ဘီယာသောက်နေသည့် နယ်ထိန်းရဲ ပစ်ခတ်ခံရပြီးသေဆုံး

ဘီယာသောက်နေသည့် နယ်ထိန်းရဲ ပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် ရန်မျိုးအောင်ရက်ကွက်တွင် ဘီယာသောက်နေသည့် နယ်ထိန်းရဲတစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၅)ရက်နေ့ နေ့လယ်(၃)နာရီတွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရေးမြို့မရဲစခန်းမှ (၃)ရက်ကွက်ပိုင် နယ်ထိန်းရဲ အောင်သူဆိုသူအား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဖုန်းနှင့် ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

"ဘီယာဆိုင်မှာ (၃)ရပ်ကွက်ပိုင်နယ်ထိန်းပေါ့။ နယ်ထိန်းရဲကို ကျွန်တော်တို့ ဝင်ရောက်ရှင်းလင်းလိုက်တယ်။ ဝင်ရှင်းတာမှာ ၉ မမ အတိုနဲ့ (၅)ချက်ပစ်လိုက်တယ်။"ဟု ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က Tachileik News Agency ကိုပြောသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency