ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီတပ်ဖွဲ့  (SNA)မှ တပ်ဖွဲ့ဝင်ငါးဦး လက်နက်နှင့်တကွ အလင်းဝင် 

ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီတပ်ဖွဲ့  (SNA)မှ တပ်ဖွဲ့ဝင်ငါးဦး လက်နက်နှင့်တကွ အလင်းဝင် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီတပ်ဖွဲ့ (SNA) တပ်စိတ်မှုးအဆင့်ရှိ ရဲဘော် ၂ ဦးနှင့် အခြားအဆင့်ရှိ ရဲဘော် ၃ ဦး စုစုပေါင်း ရဲဘော် ၅ ဦးတို့သည် ၂၀၂၄ခုနှစ် ဧပြီလ၊ ၂၄ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သို့ ချိတ်ဆက်ပြီး လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ထုတ်ပြန်ချက်အရသိရသည်။

SNA ရဲဘော် ၅ ဦးသည် HK 33 လက်နက်တစ်လက်၊ AK 1 လက်နက်တစ်လက်၊  7.62 ကျည် (၉၀)တောင့်၊ 5.56 ကျည် (၁၈၄)တောင့်နှင့်အတူ အလင်းဝင်ခဲ့ခြင်းကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် SNA တပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုပြီး လိုအပ်သည့် အကူအညီများကို ပံ့ပိုးဆောင်ရွက်ခဲ့ပေးခဲ့ကာ ၊ လက်နက်အပ်နှံခြင်းအခမ်းအနားနှင့်အတူ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

SNA ရဲဘော်များအနေဖြင့် ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဆက်သွယ်နိုင်ပြီး ၊ ဒေသခံတိုင်းရင်းသား SNA ရဲဘော်များကို လှိုက်လှဲစွာ ကြိုဆိုလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency