မန္တလေးတွင် ရဲဝတ်စုံဝတ်ထားသူ ပါဝင်သည့် လူတစ်စုက ပန်းထိမ်ဆိုင်ကို စစ်ဆေးမည်ဟုဆိုကာ ဓားပြတိုက်သွား

မန္တလေးတွင် ရဲဝတ်စုံဝတ်ထားသူ ပါဝင်သည့် လူတစ်စုက ပန်းထိမ်ဆိုင်ကို စစ်ဆေးမည်ဟုဆိုကာ ဓားပြတိုက်သွား

မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်အတွင်းရှိ လင်းလက်ဝါ ပန်းထိမ်ဆိုင်ကို အမျိုးသားတစ်ဦး   ရဲဝတ်စုံဖြင့် လာရောက်ကာ စစ်ဆေးမည်ဟုပြောဆိုပြီး ဓားပြတိုက်ကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း  သိရသည်။

၂၀၂၄ ခုနှစ် မတ်လ(၂၈)ရက်နေ့ ညနေ(၅)နာရီတွင် (၂၂)လမ်း၊ လမ်း (၈၉ နှင့် ၉၀)ကြား၊ အကွက်(၁၉၃)သီရိမာလာအရှေ့ရပ်ကွက်ရှိ ပန်းထိမ်ဆိုင်ကို ဒုရဲအုပ်အဆင့်ရှိ ရဲဝတ်စုံဝတ်ထားသူတစ်ဦးနှင့် လူ(၄)ဦးတို့ ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"ရဲယူနီဖောင်းနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ဝင်လာပြီး ဓားပြ တိုက်သွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒုရဲအုပ်တစ်ဦးနှင့် လူ(၄)ဦးသည် ကားနံပါတ်ပြားကို သင်္ဘောဆေး အဖြူရောင်ဖြင့် ဖျက်ထားသည့် အဖြူရောင် Mark-2 ကားဖြင့်လာကာ ပန်းထိမ်ဆိုင်းအတွင်း စစ်ဆေးမည်ဟုဆိုကာ နေအိမ်(၃)ထပ်အထိ တက်ပြီး ရွှေထည်ပစ္စည်းများဖြစ်သည့် ရွှေလက်စွပ်၊ ရွှေနားစွဲ၊ ရွှေကလစ် တို့အား ယူဆောင်သွားကြောင်း သိရသည်။

ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လာရောက်စစ်ဆေးခြင်းများပြုလုပ်သွားသည်ဟု သိရသည်။

 

ချမ်းအေးသာစံမြို့နယ်၊ (၇၄)လမ်း၊ (၃၁ နှင့် ၃၂)လမ်းအကြားရှိ KBZ ဘဏ်ခွဲ(၄၆)ကို  အမျိုးသား(၃)ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်နက်များကိုင်ဆောင်ကာ ဓားပြဝင်တိုက်ရာ  ငွေကျပ်သိန်း(၂၀၀၀)ကျော် ပါသွားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နေအိမ်များအပြင် ဘဏ်များနှင့် ရွှေဆိုင်များတွင် ဓားပြတိုက်မှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။