ရွမ္းျပည္နယ္လႊတ္ေတာ္ ျပန္လည္စတင္ရန္ အစီအစဥ္မရိွေသး

ရွမ္းျပည္နယ္လႊတ္ေတာ္ ျပန္လည္စတင္ရန္ အစီအစဥ္မရိွေသး
မေ 13, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ေမလ(၁၃)ရက္
ရွမ္းျပည္နယ္လႊတ္ေတာ္ ျပန္လည္စတင္ရန္ ကိုယ္စားလွယ္မ်ား စုစည္း၍ မလြယ္ကူျခင္းႏွင့္ အစိုးရအဖြဲ႕ ျပင္ဆင္ရန္ လိုအပ္ခ်က္မ်ား ရွိေနေသးသျဖင့္ ျပန္လည္စတင္ရန္ အစီအစဥ္မရွိေသးေၾကာင္း ရွမ္းျပည္နယ္ လႊတ္ေတာ္ညႊန္ၾကားေရးမွဴးရံုးမွ သိရသည္။

"အခုခ်ိန္ထိေတာ့ လႊတ္ေတာ္ျပန္စဖို႔ အစီအစဥ္မရွိေသးပါဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တစ္ေနရာနဲ႔ တစ္ေနရာက ေ၀းတာလည္း ပါတယ္။ တခ်ိဳ႕သြားေရးလာေရး အခက္အခဲ ေပၚေနတာ ေၾကာင့္လည္း ပါတယ္။ အစိုးရအဖြဲ႕အေနနဲ႔လည္း ေသေသခ်ာခ်ာ ကြင္းဆင္းၿပီးေတာ့ ၾကည့္ရွဳရမွာေတြရွိတယ္။ ဒါေၾကာင့္ မစႏိုင္ေသးတာပါ"ဟု ရွမ္းျပည္္နယ္လႊတ္ေတာ္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူေဇာ္က ေျပာသည္။

လႊတ္ေတာ္ျပန္လည္စတင္ရန္မွာ လႊတ္ေတာ္ဥကၠဌေပၚတြင္သာ မူတည္ၿပီး ဥပေဒေၾကာင္းအရ ျပည္နယ္လႊတ္ေတာ္အား လႊတ္ေတာ္ဥကၠဌမွ တစ္ႀကိမ္တည္း ေခၚယူမည္ဆိုလွ်င္ ေခၚယူခြင့္ရွိၿပီး ဥပေဒအရ အေရးေပၚအစည္းအေ၀းမ်ားအတြက္လည္း ေခၚယူႏိုင္ခြင့္ရွိေၾကာင္း သိရသည္။
ရွမ္းျပည္နယ္လြႊတ္ေတာ္၏ ဒုတိယအႀကိမ္ ပထမ ပံုမွန္အစည္းအေ၀းမ်ားအား (၁၀)ႀကိမ္ေျမာက္အထိ  ဧၿပီ လ အတြင္း၌ ေနာက္ဆံုးက်င္းပခဲ့ျခင္းျဖစ္ၿပီး အျခားေသာ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားတြင္ လႊတ္ေတာ္မ်ား ပံုမွန္ေခၚယူလွ်က္ရွိေၾကာင္း သိရသည္။

"လႊတ္ေတာ္ေခၚရင္ အဆိုုေတြေမးခြန္းေတြ တင္သြင္းဖို႔ ကၽြန္ေတာ္တို႔မွာ အမ်ားႀကီး၊  ကၽြန္ေတာ္ တစ္ေယာက္ထဲေတာင္ ေမးခြန္း(၅၀၀)ေလာက္ရွိတယ္။ အဓိက ျပည္နယ္၀န္ႀကီးေတြ အဆင္သင့္ မျဖစ္ေသးတာေၾကာင့္ပါမယ္။ ျပည္နယ္၀န္ႀကီးရံုးေတြမွာ ရံုးအဖြဲ႕မွဴးကအစ အကုန္လံုးအသစ္ေတြဆိုေတာ့ ၀န္ႀကီးေတြေမးခြန္းအတြက္ အဆင္သင့္ မျဖစ္ေသးတာေၾကာင့္လို႔ထင္တယ္"ဟု တာခ်ီလိတ္ၿမိဳ႕မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္အား  ဧၿပီလ သႀကၤန္ပိတ္ရက္မ်ားအတြင္း ရပ္နားခဲ့ၿပီးေနာက္ ယေန႔အခ်ိန္အထိ လႊတ္ေတာ္စတင္ႏိုင္ျခင္းမရွိေသးသျဖင့္ ေဒသအသီးအသီးမွ ကိုယ္စားလွယ္မ်ား သက္ဆိုင္ရာမဲဆႏၵနယ္မွ မဲဆႏၵရွင္မ်ား၏ လိုအပ္ခ်က္မ်ားအား စစ္တမ္းမ်ားေကာက္ယူလွ်က္ရွိၿပီး လႊတ္ေတာ္တြင္ေဆြးေႏြးရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္အတြင္း ေရြးေကာက္ခံ လႊတ္ေတာ္ကုုိယ္စားလွယ္ (၁၃၁)ဦးႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကုုိယ္စားလွယ္ (၃၅) ဦး ရွိသည့္အနက္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ (၃၂)ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ (၂၄)ဦး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ (၂၁) ဦးႏွင့္ တအာင္းအမ်ဳိးသားပါတီ၊ ပအုိဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္၊ ဝ ဒီမုုိကရက္တစ္ပါတီ၊ လားဟူအမ်ဳိးသား ဖြံ႕ၿဖိဳးတုုိးတက္ေရးပါတီစသည့္ တုုိင္းရင္းသားပါတီမ်ားမွ ကုုိယ္စားလွယ္ (၁၉) ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...........................

ကိုဇက်(Tachileik New Agency)
တာချီလိတ်၊ မေလ(၁၃)ရက်
ရှမ်းပြည်နယ်လွှတ်တော် ပြန်လည်စတင်ရန် ကိုယ်စားလှယ်များ စုစည်း၍ မလွယ်ကူခြင်းနှင့် အစိုးရအဖွဲ့ ပြင်ဆင်ရန် လိုအပ်ချက်များ ရှိနေသေးသဖြင့် ပြန်လည်စတင်ရန် အစီအစဉ်မရှိသေးကြောင်း ရှမ်းပြည်နယ် လွှတ်တော်ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

"အခုချိန်ထိတော့ လွှတ်တော်ပြန်စဖို့ အစီအစဉ်မရှိသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်နေရာနဲ့ တစ်နေရာကေဝးတာလည်း ပါတယ်။ တချို့သွားရေးလာရေး အခက်အခဲ ပေါ်နေတာ ကြောင့်လည်း ပါတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း သေသေချာချာ ကွင်းဆင်းပြီးတော့ ကြည့်ရှုရမှာတွေရှိတယ်။ ဒါကြောင့် မစနိုင်သေးတာပါ"ဟု ရှမ်းပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က ပြောသည်။

လွှတ်တော်ပြန်လည်စတင်ရန်မှာ လွှတ်တော်ဥက္ကဌပေါ်တွင်သာ မူတည်ပြီး ဥပဒေကြောင်းအရ ပြည်နယ်လွှတ်တော်အား လွှတ်တော်ဥက္ကဌမှ တစ်ကြိမ်တည်း ခေါ်ယူမည်ဆိုလျှင် ခေါ်ယူခွင့်ရှိပြီး ဥပဒေအရ အရေးပေါ်အစည်းအေဝးများအတွက်လည်း ခေါ်ယူနိုင်ခွင့်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် ပထမ ပုံမှန်အစည်းအေဝးများအား (၁၀)ကြိမ်မြောက်အထိ ဧပြီ လ အတွင်း၌ နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လွှတ်တော်များ ပုံမှန်ခေါ်ယူလျှက်ရှိကြောင်း သိရသည်။

"လွှတ်တော်ခေါ်ရင် အဆိုတွေမေးခွန်းတွေ တင်သွင်းဖို့ ကျွန်တော်တို့မှာ အများကြီး၊ ကျွန်တော် တစ်ယောက်ထဲတောင် မေးခွန်း(၅၀၀)လောက်ရှိတယ်။ အဓိက ပြည်နယ်ဝန်ကြီးတွေ အဆင်သင့် မဖြစ်သေးတာကြောင့်ပါမယ်။ ပြည်နယ်ဝန်ကြီးရုံးတွေမှာ ရုံးအဖွဲ့မှူးကအစ အကုန်လုံးအသစ်တွေဆိုတော့ ဝန်ကြီးတွေမေးခွန်းအတွက် အဆင်သင့် မဖြစ်သေးတာကြောင့်လို့ထင်တယ်"ဟု တာချီလိတ်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်အား ဧပြီလ သင်္ကြန်ပိတ်ရက်များအတွင်း ရပ်နားခဲ့ပြီးနောက် ယနေ့အချိန်အထိ လွှတ်တော်စတင်နိုင်ခြင်းမရှိသေးသဖြင့် ဒေသအသီးအသီးမှ ကိုယ်စားလှယ်များ သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များ၏ လိုအပ်ချက်များအား စစ်တမ်းများကောက်ယူလျှက်ရှိပြီး လွှတ်တော်တွင်ဆွေးနွေးရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်အတွင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၃၁)ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၃၅) ဦး ရှိသည့်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၃၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၄)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၁) ဦးနှင့် တအာင်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီစသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် (၁၉) ဦးတို့ ပါဝင်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~