မိုင်းဖြတ်မြို့ ဟိုနားကျေးရွာ အနီးတွင် ငွေကျပ်(၈၃)သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

မိုင်းဖြတ်မြို့ ဟိုနားကျေးရွာ အနီးတွင် ငွေကျပ်(၈၃)သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
ဧပြီ 21, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းဖြတ်မြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သန်းဇော်ဦး ဦးဆောင်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဒုတိယရဲအုပ် ကျော်နိုင်မိုး  နှင့်အဖွဲ့၊  သတင်းရဲတပ်ဖွဲ့မှ  ရဲအုပ်ကျော်ဇေယျာ နှင့် စရဖ မှ တပ်ကြပ်နေဇာလင်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည်
သက်သေများနှင့် အတူ ယနေ့  ဧပြီလ(၂၁)ရက်၊ နံနက် (၁၁)နာရီခွဲက ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ အနီးတွင် ယာဉ်များကို ရှောင်တခင် ရပ်တန့် ရှာဖွှေစစ်ဆေးနေစဉ် ဘိန်းစိမ်းများအား တရားခံနှစ်ဦးနှင့်အတူ  ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမှ မိုင်းဖြတ်သို့ ကျိုင်းတုံမြို့နယ် ၊ ပန်မတ်ကျေးရွာအုပ်စု၊ နမ့်ပူ ကျေးရွာနေ မောင်လော်xx  မောင်းနှင်လာသည့်  အပြာရောင်ဆိုင်ကယ် ရင်ဘို - ၁၂၅ အမျိုးအစား အား  အဆိုပါ ပူးပေါင်းအဖွဲ့မှ မသင်္ကာ၍ ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် ကိုယ်ထည်အတွင်းမှ ဘိန်းစိမ်း(၃.၉)ကီလိုဂရမ်  ကာလတန်ဖိုးငွေ ကျပ်(၃၉)သိန်းခန့် ကိုလည်းကောင်း၊ ယင်းကျေးရွာနေ ယာဉ်မောင်း မောင်လီxx မောင်းနှင်လာသည့် အစိမ်းရောင်ဟွန်ဒါဝေ့ဖ်-၁၁၀ အမျိုးအစားအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ကိုယ်ထည်အတွင်းမှ ဘိန်းစိမ်း(၄.၄)ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် (၄၄)သိန်းခန့် ကိုလည်းကောင်း ၊ စုစုပေါင်း ငွေကျပ်(၈၃)သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများကို သက်သေများ၏ ရှေ့တွင် ဖမ်းဆီးရမိ၍ သိမ်းဆည်းခဲ့ကြသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အဆိုပါ တရားခံများဖြစ်သော မောင်လော်xxအား  မိုင်းဖြတ်မြို့မရဲစခန်းမှ  မယ(ပ)၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း၊  မောင်လီxxxအား   မိုင်းဖြတ်မြို့မရဲစခန်းမှ မယ(ပ)၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။        ။ ဝေယံလင်း ( Iprd )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~