HIV ကူးစက္ျပန္႔ပြားမႈ ေလွ်ာ့ခ်ေရးအတြက္ လိင္လုပ္ငန္းေတြ တရားဝင္ အသိအမွတ္ ျပဳေပးဖို႔ လို

HIV ကူးစက္ျပန္႔ပြားမႈ ေလွ်ာ့ခ်ေရးအတြက္ လိင္လုပ္ငန္းေတြ တရားဝင္ အသိအမွတ္ ျပဳေပးဖို႔ လို
ဖေဖော်ဝါရီ 28, 2016
By Tachileik News Agency
Eamonn Murphy (Country Director (Myanmar) – UNAIDS)

ျမန္မာႏိုင္ငံတြင္ လိင္ပိုင္းဆိုင္ရာ လုပ္ငန္းမ်ားကို အစိုးရအေနျဖင့္ တရားဝင္ အသိအမွတ္ျပဳ လုပ္ကိုင္ခြင့္ မျပဳထားေသာ္လည္း တရားမဝင္ လုပ္ကိုင္ေနသည့္ လိင္ပိုင္းဆိုင္ရာ လုပ္ငန္းေပါင္း မ်ားစြာ ရွိေနသည္ကို ေတြ႔ရသည္။ ပိုအေရးႀကီးသည္မွာ ယင္းကဲ့သို႔ တရားဝင္ အသိအမွတ္ျပဳျခင္း၊ မျပဳျခင္း တို႔ထက္ လိင္လုပ္သားမ်ား (သို႔မဟုတ္) လိင္ပိုင္းဆိုင္ရာ လုပ္ငန္းမ်ားမွတဆင့္ ျဖစ္ပြားတတ္သည့္ ေနာက္ဆက္တြဲ ဆင့္ပြားေရာဂါတစ္ခုျဖစ္ေသာ HIV / AIDS ေရာဂါ ကူးစက္ျပန္႔ပြားမႈကို မည္သုိ႔ ေလွ်ာ့ခ်ၾကမလဲ ဆိုတာပင္ ျဖစ္သည္။

လိင္လုပ္ငန္းမ်ား တရားဝင္ အသိအမွတ္ျပဳျခင္း၊ မျပဳျခင္း၏ ေနာက္ဆက္တြဲ ေကာင္းက်ဳိး၊ ဆိုးက်ဳိးမ်ားအေၾကာင္းကို UNAIDS မွ Country Director ျဖစ္သူ eamonn Murphy၊ MSM တစ္ဦးျဖစ္သူ Top Center မွ ကိုေက်ာ္ေဇယ်ေဆြႏွင့္ Sex Worker Network မွ အႀကံေပးတစ္ဦးျဖစ္သူ မႏွင္းႏွင္းယုတို႔အား ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ရပါသည္။

Eamonn Murphy (Country Director (Myanmar) – UNAIDS)
                  လိင္လုပ္သားလို႔ ေျပာရင္ အမ်ဳိးသမီးေပါ့။ အမ်ဳိးသား လိင္လုပ္သားေတြလည္း ရွိေပမယ့္ ဆရာတို႔ဆီမွာ ခန္႔မွန္းဖို႔ လက္ရွိေတာ့ အေျဖမရွိဘူးေပါ့ေလ။ လိင္လုပ္သား အမ်ဳိးသမီးထဲမွာမွ HIV ျပန္႔ပြားႏႈန္းက ၆.၆ ရာခိုင္ႏႈန္း ရွိတယ္လို႔ ေတြ႔ရွိတယ္။ ဒါဟာ (Servay) ဆာေဗးေတြ လုပ္တဲ့အခါမွာ ေတြ႔ရွိခ်က္ေပါ့ေလ။ ဟိုးအရင္ ဆယ္စုႏွစ္ထက္ စာရင္ေတာ့ ေရာဂါျပန္႔ပြားႏႈန္းဟာ က်ဆင္းလာတယ္ ဆိုေတာ့ ဆရာတို႔ လုပ္ခဲ့တဲ့ လုပ္ငန္းလည္း အထိုက္အေလ်ာက္ ေအာင္ျမင္တယ္လို႔ ေျပာတယ္။ တကယ္ေတာ့ ၆.၆ ရာခိုင္ႏႈန္းဆိုေတာ့ နည္းေနသလားဆိုေတာ့လည္း မနည္းဘူး။ မ်ားေနတယ္လို႔ ယူဆလို႔ ရတယ္ေပ့ါေလ။ သူ႔ထက္ကို နည္းေအာင္လုပ္ဖို႔ တာဝန္ရွိတယ္။ နည္းေအာင္လည္း လုပ္ရမယ္။

