တေးသီချင်း ဗီဒီယို သရုပ်ဆောင် ရိုက်ကူးထုတ်လွှင့်ပြသသူများ  အချက်(၆)ချက်ကို မလိုက်နာပါက အရေးယူမည်ဟု စစ်ကောင်စီက အသိပေး ကြေညာ

တေးသီချင်း ဗီဒီယို သရုပ်ဆောင် ရိုက်ကူးထုတ်လွှင့်ပြသသူများ  အချက်(၆)ချက်ကို မလိုက်နာပါက အရေးယူမည်ဟု စစ်ကောင်စီက အသိပေး ကြေညာ

 တေးသီချင်း ဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့် ပတ်သက်ပြီး အချက်(၆)ချက်ကို ငြိစွန်းပါက သရုပ်ဆောင်များနှင့် ဒါရိုက်တာအပါအဝင် သက်ဆိုင်သူများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ(၄)ရက်နေ့တွင် အသိပေးကြေညာလာသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အချက်(၆)ချက်မှာ နိုင်ငံရေး၊ ဘာသာရေး နှင့် တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှု မရှိစေရေး တို့ ပါဝင်ပြီး သတ်မှတ်ချက် (၆)ချက် ဆင်ဆာမူဝါဒများကို လိုက်လာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု အသိပေးထားခြင်းဖြစ်သည်။

၎င်းတို့ သတ်မှတ်ထားသည့် ဆင်ဆာမူဝါဒကို မလိုက်နာပါက တေးသီချင်း ဗီဒီယို ရိုက်ကူးသူ ဒါရိုက်တာနှင့် ပါဝင် သရုပ်ဆောင်သူများ အပြင် ထုတ်လွှင့်ပြသသူများကို အရေးယူမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

ယင်းအသိပေးကြေညာချက်နှင့်အတူ  အမျိုးသားယဉ်ကျေးမှု နှင့် ကာမရာဂလှုံ့ဆော်မှုများ လှုံဆော်သည်ဟုဆိုကာ "ဘီယာဗိုက်” သီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး အဆိုတော် မေသူ နှင့်  ဟာသ သရုပ်ဆောင် အိုကေ အပါအဝင် သက်ဆိုင်သူများကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသေးသည်။