ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြား အသေးစား ငလျင်လှုပ်ခတ်သွား

ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြား အသေးစား ငလျင်လှုပ်ခတ်သွား
နိုဝင်ဘာ 24, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြားတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၄)ရက် နံနက် (၁း၁၀)နာရီအချိန်က အင်အား ၃.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

နိုဝင်ဘာလ (၂၃)ရက်နေ့က ည(၆း၁၉)နာရီအချိန်တွင် တာချီလိတ်မြို့ ၌ အင်အား (၄.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပြီး နိုဝင်ဘာလ (၂၄)ရက်နေ့သို့အကူး နံနက် (၁း၁၀)နာရီအချိန်မှာ ကျိုင်းတုံ နှင့် မိုင်းဖြတ်အကြားမှာ လှုပ်ခတ်သွားတာဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၂၃)ရက်နေ့က မြန်မာနိုင်ငံအတွင်း တာချီလိတ်မြို့ အပါအ၀င် နေရာသုံးနေရာမှာ ငလျင်လှုပ်ခတ်သွားခဲ့ရာ အမြင့်ဆုံးအဆင့်မှာ (၄.၇)ရှိကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~