               ေနာက္ၿပီး ကၽြန္ေတာ္တို႔ ေတာင္းဆိုတာက ဒါကို တရားဝင္ လုပ္ေပးဖို႔ မဟုတ္ဘူး။ တရားဝင္ ျဖစ္တယ္၊ မျဖစ္တယ္ ဆိုတာထက္ လက္ရွိမွာေတာ့ ရွိေနတာပဲ။ တရားဝင္ ျဖစ္တယ္၊ မျဖစ္တယ္ ဆိုတာထက္ ဒါက အလုပ္လုပ္ေနတာပဲေလ။ ဒါနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အဓိက စိတ္ဝင္စားတာက က်န္းမာေရးပဲ။ က်န္းမာေရး ဆိုတာကလည္း လိင္လုပ္သားအျပင္ သူ႔ကို လာၿပီးေတာ့ အသံုးျပဳတဲ့ လူအုပ္စုအတြက္လည္း ကၽြန္ေတာ္တုိ႔ အႏၱရာယ္ကို ကာကြယ္ရမယ္ေလ။ ဒီလိင္လုပ္သားနဲ႔ ပတ္သက္ရင္ သူတို႔မွာ တျခားသူေတြလိုပဲ။ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လက္လွမ္းမီွပိုင္ခြင့္ ရွိတယ္။

ရပိုင္ခြင့္ရွိတယ္။ သူတို႔ဆီကို က်န္းမာေရး ဝန္ေဆာင္မႈေတြ ေရာက္ေအာင္ လုပ္ေပးဖို႔က က်န္းမာေရးလုပ္ေဆာင္ေနတဲ့ အဖြဲ႔အစည္းေတြရဲ႕ တာဝန္ျဖစ္တယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ကလည္း ဒါေတြ လုပ္သားထုဆီကို က်န္းမာေရးဝန္ေဆာင္မႈေတြ ေရာက္ေအာင္ ဘယ္လိုနည္းနဲ႔ လုပ္ေဆာင္မလဲ ဆိုတာ စဥ္းစားရမယ္။

ဥပေဒေဘာင္က ဘယ္လိုရွိသည္ျဖစ္ေစ ဥပေဒေဘာင္အတြင္းမွာပဲ ဒီလိင္လုပ္သားေတြနဲ႔ ပတ္သက္တဲ့ က်န္းမာေရး ရပိုင္ခြင့္ေတြ၊ က်န္းမာေရး စစ္ေဆးပိုင္ခြင့္ေတြ ရရင္၊ ေနာက္ၿပီး သူတို႔ဝန္ေဆာင္မႈကို လာသံုးေနတဲ့ လူအုပ္စုဆီကိုပါ ေရာက္ရင္ အဲဒါ သူတို႔ကိုပါ ကာကြယ္ေပးရာ ေရာက္တယ္။ ဥပေဒပိုင္းအရေတာ့ တရားဝင္ ျဖစ္တာ၊ မျဖစ္တာကို ေတာင္းဆိုေနတာလည္း မဟုတ္ဘူး။ ဒါေပမယ့္ က်န္းမာေရး ရႈေထာင့္အေနနဲ႔ ၾကည့္မယ္ဆိုရင္ သူတို႔အတြက္ က်န္းမာေရး ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး လက္လွမ္းမွီဖို႔ ခက္ခဲတယ္။ ဒါေပမယ့္ ခုနေျပာတဲ့ ဥပေဒလည္း အေရးႀကီးတယ္။ ဥပေဒ မရွိဘဲ ဒါႀကီး လက္လွမ္းမွီဖို႔ကလည္း မလြယ္ဘူး။

မႏွင္းႏွင္းယု (Sex Worker Network - အႀကံေပး)
လိင္လုပ္ငန္းေတြ တရားဝင္ျဖစ္ျခင္း မျဖစ္ျခင္းထက္ ခိုးလုပ္ၿပီ ဆိုကတည္းက သူတို႔အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈလည္း ေကာင္းေကာင္းမရဘူး။ လုပ္အားခလည္း ေကာင္းေကာင္း မရဘူးေပါ့။ က်န္းမာေရး ေစာင့္ေရွာက္ျခင္း ဆိုတဲ့ေနရာမွာ ခုနကေျပာတဲ့ HIV/AIDS, မ်ဳိးဆက္ပြား က်န္းမာေရးေရာ၊ ကာလသားေရာ ပါတယ္ေပါ့။ ဒါကို တရားဝင္ သတ္မွတ္ၿပီးေတာ့ အလုပ္တစ္ခု အေနနဲ႔ သတ္မွတ္မယ္။ အလုပ္လုပ္တဲ့ ေနရာမွာလည္း အလုပ္ခြင္မွာ အႏၲရာယ္ကင္းဖို႔၊ လုပ္အားခ ကိုလည္း အျပည့္အဝ ရ ရမယ္။ အကာအကြယ္ဆိုတာ အစ္မတို႔က ထူးၿပီးေတာ့ လိုခ်င္ေနတာ မဟုတ္ဘူး။ သူမ်ား မတရား ေစာ္ကားတယ္။ ဥပမာ တစ္ေယာက္က ေခၚသြားတယ္။ တစ္ေယာက္က ေခၚသြားၿပီး ဟိုေရာက္မွ ၂ ေယာက္၊ ၃ ေယာက္က ဝိုင္းၿပီး လိင္ဆက္ဆံတယ္။ ဒီပံုစံမ်ဳိးေပ့ါ။ အစတုန္းက ေျပာထားတာ တစ္ေယာက္၊ သူတို႔ နယ္ပယ္ထဲ ေရာက္သြားေတာ့ ၃၊ ၄ ေယာက္နဲ႔ ဝိုင္းၿပီး လိင္ဆက္ဆံတယ္။ ဒါက မတရားမႈေတြပဲေလ။ အဲဒီလိုမ်ဳိးေတြ ျဖစ္မလာေအာင္ အကာအကြယ္ေပးတဲ့ ဥပေဒမ်ဳိး ေတြလည္း ရွိသင့္တယ္။ သူတို႔ကို ေစာင့္ေရွာက္ေပးတဲ့ ဌာနေတြ ပိုၿပီး ရွိသင့္တယ္။

