ကျွန်းလည်ရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်

ကျွန်းလည်ရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချထားသော ကျွန်းလည်ရွာ ပျူစောထီးစခန်းကို ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၆)ရက်နေ့ နံနက်‌ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် ရွှေဘိုခရိုင် တပ်ရင်း(၂၅)တို့မှ ပူးပေါင်းကာ စစ်ကောင်စီကင်းစခန်းကို အပြီးတိုင် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄)ဦးခန့် သေဆုံးပြီး တချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကာ MA1 တစ်လက်၊ G3 တစ်လက်၊ ကာဘိုင် ၃ လက်၊ ပြောင်းချော ၇ လက်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့်  အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကျွန်းလည်ရွာ ပျူစောထီးကင်းစခန်းနှင့် ကျေးရွာရှိ ပျူစောထီးများသည် အနီးနားရှိ ကျေးရွာနေအိမ်များကို မကြာခဏ မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် ဒေသခံများသည် ကျေးရွာမှ စွန့်ခွာနေကြရကြောင်း သိရသည်။

#TachileikNewsAgency