မြန်မာဖက်သို့သယ်လာသည့် ခဲယမ်းများကို ထိုင်းအာဏာပိုင်းများက သောင်ရင်းမြစ်အနီးတွင် သိမ်းဆည်းရမိ 

မြန်မာဖက်သို့သယ်လာသည့် ခဲယမ်းများကို ထိုင်းအာဏာပိုင်းများက သောင်ရင်းမြစ်အနီးတွင် သိမ်းဆည်းရမိ 

မြန်မာနိုင်ငံအတွင်းသို့ပို့မည့် စစ်သုံးခဲယမ်းများကို ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တွင် ထိုင်းအာဏာပိုင်များက ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြန်မာဖက်သို့ ပို့ရန်သယ်လာသည့် လက်နက်ခဲယမ်းများကို ထိုင်းနယ်ခြားစောင့်စစ်တပ်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်သူများကိုမူ ဖမ်းဆီးရမိခဲ့ခြင်းမရှိဟု သိရသည်။ 

လက်နက်ခဲယမ်းများကို မြန်မာနိုင်ငံသားနှစ်ဦးက ခရီးဆောင်အိတ်ဖြင့် သယ်လာစဉ် ကင်းလှည့်လာသည့် ထိုင်းစစ်တပ်ကို တွေ့ရာက ပစ်ချ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ပစ္စည်းများထဲတွင် RPG (၃)ခု၊ ပို့ယမ်း (၃)တောင့်၊ (၄၀)မမ (၁၀)လုံး၊ ကျည်(၈၈၈)တောင့်တို့ ပါဝင်သည်ဟု သိရသည်။ 

ပြီးခဲ့သည့် မတ်(၂၉)ရက်နေ့ကလည်း ဒရုန်းပစ်လက်နက် တစ်လက်ကို မြန်မာနိုင်ငံသားနှစ်ဦးနှင့်အတူ မဲဆောက်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် မြန်မာနိုင်ဖက်ခြမ်း ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေသည်။

#TachileikNewsAgency