ကိုေက်ာ္ေဇယ်ေဆြ (Outreach Supervisor – Top Center)
Sex worker (လိင္လုပ္သား) ေတြက လိင္လုပ္သား ျဖစ္ၿပီဆိုတာနဲ႔ ဥပေဒမွာက ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ဘယ္ေလာက္ ဆိုၿပီးေတာ့ ရွိထားၿပီးသား။ အဲဒီအတြက္ သူတို႔ တစ္ခုခု ႀကံဳလာတဲ့အခါ ဥပေဒေတြရဲ႕ ေစာင့္ေရွာက္မႈ လံုးဝကို မရေတာ့ဘူး။ အႏိုင္က်င့္ခံရတာေပါ့ဗ်ာ။ မိန္းကေလးေတြမွာဆို ေငြေၾကးအရ ေခါင္းပံုျဖတ္ခံရတာေတြ ရွိတယ္။ လိင္ပိုင္းဆိုင္ရာ ေခါင္းပံုျဖတ္တာေတြ ရွိတယ္။ ဒီလိုေတြ ႀကံဳလာတဲ့အခါမွာ သာမန္လူမွာ အႀကမ္းဖက္ခံရတာပဲ ျဖစ္ျဖစ္၊ လိင္မႈဆိုင္ရာ အႏိုင္က်င့္ခံရတာပဲ ျဖစ္ျဖစ္ ရဲစခန္းသြားတိုင္ၿပီး အမႈဖြင့္တာမ်ဳိး၊ တရားစြဲတာမ်ဳိးေတြ ရွိေပမယ့္ လိင္လုပ္သားေတြမွာက မရွိဘူး။ က်န္းမာေရးနဲ႔ ပတ္သက္ရင္လည္း ကိုယ္ေတြ ပိုက္ဆံေပးၿပီးသြားတဲ့ ေဆးခန္းေတာင္မွ ကိုယ္ ဒါ လုပ္တယ္ဆိုတာကို သိေနရင္ တကယ့္ သာမန္လူေတြကို ေပးတဲ့ ဝန္ေဆာင္မႈနဲ႔ ကိုယ့္ကိုေပးတဲ့ ဝန္ေဆာင္မႈက မတူဘူး။ ပိုက္ဆံသာ ပိုေပးခ်င္ ေပးရလိမ့္မယ္။ ရတဲ့ ဝန္ေဆာင္မႈခ်င္း က်ေတာ့ တူမွာ မဟုတ္ဘူး။

ဒါေတြက သာမန္သူေတြ ႀကံဳေနရတဲ့ က်န္းမာေရး အခက္အခဲနဲ႔ သာမန္လူေတြမွာ ႀကံဳေနရတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ မတူဘူး။ အဲဒါမ်ဳိးသာ တရားဝင္ဆိုတာထက္ အသိအမွတ္ေလး ျပဳေပးမယ္ဆိုရင္ Sex အလုပ္ လုပ္တာသည္ ျပစ္မႈ မဟုတ္ပါဘူး။ ဒါလည္း အလုပ္တစ္ခုပါလို႔ သတ္မွတ္ေပးလိုက္ရင္ေတာ့ ဒါက ေတာ္ေတာ္ ေလ်ာ့သြားမယ္ထင္တယ္။ ကၽြန္ေတာ္ ဒီအလုပ္ကို စလုပ္တုန္းက အခုလိုမ်ဳိး တရားဝင္ ဝန္ေဆာင္မႈေပးတဲ့ စင္တာေတြ မရွိေသးဘူး။ အဲဒီအခါ ကုလားဆိုင္သြားၿပီး ေဆးစပ္ရင္ စပ္ရလိမ့္မယ္။ ပင္နီဆလင္ ေသာက္ရတဲ့အခါ ေသာက္ရတယ္။ ဒီလိုမ်ဳိး ကြန္ဒံုးတို႔ ဘာတို႔ ဆိုတာ ၾကားလည္း မၾကားဖူးဘူး။ သံုးရတယ္ဆိုတာလည္း မသိဘူး။ အဲဒီလို အေနအထားမ်ဳိး။

သတင္း ။ ။ အမြန္
-------------------------------

( unicode )

