ေကာက္တဲ့ေနရာမွာလည္း (PNO)ကသူတို ့ရဲ႕ တရား၀င္တံဆိပ္ပါတဲ့ စာထုတ္ၿပီးေကာက္တာျဖစ္တယ္။ အဲဒါကို ကၽြန္ေတာ္တို ့ဂ်ာနယ္က ေအာက္ေျခမွာ ဒီလိုေတြျဖစ္ေနတာ (PNO)အဖြဲ႕ ေခါင္းေဆာင္ ဦးေအာင္ခမ္းထီး အေနနဲ ့ သိပါသလားဆိုတဲ့ သေဘာနဲ ့ ေဆာင္းပါး ေရးသားထုတ္ေ၀ခဲ့တာနဲ ့ ပတ္သက္ျပီး (PNO)က သူတို ့ကသ ာမန္အားျဖင့္ေကာက္တာျဖစ္တယ္။ ဒါကို လြန္လြန္က်ဴးက်ဴး ေရးသားထားတယ္ဆိုျပီးေတာ့ ေတာင္းပန္ခိုင္းပါတယ္။ ကၽြန္ေတာ္တို႔က မေတာင္းပန္တဲ့အတြက္ တရားစြဲခံခဲ့ရတာပါ"ဟု ခမ္းသာေငါင္းဂ်ာနယ္မွ အယ္ဒီတာကိုခြန္သန္းေအာင္က ေျပာသည္။

ပင္ေလာင္းတရားရုံးတြင္ အမႈဖြင့္ခဲ့ျခင္းျဖစ္ၿပီး တရားလိုဘက္အား စစ္ေဆးမႈ ၿပီးဆံုးသည့္ေနာက္ တရားရံုးမွ စြဲခ်က္တင္ရာ အဆိုပါစြဲခ်က္တင္မႈအား လက္သင့္မခံေၾကာင္း ျပန္လည္ျပင္ဆင္ခ်က္ျဖင့္ တရားစြဲဆိုခံရသူဘက္မွ ခရိုင္တရားရုံးအထိ တက္ခဲ့ျခင္းျဖစ္သည္။
ခရိုင္တရားရုံးမွ ပလပ္လိုက္သည့္အတြက္ မူလတရားရုံး၏ အဆုံးအျဖတ္ျပန္လည္ခံယူရမည့္ အေျခအေနတြင္ ရိွေသာ္လည္း ျပည္နယ္အဆင့္ထိတက္ရန္ စီစဥ္ထားေၾကာင္း ခမ္းသာေငါင္းဂ်ာနယ္မွ သိရသည္။

ေဆာင္းပါးအား ၂၀၁၅ ခုႏွစ္ ေမလ(၃)ရက္ေန႔ထုတ္ ခမ္းသာေငါင္းဂ်ာနယ္တြင္ ေဖာ္ျပခဲ့ၿပီး ဇြန္လတြင္ ရဲစစ္ခ်က္တင္ခဲ့ကာ ဇူလိုင္လအတြင္း ပုဒ္မ(၅၀၀) အသေရဖ်က္မႈျဖင့္ အခ်ိန္ (၁၀)လတာ ကာလအတြင္း တရားရုံးတြင္ ရုံးခ်ိန္းေပါင္း (၁၈)ႀကိမ္ခန္႔ စစ္ေဆးၿပီးျဖစ္ေၾကာင္း သိရသည္။

ခမ္းသာေငါင္းဂ်ာနယ္ကို ၂၀၁၃ ခုႏွစ္ မွစတင္ကာ ပအို၀္း၊ျမန္မာ ႏွစ္ဘာသာျဖင့္ ေရးသားျဖန္ ့ေ၀ခဲ့ျခင္း ျဖစ္ျပီး ရွမ္းျပည္နယ္အတြင္း ပထမဆုံး တရားစြဲဆို ခံထားရေသာ သတင္းမီဒီယာ တစ္ခုျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
...................

