ရွှေကျင်မြို့မှ သံဆိပ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားနှစ်ဦးကို သတ်ဖြတ်

ရွှေကျင်မြို့မှ သံဆိပ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားနှစ်ဦးကို သတ်ဖြတ်

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့မှ သံဆိပ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၎င်းတို့ဖြတ်သန်းရာလမ်းပေါ်ရှိ ကျေးရွာများမှ ရွာသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှစ၍ ၊ဧပြီလ (၂၇)ရက်နေ့အထိ ရွှေကျင်မှ သံဆိပ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် ခမရ-၃၄၉နှင့် စစ်ကောင်စီ တပ်ရင်း (၂)မှ ကဇင်းပင်ကျေးရွာနှင့် အင်္ဂနီကျေးရွာမှ ရွာသားနှစ်ဦးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊မေလ (၁) ရက်နေ့ နံနက် (၁၀) နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်၏ သံဆိပ်စခန်းမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ရာ သံဆိပ်မင်းလမ်း ကျောက်ကြီးချောင်းနံဘေးနေ ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်ခွဲခြားခြင်းမရှိပဲ ဒေသခံပြည်သူများနေထိုင်သည့်နေရာများအား လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းနှင့်တိုက်ခိုက်ခြင်းများ စဉ်ဆက်မပျက် ပြုလုပ်လျှက်ရှိသည်။

#TachileikNewsAgency

Photo: KNU