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရအနဖြေင့် တရားဝင် အသိအမှတ်ပြု လုပ်ကိုင်ခွင့် မပြုထားသော်လည်း တရားမဝင် လုပ်ကိုင်နေသည့် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းပေါင်း များစွာ ရှိနေသည်ကို တွေ့ရသည်။ ပိုအရေးကြီးသည်မှာ ယင်းကဲ့သို့ တရားဝင် အသိအမှတ်ပြုခြင်း၊ မပြုခြင်း တို့ထက် လိင်လုပ်သားများ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများမှတဆင့် ဖြစ်ပွားတတ်သည့် နောက်ဆက်တွဲ ဆင့်ပွားရောဂါတစ်ခုဖြစ်သော HIV / AIDS ရောဂါ ကူးစက်ပြန့်ပွားမှုကို မည်သို့ လျှော့ချကြမလဲ ဆိုတာပင် ဖြစ်သည်။

လိင်လုပ်ငန်းများ တရားဝင် အသိအမှတ်ပြုခြင်း၊ မပြုခြင်း၏ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်းကို UNAIDS မှ Country Director ဖြစ်သူ eamonn Murphy၊ MSM တစ်ဦးဖြစ်သူ Top Center မှ ကိုကျော်ဇေယျဆွေနှင့် Sex Worker Network မှ အကြံပေးတစ်ဦးဖြစ်သူ မနှင်းနှင်းယုတို့အား မေးမြန်းထားမှုများကို ဖော်ပြလိုက်ရပါသည်။

Eamonn Murphy (Country Director (Myanmar) – UNAIDS)
 လိင်လုပ်သားလို့ ပြောရင် အမျိုးသမီးပေါ့။ အမျိုးသား လိင်လုပ်သားတွေလည်း ရှိပေမယ့် ဆရာတို့ဆီမှာ ခန့်မှန်းဖို့ လက်ရှိတော့ အဖြေမရှိဘူးပေါ့လေ။ လိင်လုပ်သား အမျိုးသမီးထဲမှာမှ HIV ပြန့်ပွားနှုန်းက ၆.၆ ရာခိုင်နှုန်း ရှိတယ်လို့ တွေ့ရှိတယ်။ ဒါဟာ (Servay) ဆာဗေးတွေ လုပ်တဲ့အခါမှာ တွေ့ရှိချက်ပေါ့လေ။ ဟိုးအရင် ဆယ်စုနှစ်ထက် စာရင်တော့ ရောဂါပြန့်ပွားနှုန်းဟာ ကျဆင်းလာတယ် ဆိုတော့ ဆရာတို့ လုပ်ခဲ့တဲ့ လုပ်ငန်းလည်း အထိုက်အလျောက် အောင်မြင်တယ်လို့ ပြောတယ်။ တကယ်တော့ ၆.၆ ရာခိုင်နှုန်းဆိုတော့ နည်းနေသလားဆိုတော့လည်း မနည်းဘူး။ များနေတယ်လို့ ယူဆလို့ ရတယ်ပေါ့လေ။ သူ့ထက်ကို နည်းအောင်လုပ်ဖို့ တာဝန်ရှိတယ်။ နည်းအောင်လည်း လုပ်ရမယ်။

 နောက်ပြီး ကျွန်တော်တို့ တောင်းဆိုတာက ဒါကို တရားဝင် လုပ်ပေးဖို့ မဟုတ်ဘူး။ တရားဝင် ဖြစ်တယ်၊ မဖြစ်တယ် ဆိုတာထက် လက်ရှိမှာတော့ ရှိနေတာပဲ။ တရားဝင် ဖြစ်တယ်၊ မဖြစ်တယ် ဆိုတာထက် ဒါက အလုပ်လုပ်နေတာပဲလေ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဓိက စိတ်ဝင်စားတာက ကျန်းမာရေးပဲ။ ကျန်းမာရေး ဆိုတာကလည်း လိင်လုပ်သားအပြင် သူ့ကို လာပြီးတော့ အသုံးပြုတဲ့ လူအုပ်စုအတွက်လည်း ကျွန်တော်တို့ အန္တရာယ်ကို ကာကွယ်ရမယ်လေ။ ဒီလိင်လုပ်သားနဲ့ ပတ်သက်ရင် သူတို့မှာ တခြားသူတွေလိုပဲ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမှီပိုင်ခွင့် ရှိတယ်။

ရပိုင်ခွင့်ရှိတယ်။ သူတို့ဆီကို ကျန်းမာရေး ဝန်ဆောင်မှုတွေ ရောက်အောင် လုပ်ပေးဖို့က ကျန်းမာရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ဒါတွေ လုပ်သားထုဆီကို ကျန်းမာရေးဝန်ဆောင်မှုတွေ ရောက်အောင် ဘယ်လိုနည်းနဲ့ လုပ်ဆောင်မလဲ ဆိုတာ စဉ်းစားရမယ်။

ဥပဒေဘောင်က ဘယ်လိုရှိသည်ဖြစ်စေ ဥပဒေဘောင်အတွင်းမှာပဲ ဒီလိင်လုပ်သားတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ရပိုင်ခွင့်တွေ၊ ကျန်းမာရေး စစ်ဆေးပိုင်ခွင့်တွေ ရရင်၊ နောက်ပြီး သူတို့ဝန်ဆောင်မှုကို လာသုံးနေတဲ့ လူအုပ်စုဆီကိုပါ ရောက်ရင် အဲဒါ သူတို့ကိုပါ ကာကွယ်ပေးရာ ရောက်တယ်။ ဥပဒေပိုင်းအရတော့ တရားဝင် ဖြစ်တာ၊ မဖြစ်တာကို တောင်းဆိုနေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျန်းမာရေး ရှုထောင့်အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်လှမ်းမှီဖို့ ခက်ခဲတယ်။ ဒါပေမယ့် ခုနပြောတဲ့ ဥပဒေလည်း အရေးကြီးတယ်။ ဥပဒေ မရှိဘဲ ဒါကြီး လက်လှမ်းမှီဖို့ကလည်း မလွယ်ဘူး။

မနှင်းနှင်းယု (Sex Worker Network - အကြံပေး)
လိင်လုပ်ငန်းတွေ တရားဝင်ဖြစ်ခြင်း မဖြစ်ခြင်းထက် ခိုးလုပ်ပြီ ဆိုကတည်းက သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလည်း ကောင်းကောင်းမရဘူး။ လုပ်အားခလည်း ကောင်းကောင်း မရဘူးပေါ့။ ကျန်းမာရေး စောင့်ရှောက်ခြင်း ဆိုတဲ့နေရာမှာ ခုနကပြောတဲ့ HIV/AIDS, မျိုးဆက်ပွား ကျန်းမာရေးရော၊ ကာလသားရော ပါတယ်ပေါ့။ ဒါကို တရားဝင် သတ်မှတ်ပြီးတော့ အလုပ်တစ်ခု အနေနဲ့ သတ်မှတ်မယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း အလုပ်ခွင်မှာ အန္တရာယ်ကင်းဖို့၊ လုပ်အားခ ကိုလည်း အပြည့်အဝ ရ ရမယ်။ အကာအကွယ်ဆိုတာ အစ်မတို့က ထူးပြီးတော့ လိုချင်နေတာ မဟုတ်ဘူး။ သူများ မတရား စော်ကားတယ်။ ဥပမာ တစ်ယောက်က ခေါ်သွားတယ်။ တစ်ယောက်က ခေါ်သွားပြီး ဟိုရောက်မှ ၂ ယောက်၊ ၃ ယောက်က ဝိုင်းပြီး လိင်ဆက်ဆံတယ်။ ဒီပုံစံမျိုးပေါ့။ အစတုန်းက ပြောထားတာ တစ်ယောက်၊ သူတို့ နယ်ပယ်ထဲ ရောက်သွားတော့ ၃၊ ၄ ယောက်နဲ့ ဝိုင်းပြီး လိင်ဆက်ဆံတယ်။ ဒါက မတရားမှုတွေပဲလေ။ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အကာအကွယ်ပေးတဲ့ ဥပဒေမျိုး တွေလည်း ရှိသင့်တယ်။ သူတို့ကို စောင့်ရှောက်ပေးတဲ့ ဌာနတွေ ပိုပြီး ရှိသင့်တယ်။

ကိုကျော်ဇေယျဆွေ (Outreach Supervisor – Top Center)
Sex worker (လိင်လုပ်သား) တွေက လိင်လုပ်သား ဖြစ်ပြီဆိုတာနဲ့ ဥပဒေမှာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ဘယ်လောက် ဆိုပြီးတော့ ရှိထားပြီးသား။ အဲဒီအတွက် သူတို့ တစ်ခုခု ကြုံလာတဲ့အခါ ဥပဒေတွေရဲ့ စောင့်ရှောက်မှု လုံးဝကို မရတော့ဘူး။ အနိုင်ကျင့်ခံရတာပေါ့ဗျာ။ မိန်းကလေးတွေမှာဆို ငွေကြေးအရ ခေါင်းပုံဖြတ်ခံရတာတွေ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတွေ ရှိတယ်။ ဒီလိုတွေ ကြုံလာတဲ့အခါမှာ သာမန်လူမှာ အကြမ်းဖက်ခံရတာပဲ ဖြစ်ဖြစ်၊ လိင်မှုဆိုင်ရာ အနိုင်ကျင့်ခံရတာပဲ ဖြစ်ဖြစ် ရဲစခန်းသွားတိုင်ပြီး အမှုဖွင့်တာမျိုး၊ တရားစွဲတာမျိုးတွေ ရှိပေမယ့် လိင်လုပ်သားတွေမှာက မရှိဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ကိုယ်တွေ ပိုက်ဆံပေးပြီးသွားတဲ့ ဆေးခန်းတောင်မှ ကိုယ် ဒါ လုပ်တယ်ဆိုတာကို သိနေရင် တကယ့် သာမန်လူတွေကို ပေးတဲ့ ဝန်ဆောင်မှုနဲ့ ကိုယ့်ကိုပေးတဲ့ ဝန်ဆောင်မှုက မတူဘူး။ ပိုက်ဆံသာ ပိုပေးချင် ပေးရလိမ့်မယ်။ ရတဲ့ ဝန်ဆောင်မှုချင်း ကျတော့ တူမှာ မဟုတ်ဘူး။

ဒါတွေက သာမန်သူတွေ ကြုံနေရတဲ့ ကျန်းမာရေး အခက်အခဲနဲ့ သာမန်လူတွေမှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတူဘူး။ အဲဒါမျိုးသာ တရားဝင်ဆိုတာထက် အသိအမှတ်လေး ပြုပေးမယ်ဆိုရင် Sex အလုပ် လုပ်တာသည် ပြစ်မှု မဟုတ်ပါဘူး။ ဒါလည်း အလုပ်တစ်ခုပါလို့ သတ်မှတ်ပေးလိုက်ရင်တော့ ဒါက တော်တော် လျော့သွားမယ်ထင်တယ်။ ကျွန်တော် ဒီအလုပ်ကို စလုပ်တုန်းက အခုလိုမျိုး တရားဝင် ဝန်ဆောင်မှုပေးတဲ့ စင်တာတွေ မရှိသေးဘူး။ အဲဒီအခါ ကုလားဆိုင်သွားပြီး ဆေးစပ်ရင် စပ်ရလိမ့်မယ်။ ပင်နီဆလင် သောက်ရတဲ့အခါ သောက်ရတယ်။ ဒီလိုမျိုး ကွန်ဒုံးတို့ ဘာတို့ ဆိုတာ ကြားလည်း မကြားဖူးဘူး။ သုံးရတယ်ဆိုတာလည်း မသိဘူး။ အဲဒီလို အနေအထားမျိုး။

သတင်း။ အမွန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net