ကမ္မနယ်မြေရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ငွေကျပ်သိန်း ၅၀ ချီးမြှင့်

ကမ္မနယ်မြေရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ငွေကျပ်သိန်း ၅၀ ချီးမြှင့်

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မနယ်မြေ ရဲစခန်းမှ ရဲဒုတပ်ကြပ် နန္ဒကျော်သည် ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်သည် မြိုင်ပကဖနှင့် ချိတ်ဆက်၍ G3 (၁)လက်၊ ကျည် (၁၃၀)တောင့်၊ လက်ပစ်ဗုံး (၁)လုံးနှင့်အတူ အလင်းဝင်လာသဖြင့် မြိုင်ပကဖမှ ငွေကျပ် သိန်း(၅၀) ဆုချီးမြှင့်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြင်မှန်ရ၍ ပြည်သူဘက်သို့ ပူးပေါင်းလိုပါက နွေးထွေးစွာ ကြိုဆိုနေကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