တာခ်ီလိတ္ၿမဳိ႕ မဟာသႀကၤန္ပဲြေတာ္ပိတ္ပြဲႏွင့္ ဆုရယိမ္းအဖြဲ႔မ်ားအား ဆုခ်ီးျမွင့္အခမ္းအနားက်င္းပ

တာခ်ီလိတ္ၿမဳိ႕ မဟာသႀကၤန္ပဲြေတာ္ပိတ္ပြဲႏွင့္ ဆုရယိမ္းအဖြဲ႔မ်ားအား ဆုခ်ီးျမွင့္အခမ္းအနားက်င္းပ
ဧပြီ 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၁၇) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမဳိ႕ မဟာသႀကၤန္ပဲြေတာ္ပိတ္ပြဲတြင္ ဆုရယိမ္းအဖဲြ႕မ်ားႏွင့္ သႀကၤန္အလွမယ္မ်ားအား ဆုမ်ားခ်ီးျမႇင့္ျခင္းကို ဧၿပီ (၁၆)ရက္၊ ညေန ၄ နာရီ က ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ရွမ္းရုိးမကြင္းရွိ ဗဟုိမ႑ပ္တြင္ က်င္းပသည္။

မဟာသႀကၤန္ကာလအတြင္း ခရုိင္အတြင္းရွိ ဌာနဆုိင္ရာမ်ား၊ ရပ္ကြက္၊ ေက်းရြာမ်ား၊ တပ္ရင္းတပ္ဖဲြ႕မ်ားမွ ယိမ္းအဖဲြ႕ (၁၈)ဖဲြ႕ ပါ၀င္ယွဥ္ၿပဳိင္ခဲ့ၾကျခင္းျဖစ္ၿပီး အဆိုပါယိမ္းအဖြဲ႕မ်ားမွ သႀကၤန္အလွမယ္မ်ားကိုလည္း ေရြးခ်ယ္ေပးလိုက္ျခင္းျဖစ္သည္။

၂၀၁၆ ခုႏွစ္ ျမန္မာသကၠရာဇ္ ၁၃၇၇ ခုႏွစ္ မဟာသႀကၤန္ကာလ ယိမ္းၿပဳိင္ပဲြ ပထမဆုအား အေကာက္ခြန္ ဦးစီး ဌာန ကိုယ္စားျပဳ ယိမ္းအဖဲြ႕ ကလည္းေကာင္း၊ ဒုတိယဆုအား အမွတ္ (၅၂၆)ေျချမန္တပ္ရင္း ကုိယ္စားျပဳ ယိမ္းအဖဲြ႕က လည္းေကာင္း၊ တတိယဆုအား ပါဆတ္-ေဆခမ္းယိမ္းအဖဲြ႕ႏွင့္ ေႏြယမင္းယိမ္းအဖဲြ႕တုိ႔က လည္းေကာင္း၊ ႏွစ္သိမ့္ဆုအျဖစ္ တာေလတပ္နယ္ယိမ္းအဖဲြ႕ ႏွင့္ အမွတ္(၃၃၁)ေျချမန္ တပ္ရင္း ကို္ယ္စားျပဳယိမ္းအဖဲြ႕တုိ႔ကလည္းေကာင္း အသီးသီးရရိွသြားျခင္းျဖစ္သည္။

ထုိ႔ေနာက္ ၁၃၇၇ခုႏွစ္ သႀကၤန္မယ္အျဖစ္ မယ္ေခါင္ရုိးရာယိမ္းအဖဲြ႕မွ မနန္းေသာင္း၊ သႀကၤန္မယ္ ဒုတိယဆုအျဖစ္ မနန္းဆူခမ္း၊ သႀကၤန္မယ္တတိယဆုအျဖစ္ ခမရ(၅၂၆)ယိမ္းအဖဲြ႕မွ မစန္းစန္း၀င္းတို႔အား  ေရြးခ်ယ္ခ်ီးျမွင့္လိုက္ျခင္းျဖစ္သည္။

အဆုိပါ ဆုရယိမ္းအဖဲြ႕မ်ားအား ၿပဳိင္ပဲြက်င္းပေရးေကာ္မတီမွ ပထမဆုေငြက်ပ္ ငါးသိန္း၊ ဒုတိယဆု ေငြက်ပ္ေလးသိန္း၊ တတိယဆုအား ေငြက်ပ္သံုးသိန္း၊ ႏွစ္သိမ့္ဆုအား ေငြက်ပ္ႏွစ္သိန္း၊ ယွဥ္ၿပဳိင္ဆုအျဖစ္ ၿပဳိင္ပဲြ ၀င္ ယိမ္းအဖဲြ႕ အားလံုးကုိ ေငြက်ပ္ တစ္သိန္းႏွင့္ ထုိင္းဘတ္ေငြ တစ္ေသာင္းစီ ကိုလည္းေကာင္း၊ သႀကၤန္မယ္ဆု ရရွိသူအား ေငြက်ပ္သံုးသိန္း ၊ သႀကၤန္မယ္ ဒုတိယဆု ႏွင့္ တတိယဆုအား ေငြက်ပ္ တစ္သိန္း စီကုိလည္းေကာင္း ဆုမ်ားအသီးသီးခ်ီးျမႇင့္ေပးၿပီး၊ ေစတနာရွင္ အလွဴရွင္ စီးပြားေရး လုပ္ငန္းရွင္းမ်ား ကလည္း ဆုေငြမ်ားထပ္မံ ခ်ီးျမႇင့္ေပးခဲ့သည္။

အဆိုပါ မဟာသႀကၤန္ပဲြေတာ္ပိတ္ပြဲႏွင့္ ဆုခ်ီးျမွင့္ျခင္းအခမ္းအနားသို႔  တာခ်ီလိတ္ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ အတြင္းေရးမွဴး ခရုိင္လူ၀င္မႈ ႀကီးၾကပ္ေရးႏွင့္အမ်ဳိးသားမွတ္ပံုတင္ေရး ဦးစီးဌာနမွဴး ဦးထြန္းသိန္း၊ ခရုိင္စုိက္ပ်ဳိးေရး ဦးစီးဌာနမွ ခရုိင္ ဦးစီးမွဴး ဦးလွ၀င္းႏွင့္ တာဝန္ရိွသူမ်ား တက္ေရာက္ၾကသည္။

သတင္း။  ။ ေ၀ယံလင္း
...................

တာချီလိတ်၊ ဧပြီလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲတွင် ဆုရယိမ်းအဖွဲ့များနှင့် သင်္ကြန်အလှမယ်များအား ဆုများချီးမြှင့်ခြင်းကို ဧပြီ (၁၆)ရက်၊ ညနေ ၄ နာရီ က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

မဟာသင်္ကြန်ကာလအတွင်း ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများ၊ တပ်ရင်းတပ်ဖွဲ့များမှ ယိမ်းအဖွဲ့ (၁၈)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါယိမ်းအဖွဲ့များမှ သင်္ကြန်အလှမယ်များကိုလည်း ရွေးချယ်ပေးလိုက်ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မဟာသင်္ကြန်ကာလ ယိမ်းပြိုင်ပွဲ ပထမဆုအား အကောက်ခွန် ဦးစီး ဌာန ကိုယ်စားပြု ယိမ်းအဖွဲ့ ကလည်းကောင်း၊ ဒုတိယဆုအား အမှတ် (၅၂၆)ခြမြေန်တပ်ရင်း ကိုယ်စားပြု ယိမ်းအဖွဲ့က လည်းကောင်း၊ တတိယဆုအား ပါဆတ်-ဆေခမ်းယိမ်းအဖွဲ့နှင့် နွေယမင်းယိမ်းအဖွဲ့တို့က လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် တာလေတပ်နယ်ယိမ်းအဖွဲ့ နှင့် အမှတ်(၃၃၁)ခြမြေန် တပ်ရင်း ကို်ယ်စားပြုယိမ်းအဖွဲ့တို့ကလည်းကောင်း အသီးသီးရရှိသွားခြင်းဖြစ်သည်။

ထို့နောက် ၁၃၇၇ခုနှစ် သင်္ကြန်မယ်အဖြစ် မယ်ခေါင်ရိုးရာယိမ်းအဖွဲ့မှ မနန်းသောင်း၊ သင်္ကြန်မယ် ဒုတိယဆုအဖြစ် မနန်းဆူခမ်း၊ သင်္ကြန်မယ်တတိယဆုအဖြစ် ခမရ(၅၂၆)ယိမ်းအဖွဲ့မှ မစန်းစန်းဝင်းတို့အား ရွေးချယ်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆုရယိမ်းအဖွဲ့များအား ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ်လေးသိန်း၊ တတိယဆုအား ငွေကျပ်သုံးသိန်း၊ နှစ်သိမ့်ဆုအား ငွေကျပ်နှစ်သိန်း၊ ယှဉ်ပြိုင်ဆုအဖြစ် ပြိုင်ပွဲ ဝင် ယိမ်းအဖွဲ့ အားလုံးကို ငွေကျပ် တစ်သိန်းနှင့် ထိုင်းဘတ်ငွေ တစ်သောင်းစီ ကိုလည်းကောင်း၊ သင်္ကြန်မယ်ဆု ရရှိသူအား ငွေကျပ်သုံးသိန်း၊ သင်္ကြန်မယ် ဒုတိယဆု နှင့် တတိယဆုအား ငွေကျပ် တစ်သိန်း စီကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးပြီး၊ စေတနာရှင် အလှူရှင် စီးပွားရေး လုပ်ငန်းရှင်းများ ကလည်း ဆုငွေများထပ်မံ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးထွန်းသိန်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net