တောင်ကြီး၊ မေလ(၁) ရက်
ရှမ်းပြည်နယ်အတွင်း သတင်းမီဒီယာအား ပထမဆုံး တရားစွဲဆိုမှုအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ထုတေ်ဝသော ခမ်းသာငေါင်းဂျာနယ်အပေါ် တရားစွဲဆိုထားမှုမှာ (၁၀)လခန့်ရှိပြီဖြစ်သော်လည်း အမှုမှာ ပြီးပြတ်မှုမရှိသေးကြောင်း ခမ်းသာငေါင်းဂျာနယ်မှသိရသည်။

"ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီးရဲ့ (၇၉)နှစ်ပြည့်မွေးနေ့ကို အကြောင်းပြုပြီးတော့ (PNO)က ပအိုဝ်းဒေသတွေမှာ ဒေသခံတွေကို အလှူငွေနဲ့လက်ဖက်ခြောက်တွေ လိုက်လံကောက်ခံကြတယ်။ ကောက်တဲ့နေရာမှာလည်း (PNO)ကသူတို့ရဲ့ တရားဝင်တံဆိပ်ပါတဲ့ စာထုတ်ပြီးကောက်တာဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ဂျာနယ်က အောက်ခြေမှာ ဒီလိုတွဖြေစ်နေတာ (PNO)အဖွဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီး အနေနဲ့ သိပါသလားဆိုတဲ့ သဘောနဲ့ ဆောင်းပါး ရေးသားထုတေ်ဝခဲ့တာနဲ့ ပတ်သက်ပြီး (PNO)က သူတို့ကသာမန်အားဖြင့်ကောက်တာဖြစ်တယ်။ ဒါကို လွန်လွန်ကျူးကျူး ရေးသားထားတယ်ဆိုပြီးတော့ တောင်းပန်ခိုင်းပါတယ်။ ကျွန်တော်တို့က မတောင်းပန်တဲ့အတွက် တရားစွဲခံခဲ့ရတာပါ"ဟု ခမ်းသာငေါင်းဂျာနယ်မှ အယ်ဒီတာကိုခွန်သန်းအောင်က ပြောသည်။

ပင်လောင်းတရားရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်အား စစ်ဆေးမှု ပြီးဆုံးသည့်နောက် တရားရုံးမှ စွဲချက်တင်ရာ အဆိုပါစွဲချက်တင်မှုအား လက်သင့်မခံကြောင်း ပြန်လည်ပြင်ဆင်ချက်ဖြင့် တရားစွဲဆိုခံရသူဘက်မှ ခရိုင်တရားရုံးအထိ တက်ခဲ့ခြင်းဖြစ်သည်။
ခရိုင်တရားရုံးမှ ပလပ်လိုက်သည့်အတွက် မူလတရားရုံး၏ အဆုံးအဖြတ်ပြန်လည်ခံယူရမည့် အခြေအနေတွင် ရှိသော်လည်း ပြည်နယ်အဆင့်ထိတက်ရန် စီစဉ်ထားကြောင်း ခမ်းသာငေါင်းဂျာနယ်မှ သိရသည်။

ဆောင်းပါးအား ၂၀၁၅ ခုနှစ် မေလ(၃)ရက်နေ့ထုတ် ခမ်းသာငေါင်းဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဇွန်လတွင် ရဲစစ်ချက်တင်ခဲ့ကာ ဇူလိုင်လအတွင်း ပုဒ်မ(၅၀၀) အသရေဖျက်မှုဖြင့် အချိန် (၁၀)လတာ ကာလအတွင်း တရားရုံးတွင် ရုံးချိန်းပေါင်း (၁၈)ကြိမ်ခန့် စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ခမ်းသာငေါင်းဂျာနယ်ကို ၂၀၁၃ ခုနှစ် မှစတင်ကာ ပအိုဝ်း၊မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖြန်ေ့ဝခဲ့ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ပထမဆုံး တရားစွဲဆို ခံထားရသော သတင်းမီဒီယာ တစ်ခုဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~