ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအထိုင်ချထားသည့် ကင်းစခန်းကို တော်လှန်ရေးတပ်များဝင်ပစ်

ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအထိုင်ချထားသည့် ကင်းစခန်းကို တော်လှန်ရေးတပ်များဝင်ပစ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့် ကင်းစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များဝင်တိုက်ရာ နှစ်ဖက်ထိတွေ့မှု နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး ပန်းရံ၊ ဇီးကုန်းနှင့် ဇီးဖြူကုန်းရွာမှ ပျူစောထီးများ စစ်ကူလာသဖြင့် အင်အားခြင်း မမျှခြင်းကြောင့် စခန်းကိုမသိမ်းနိင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

"ပျူစောထီးတွေ အထိုင်ချ ကင်းနေရာများအားလုံး တိကျ သတင်းရရှိထားတာကြောင့် နံနက်ခင်းပိုင်း ကင်းငိုက်ချိန် လက်ဦးမှု ရယူပြီး ချေမှုန်းနိင်ခဲ့တယ်ဗျ။ စုစုပေါင်းပျူစောထီး(၇)ကောင် ဒဏ်ရာပြင်းထန်ရရှိတယ်။ ဒဏ်ရာရ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို ပန်းရံကျေးရွာ နောက်ထိပ်ဆေးခန်းကို သယ်ဆောင် ကုသနေတယ်။ ကုသနေရင်း (၅)ကောင်တော့သေတယ်။ ပန်းရံ ၊ လိပ်ချင်း နှစ်ရွာစပ်ကြားက ဦးထွန်းရှိတဲခုံမှာ အသုဘချတယ်။"ဟု  ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇)ရက်နေ့က မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး စစ်ကောင်စီ လက်ချက်ဖြင့် ကျဆုံးခြင်းအတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို  Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ တန(၂) ဗိုလ်သူရိန် ပကဖ၊ဒေါင်းစစ်သည်အဖွဲ့ ၊SBFA-shwebo Federal Army၊ EYE Force EYE၊ HG FIGHTRS (LPDF)၊ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့ ၊မဟူရာရွှေဘိုသားအဖွဲ့ ၊‌ ရွှေဘိုအားမာန်မြို့ပြပြောက်ကျား၊ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစု ညီအကိုများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency