တာချီလိတ်မြို့၌ လူနေအိမ်ရာများအဖြစ် အမည်ပေါက် ပုံစံ(၁၀၅)ပါသည့် ခြံ-မြေ (၉၈)ကွက်အနက် ရောင်းချရန် (၄၉)ကွက်သာ ကျန်ရှိ

တာချီလိတ်မြို့၌ လူနေအိမ်ရာများအဖြစ် အမည်ပေါက် ပုံစံ(၁၀၅)ပါသည့် ခြံ-မြေ (၉၈)ကွက်အနက် ရောင်းချရန် (၄၉)ကွက်သာ ကျန်ရှိ
ဖေဖော်ဝါရီ 17, 2014
By Tachileik News Agency

တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံနှင့် လေယာဉ်ကွင်းသွား လမ်းဘေးတွင် ဧက(၆.၇၈) ကျယ်ဝန်းသည့် မြေနေရာကို  လူနေအိမ်ရာများအဖြစ် ခြံ-မြေ (၉၈)ကွက်ရိုက်၍ တည်နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ကာ ဦးစားပေးရောင်းချနေလျှက်ရှိရာမှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်အွန်လိုင်းတွင် ကြော်ငြာခဲ့ပြီးနောက် (၃)လကျော်အတွင်း မြေကွက် (၉၈)ကွက်အနက် (၄၉)ကွက် ရောင်းချနိုင်ခဲ့ပြီး (၄၉)ကွက်မှာ ရောင်းချရန် ကျန်ရှိသေးသည့်အတွက် ပထမနည်းတူ မြေကွက်များကို ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေလျှက်ရှိကြောင်း သိရသည်။

{ အကွက် (၉၈)ကွက် အနက် (၄၉)ကွက် ရောင်းချပြီး (၄၉)ကွက် ရောင်းချရန် ကျန်ရှိ }

အဆိုပါ အိမ်ရာအတွင်းရှိ လမ်းသွယ်များအားလုံးကို ကတ္တရာဖြင့် ခင်းကျင်းပေးထားမှာဖြစ်ပြီး၊ လမ်းသွယ်၏ ဘေးတစ်ဘက်တစ်ချက်တွင် ရေနှုတ်မြောင်းများ ဖောက်လုပ်ပေးထားမှာဖြစ်ကြောင်းနှင့် သတ်မှတ်နေရာများအလိုက်မှာလည်း မီးတိုင်များကို စိုက်ထူပေးထားမည့်အပြင် လျှပ်စစ်မီးနှင့် ပတ်သက်၍ ထရန်စဖော်မာတစ်လုံး သီးသန့် တပ်ဆင်ပေးထားမှာ ဖြစ်ကြောင်းသိရပါသည်။

တာချီလိတ်မြို့ပေါ်တွင် ယခင်က (၆)ရပ်ကွက်သာရှိရာမှ ယခုအခါမှာ မြို့ပေါ်(၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်ပြီး ဟောင်လိတ်ကျေးရွာအုပ်စုတွင် ရပ်ကွက် (၄)ရပ်ကွက်တိုးလာရန် အတည်ပြုပြီးသွားပြီ ဖြစ်သည့်အတွက် တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံအနီးတစ်ဝိုက်တွင် နောင်တစ်ချိန်မှာ ပိုမို စည်းကားလာမှာဖြစ်ပြီး လက်ရှိတွင်လည်း အနီးအနားမှာ တည်းခိုခန်းများနှင့် ဆီပန့်များလည်း ရှိနေသည်ဖြစ်ရာ စည်ကားလာမည့်နေရာတစ်ခုဖြစ်ပါသည်။

ခြံ-မြေအနေအထားအား အောက်ပါ မှတ်တမ်းဗီဒီယို၌ ကြည့်ရှုနိုင်ပါသည်။

{ ခြံ-မြေ၏ တည်နေရာ မှတ်တမ်းဗီဒီယို }

မြေကွက်များကို ရောင်းချပေးရာမှာ ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေပြီး ဈေးနှုန်းများကိုတော့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါသည်။ ခြံ-မြေ၀ယ်ယူသူများအနေဖြင့် အမည်ပေါက် ပုံစံ(၁၀၅) ရရှိမှာဖြစ်ကြောင်း သိရပါသည်။

ခြံမြေကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဖုန်းဆက်မေးမြန်းနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ရန်

  • Myanmar Phone: 09-36122173, 09-49030543
  • Thai Phone: 0850350011, 0835720889

အွန်လိုင်းကြော်ငြာဝန်ဆောင်မှု
Thai: 084 5225713
Myanmar: 094 500 46600