ထီးလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း ထီးလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၂၁)ရက်နေ့ မနေ့က မိုင်းခွဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။



ရွှေထီးခန်းမမှ ထွက်ခွာလာသော အင်းအား(၁၀၀)ကျော်ပါသည့် ၎င်းစစ်ကြောင်းကို သရခါကျေးရွာ အရှေ့တောင်ဘက် ဂျီချောင်းအနီးတွင် YRA (ထီးလင်း)မှ မိုင်း(၃)ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



မိုင်းခွဲခံရပြီး‌နောက် ထီးလင်းမြို့ဘက်မှ ဖောကားတစ်စီးလာရောက်ကာ အလောင်းများနှင့် ဒဏ်ရာရသူများကို မြို့ပေါ်သို့ တင်ဆောင်သွားခဲ့ကြောင်း YRF ထီးလင်းက ယနေ့ဇွန်လ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



ဇွန်လ(၁၄)ရက်နေ့ကလည်း ထီးလင်းမြို့မှထွက်လာသော ခလရ (၅၀)လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အုန်းတွဲကျေးရွာတွင် ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊ ၁၆၊ ၁၇) YRA ထီးလင်းနှင့် မဟာမိတ် KKG ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့သေးသည်။



အဆိုပါတိုက်ခိုက်မှုအတွင်း YRA(ထီးလင်း)မှ တပ်စုမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရပြီး တစ်ဦးပျောက်ဆုံးကာ ရဲဘော်တစ်ဦးနှင့် ပကဖ ရဲဘော်နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။



#TachileikNewsAgency

Photo : Yaw Revolution Army-ထီးလင်း