လောင်းကစားဝိုင်းများ မပြုလုပ်ရန် သတိပေးထားသော်လည်း ဆက်လုပ်နေ၍ ချိန်ကိုက်ဗုံးထောင်ပြီး ပေါက် PDF က သတိပေး

လောင်းကစားဝိုင်းများ မပြုလုပ်ရန် သတိပေးထားသော်လည်း ဆက်လုပ်နေ၍ ချိန်ကိုက်ဗုံးထောင်ပြီး ပေါက် PDF က သတိပေး
အောက်တိုဘာ 29, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ရန် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.P.D.F)က သတိပေးထားသော်လည်း ဆယ်ပင်းကျေးရွာတွင် ကြက်ဝိုင်းပြုလုပ်နေ၍ ချိန်ကိုက်ဗုံး ဖြင့် သတိပေးလိုက်ကြောင်း ပေါက် Pauk PDF က သတင်းထုတ်ပြန်ထားသည်။

ပေါက်မြို့နယ်၊ ဆယ်ပင်းကျေးရွာအတွင်း ကြက်ဝိုင်းပြုလုပ်နေသည့်အတွက် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲပြီး သတိပေးလိုက်ခြင်း ဖြစ်သည်။

ပေါက်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ကြရန် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.P.D.F)က အကြိမ်ကြိမ်သတိပေးစာများဖြင့် သတိပေးတော်လည်း လိုက်နာမှုမရှိသည့်အတွက် ယခုလို လက်နက်ဖြင့် သတိပေးခြင်းဖြစ်ပြီး ဆက်လက်၍ မလိုက်နာပပါက အသက်အန္တရာယ်အတွက် လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားသည်။